မြသဲ ( 17082011 )April 7, 20141min67138
အခုတလော ပြောချင်နေတဲ့အကြောင်းလေးရှိနေပါတယ်။ ပြောချင်တာကတော့ ကလေးတွေရဲ့အချိန်ခိုးခံ နေရတယ်ဆိုတဲ့အကြောင်းလေးပါပဲ။ ခိုးယူသူတွေကတော့ ကလေးတွေရဲ့မိဘတွေကိုယ်တိုင်ပဲဖြစ်နေပါတယ်။ :cryy: ကျွန်မတို့ငယ်ငယ်တုန်းက ကျောင်းဆိုတာ တခုတည်းပဲရှိခဲ့ပါတယ်။ အစိုးရကျောင်းပေါ့။ အပြင်ကျောင်းဆိုတာ အိပ်မက်တောင်မမက်ဖူးပါဘူး။ အဲဒီအစိုး ရကျောင်းမှာတက်နေတာဟာ အရမ်းကိုပျော်စရာကောင်းပါတယ်။ စိတ်ဖိစီးမှု့ဆိုတာကလေးနဲ့မဆိုင်ပါဘူး။ ကလေးဆိုတာလွတ်လပ်ပျော်ရွှင်ရမယ်ဆိုတဲ့ လူကြီးမိဘဆရာသမားတွေရဲ့ခံယူချက်နဲ့ လွတ်လွတ်လပ်လပ် အပူအပင်ကင်းကင်းကြီးပြင်းခဲ့ရပါတယ်။ မနက်ကျောင်းသွားရင်လဲ လူကြီးမပါပါဘူး။ နီးစပ်ရာ အိမ်နီးချင်းတွေစုပြီးလမ်းလျှောက်ကျောင်းသွားကြပါတယ်။ လမ်းမှာထင်ရာမြင်ရာဆော့ရင်း ( အင်္ကျ ီအဖြူပေမစိုးလို့ အရမ်းတော့မကမြင်းရဲပါဘူး ) ကျောင်းကိုရောက် အောင်သွားကြပါတယ်။ အဲကျောင်းဆင်းပြီဆိုရင်တော့ အိမ်ကိုခွင့်တောင်းခဲ့တဲ့နေ့ဆိုရင်အိမ်မပြန်ပါဘူး။ ကျောင်းမှာပဲ လွယ်အိပ်ကလေးဘေးချလု့ိဆော့ကြပါတယ်။ ခွင့်မတောင်းခဲ့တဲ့နေ့ဆိုလဲ ပြန်ရင်းလမ်းတလျှောက်ဆော့သွားပါတယ်။ ပွဲဈေးရှိရင်လဲ တဆိုင်ဝင်တဆိုင်ထွက် ဝယ်ခြမ်းစားသောက်ပြီးမှပြန်ပါတယ်။ ဘာမှမရှိတဲ့နေ့ဆိုရင်တော့ အိမ်ရောက်တာနဲ့ လွယ်အိပ်ကလေးဘုန်းဆိုချ၊ အိမ်နားကကလေးတွေနဲ့ ဆော့ပါ တယ်။ အေးတဲ့ဒေသဆိုတော့ ကျောင်းဆင်းရင်ရေချိုးစရာမလိုပါဘူး။ နောက်ညစာစားပြီးမှ ကျောင်းကအိမ်စာလုပ်၊ စာကျက်ပါတယ်။ စနေတနင်္ဂနွေလဲထိုနည်းလည်းကောင်းဆော့ပါတယ်။ […]