Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Field ထဲက Feel (4) ခဲနဲ့ပေါက်

Shwe EiAugust 25, 20111min3367

နောက်တနေ့ကစပြီး ကျွန်မတို့ဝန်ထမ်းများ (ရန်ကုန်သား၂ယောက်၊ နယ်ခံ၈ယောက်) ကျွဲကျောင်း၊ ဘဲကျောင်း၊ ဝက်စာကျွေးရပါတယ်။ ကျွန်မတို့မိန်းကလေး၂ယောက်ကတော့ ဘိုကလေး ခဏရောက်နေလို့ လွတ်သွားပါတယ်။

ပြန်လာတော့ ဝေခြမ်းရေးလက်စသတ်ရပါတယ်။ အပ်ချုပ်စက်ဝေတယ်၊ ငါးဖမ်းပိုက်ဝေတယ်၊ လှေဝေတယ်။ မိုးဦးကျစဆိုတော့ မိုးယိုပေါက်အပြည့်နဲ့ ရုံးခန်းထဲမှာ ဖြစ်သလိုနေရင်း အလုပ်ပြီးအောင်ဘဲ ကြိုးပမ်းရပါတယ်။ ဒါပြီးရင် တံတားဆောက်၊ လမ်းပြင်ကိတ်စတွေရှိသေးတာကိုး။

ကျွန်မနဲ့မလေးအမကတော့ တနေကုန်ပင်ပန်းထားသမျှ ညနေစောင်းတာနဲ့ တီရှပ်တထည်၊ ဘောင်းဘီတိုတထည် ကောက်စွပ်ပြီး ချောင်းထဲခုန်ဆင်းတာဘဲ။ ဆားငန်ရေနဲ့ရေချိုးပြီးရင် အမောတွေအကုန်ပြေ မှတ်တယ်။ ရုံးပြန်ရောက်တာနဲ့ အိမ်ရှေ့အိမ်က ကြီးတော်ကို ညစာဘာချက်လဲမေးရင်း တလက်စတည်း သူချက်ပြီးသား အိုးတွေခွက်တွေသွားမပြီး ထမင်းဝိုင်းပြင်တာဘဲ။

အဲဒါပြီးရင် ဘောလုံးကန်သွားကြတဲ့ကောင်လေးတွေ အကုန်လုံးရယ် ရွာစဉ်လှည့်ပြီးအတင်းတုတ် အဲလေ စကားပြောရင်း စနည်းနာရင်း လျှောက်သွားနေတတ်တဲ့ ကန်ဘောဒီးယားသားရယ် ပြန်အလာကိုစောင့်ပြီး ထမင်းစားကြပါတယ်။ ညနေစာထမင်းဝိုင်းကိုတော့ တိုင်ပင်ထားစရာမလိုဘဲ လူစုံမှစားကြတဲ့ အကျင့်ရှိပါတယ်။
ပြီးတော့ ကောင်လေးတွေက ရွာထဲက ကာလသားတွေနဲ့အတူ ကာရာအိုကေဆိုဖို့ ဒါမှမဟုတ် ပုလင်းထောင်ပြီးဝိုင်းကြဖို့ ခြေလှမ်းပြင်ပါတယ်။

အဲလိုမပြင်ခင် ကျွန်မပိုင်ပစ်စည်းဖြစ်သော်လည်း ဘုံသုံးကြတဲ့ တချပ်ထဲသော ကျောက်ပြင်နဲ့ သနပ်ခါးတုံးပိစိကွေးကို အားရပါးရဝိုင်းလိမ်းကြပါသေးတယ်။ သူတို့အကုန်လုံး အလျှိုလျှိုထွက်သွားကြပြီးရင်တော့ ကျွန်မတယောက်ထဲ မီးစက်နိုးချိန် မပြည့်ခင် (ညနေ ၆နာရီမှ ည၁ဝနာရီ ) စာရင်းတွေပြီးအောင်လုပ်ရင်း ကျန်ခဲ့ရပါတယ်။ ပုံမှန်ည ၁ဝနာရီကျော်မှ အိပ်ရာဝင်ပြီး မနက် ၆နာရီဆို နိုးနေတတ်တာကတော့ အကျင့်တောင်ဖြစ်နေပါပြီ။
မိုးလင်းတာနဲ့ အလှူရှင်ရဲ့ဒါနမြောက်အောင် ခေါက်ဆွဲပြုတ်ကို ဂတ်စ်မီးဖိုနဲ့ပြန်ကြော်ပြီး ကော်ဖီနဲ့သောက်ကြပါတယ်။

မနက်စာကတော့ ကောင်လေးတွေတာဝန်ယူပါတယ်။ ကျွန်မက ကော်ဖီခွက်ကိုင်ပြီး စောင့်နေရုံပါဘဲ။ တခါတရံတော့ ရုံးနားကမုန့်ဟင်းခါးဆိုင်လေးမှာ ဝယ်စားပါတယ်။ သူတို့ဆိုင်ကလည်း အရင်းရှိတဲ့နေ့ဖွင့်ပြီး မရှိတဲ့နေ့ မဖွင့်ဆိုတဲ့ဆိုင်မျိုးမို့ နေ့တိုင်းအားကိုးလို့မရပါဘူး။
မနက်စာကိတ်စပြီးရင် ထုံးစံအတိုင်း ရွာစဉ်လှည့်ပြီး ပျိုးခင်းစစ်၊ လမ်းပြင်တာဘယ်လောက်ပြီးသလဲစစ်၊ တံတားဆောက်တာဘာတွေလိုသေးလဲစစ် စတာတွေလုပ်ဖို့ တာဝန်ကျရာ ရွာတွေကို ကျွန်မတို့ ဝန်ထမ်းတွေ ကိုယ်စီထွက်ကြရပါတယ်။ ကျွန်မကတော့ ပိုက်ဆံပေးစရာရှိတာတွေ စာရင်းနဲ့တကွ ပေးလိုက်ပြီးရင် ကိန်းဂဏန်းတွေနဲ့ ကျန်ခဲ့ပြန်တာပါဘဲ။အေးအေးချမ်းချမ်းဖြစ်သွားပြီလို့တော့မထင်လိုက်ပါနဲ့အုံး။ ကျွဲတွေ လာမယူကြသေးပါဘူး။ သေးလွန်းလို့မကြိုက်ဘူးဆိုပြီး ကိုယ့်ရွာမှာသောင်တင်နေတာတပတ်လောက် ရှိပါပြီ။

ပြီးခဲ့တဲ့ ၂ညလောက်ကလည်း ညဘက်ကြီး ၁ဝနာရီကျော်မှ ရုံးကိုခဲမိုးရွာတာခံလိုက်ရသေးတယ်။ ကျွဲကိတ်စမကျေနပ်လို့တဲ့။ ကံကောင်းလို့ သဂျီးကယ်ပေလို့။ ကျွန်မတို့ရုံး ခဲပေါက်ခံရမှန်းသိတာနဲ့ ရုံးရှေ့မှာ ဘယ်ကရောက်လာမှန်းမသိတဲ့ ပတ်တလားကြီးတလုံးချပြီး သဂျီးအပါအဝင် လူ၅ယောက်လောက် သီချင်းတွေ အော် အော်ဆိုလိုက်ကြတာ ခဲလဲကျမလာတော့ပါဘူး။ ကိုယ်ကတော့ ကြောက်တာနဲ့ အိပ်မပျော်တော့ ဖျော်ဖြေရေးအဖွဲ့ကို အားပေးရင်း မိုးလင်းသွားပါတယ်။ ကိုယ်နေတဲ့ရွာက ကျေးရွာအုပ်စု (၂၇) ရွာအပိုင်စားရတဲ့ သဂျီးနေတဲ့ရွာ ဖြစ်နေလို့သာဘဲလို့ တွေးပြီးသက်ပြင်းချမိပါတယ်။

ဆက်ရန်
Shwe Ei
25th Aug 2011

7 comments

  • မီးမီး သော်

    August 25, 2011 at 12:48 pm

    ခဲမိုးတွေရွာတယ်။အမလေးနော် ကြောက်စရာကြီး။ခုချိန်ထိတော့ ကျေးရွာဒေသတွေမှာ ခဲဖိုးပေးတယ်ဆိုတာရှိသေးတယ်။ကြားဖူးကြမယ်ထင်ပါတယ်။မင်္ဂလာဦး ညမှာ အိမ်ကိုခဲမကျရလေအောင် ရွာကာလသားတွေကို ခဲဖိုးပေးကျေအေးရတယ်လေ။နို ့မဟုတ်ရင် မလွယ်ဘူးးးး

  • pooch

    August 25, 2011 at 1:04 pm

    ဖြစ်မှဖြစ်ရလေ ရွှေအိရယ် … တော်သေးတာပေါ့ သဂျီးကယ်ပေလို့ … ဪ….ဒါမျိုးတွေလည်း ရှိသေးတာကိုး…

  • hmee

    August 25, 2011 at 1:19 pm

    အော်..သူတို့ အဆင်ပြေအောင် လုပ်ပေးတာတောင်မှနော်။ ကျွဲသေးတာက ကိုယ်မွေးထားတာလည်းမဟုတ်လို့ ဘာတတ်နိုင်မှာလဲနော်။ တော်သေးတာပေါ့ ခဲမိုးရွာလို့ ကံကောင်းလို့ လောက်စလုံးမိုးရွာရင် မလွယ်ဘူး။

  • မီးမီး သော်

    August 25, 2011 at 1:38 pm

    ၂ရ ရွာ အပိုင်စားရတဲ ့သူကြီးနေတဲ့ရွာ မို ့လိုသာပေါ့။သူကြီးကို Kai နေတဲ့ လော့စ်အိန်ဂျယ်လိစ် ဆိုတဲ့ရွာမှာဆိုရင်တော့ ဗုံးမိုးတွေ သေနတ်ကျဉ်ဆန်မိုးတွေရွာ မလား မသိဘူးနော်???

  • Shwe Ei

    August 25, 2011 at 3:00 pm

    နောက်တော့လည်း အဲဒီကျွဲတွေကိုမှ မယူရင်ဘာမှထပ်မရတော့မှန်းသိလို့ လာယူသွားကြတာပါဘဲရှင်။
    ကိုယ်တွေကတော့ ကျွဲကျောင်းခတို့ ဝက်စာဘဲစာကျွေးခတို့ အိတ်စိုက်လိုက်ရတာပေါ့။ ရုံးအလုပ်တဖက်နဲ့ ကျွဲလိုက်ကျောင်းဖို့လည်း ရေရှည်မလုပ်နိုင်ဘူးလေ။ ကျွဲဝယ်လာတဲ့ ၂ယောက်လဲ သုံးစားမရတဲ့ကျွဲကိုမှ ရွေးဝယ်တဲ့အမှုနဲ့ Warning ထိသွားပါတယ်။

  • ကြောင်ကြီး

    August 27, 2011 at 11:46 am

    ပတ္တလားတီးပြီး သူကြီးနဲ့အဖွဲ့ သီချင်းအော်ဆိုပေးတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ လက်နက်တွေနဲ့ လာစောင့်၊ အသံချဲ့စက်နဲ့ မလုပ်ဖို့ လာစောင့်ပေးတာကိုပြောတာလား..။ နောက်တခါ ကျွဲဝယ်ရင် သစ်တောမှာ သုံးမရတဲ့ ဆင်ပိန်လေးတွေရှာဝယ်၊ ဆင်ပိန်ရင်ကျွဲလောက်တော့ရှိတယ် ဆိုတာကြားဖူးတယ် မဟုတ်လား။။

  • Shwe Ei

    August 27, 2011 at 2:42 pm

    အဲ၊ သီချင်းတကယ်ဆိုတာ အူးကြောင်ရဲ့။ သဂျီးက သူရှိကြောင်းနဲ့ သူကျွှန်မတို့အဖွဲ့ကို စောင့်ရှောက်ပေးနေတဲ့ အကြောင်း သွယ်ဝိုက်သောနည်းနဲ့ ပြလိုက်တာ။
    အကြမ်းနည်းမသုံးဘူး။ သုံးစရာလည်းမလိုဘူးလေ။ ကိုယ့်လက်အောက်က ရွာသားတွေဘဲကို။

Leave a Reply