ဂန္တဝင်မြောက် နှုတ်ခမ်းပါးက မှော်ဆန်တဲ့ မင်းအပြုံးတွေဟာ အခုတော့ ငါ့ကိုလွမ်းတေးဖွဲ ့စေခဲ့ပြီ……. မျှော်လင့်မထားတဲ့ မင်းရဲ ့ရင်ဝှက်ဓားက ငါ့ရင်တံခါးကို ကျိုးပျက်စေခဲ့ပြီ… အပြင်မှာ.  မှောင်သလား လင်းသလား…???? မကွဲပြားတော့ဘူး။ နေထွက်၊နေဝင် ကျွန်တော်နဲ ့မသက်ဆိုင်သလို… မေ့ကို စွဲလမ်းမှုဟာ ကော်ပီသီချင်းမဟုတ် နီကိုတင်းမဟုတ် အဓမ္မမှုမဟုတ်ပေမယ့်….????? နောက်လူတွေ ဘာသာပြန်ဖို ့ ထားပေးခဲ့ရင်း…. ကျွန်တော်ကတော့  အထီးကျန်ဆန်ခြင်းကို ဘဝမှတ်လို ့ အနာဂတ်ကို အမှတ်တမဲ့နဲ ့……. ခရီးဆက်နေဆဲ…………။ ဘဝဆိုတာသာ ကိုယ်ရေးချင်တာရေးပြီးပြန်ဖျက်ခွင့်ရှိတဲ့ Whiteboard တစ်ချပ်ပေါ်က မှင်စက်တွေဖြစ်ခဲ့မယ်ဆိုရင် ငါရေးထိုးခဲ့တဲ့ ငါ့သမိုင်းကြောင်းကို ပြန်ချေဖျက်ခွင့်ရချင်တယ်……. ဘယ်သူမှ မဖိတ်ခေါ်ဘဲ ငါဝင်ရောက်လာခဲ့သလို ဘယ်သူ ့ကိုမှနှုတ်မဆက်စေဘဲ ငါ့ကိုပြန်ထွက်ခွာခွင့်ပြုပါ. မေ……….


ချစ်သူအကြောင်း မြို့ကြီးကိုပြောပြတော့ ဒဏ်ရာအနာတရနေရောင်ခြည်အောက်က အလွမ်းတွေထည့်ခပ်ထားတဲ့ရေတွေတောင် ပွက်ပွက်ဆူကုန်တယ် သတိရစိတ်က မီးလျှံငှက်တစ်ကောင်လေ သူထ, ထပျံလိုက်တိုင်း သောကဖုန်တွေနဲ့ အတော်ကြာအောင် အနည်မထိုင်ဖြစ်နေခဲ့ရတာ ငါပေါ့ ဖုန်းတွေကို အားကိုးမရတဲ့နေ့ အိပ်မက်တွေသာ ဝေးဝေးရောက်သွားတယ် ငါတို့ အသံတွေကတော့ ဆွံ့အခဲ့ရ အလွမ်းစွန် အဆွေးအဖျားမှာ ချစ်သူ့နာမည်ကို တိုးတိုးတမ်းတမိတော့ လိပ်ခွေနေတဲ့ ပက်ကြားအက်လမ်းမတွေက လှောင်ရယ်, ရယ်တယ် ဒေါသနဲ့ တံတွေးတစ်ချက်ထွေးလိုက်မိတော့လည်း ငါပဲ ပူလောင်ခြင်းတွေ ရွှဲရွှဲစိုရပါလေရော ချစ်သူရေ… ချစ်စိတ်တွေ အညောင်းမိနေပုံက နာရီလက်တံတွေလည်း နှေး နားထောင်နေကျ သီချင်းတွေလည်း တစ်မျိုးကြီးဖြစ်နဲ့ ကဗျာတွေပဲ ငေါက်ခနဲထထိုင်တယ် နောက်ဆုံးတော့ ငါလေ ဝေဒနာပြမြို့ရိုးမှာ အစိမ်းဖန့်ဖန့် လွှင့်လို့ အလွမ်းဆိုတဲ့ စာလုံးပေါင်းကို အချစ်နဲ့ ထုစစ်နေလိုက်တော့တယ်။ (ဒါက ကဗျာတပုဒ် ဆောင်းပါး […]