kaiMarch 12, 20117min45921
အယ်လ်အေတိုင်မ်း မှာပါတဲ့အောက်က ဆောင်းပါးလေး တင်ပေးထားပါတယ်..။ လော့စ်အိန်ဂျလိစ်ဟာလည်း ငလျှင်ဒေသဖြစ်တာမို ့..ဂျပန်တွေဆီက အတုယူစရာလေ့လာစရာတွေ ယူကြဖို့ တိုက်တွန်းဆောင်းပါးပါပဲ..။ ပြောရရင် မြန်မာပြည်လည်း ငလျှင်နဲ့ မလွတ်တာမို ့ … ဘာတွေလုပ်ကြမလည်း ပြင်သင့်သလည်း ဆွေးနွေးနိုင်ကြဖို့ပါ။ ရန်ကုန်။ ပဲခူး၊ မန္တလေး၊ ပုဂံတွေဟာ ငလျှင်ကြောပေါ်မှာရှိပါတယ်..။ ကမ္ဘာ့အကြီးဆုံး နံပါတ်စဉ် ရ ချိတ်တဲ့ ဂျပန်ငလျှင်မှာ သေသူအရေအတွက် တက်လာနေပေမဲ့.. အခုထိ ၁သောင်းမပြည့်သေးပါဘူး။ ၂၀၀၄ ခုနှစ် လူ၂သိန်း၃သောင်းသေကြေခဲ့တဲ့ အင်ဒိုနီးရှားငလျှင်-ဆုနမိနဲ့ နှိုင်းယှဉ်နိုင်ဖို့ပါ။ ဒါဟာ ဘာကိုပြသလည်းဆိုတော့ .. ကြိုတင်ပြင်ဆင်မှုတွေဟာ လူအသက်သောင်းပေါင်းများစွာကို ကယ်နိုင်တယ်ဆိုတာပါပဲ..၊ အသက်ညဏ်စောင့်ဆိုတာ အဲဒါပါပဲ..။ ဘာတွေလုပ်ထားနိုင်သလည်း..လုပ်သင့်သလည်း ..ဒီမှာရေးပေးကြပါလို့နော…။ အဲ.. ဘုရားသွားပြီး မြေစောင့်ဘုမ္မစိုးနတ်ကြီးကို မေတ္တာနာနာပို ့မယ်.. ဆုတောင်းမယ်တော့ မလုပ်ကြပါနဲ့..နော..။ […]


kaiMarch 11, 20112min74118
ဂျပန်မှာ ငလျှင်အကြီးအကျယ်လှုပ်နေပါတယ်။ ၈.၉ လို့ လိုက်ဖ်သတင်းမှာရေးထားပြီး .. ဆုနမိလှိုင်းတွေ အိမ်တွေ၊ကားတွေတိုက်ချသွားတာ ပြနေပါတယ်..။ ဆုနမိဟာ ထိုင်ဝမ်၊ ဖိလစ်ပိုင်တို့ကိုလည်း ဝင်နိုင်ခြေရှိတာမို ့အဲဒီက မြန်မာတွေလည်း သတိကြီးစွာထားကြပါလို့..။ ဂျပန်မှာနေကြတဲ့ မြန်မာများ ဘေးကင်းကြပါစေ။ သက်ဆိုက်ရာနယ်တွေနဲ့ တိုကျိုမှာနေကြတဲ့ မြန်မာတွေ မိမိတို့မိသားစုနဲ့ အသိမိတ်ဆွေသတင်းတွေ ချက်ချင်းတင်ပေးကြစေလိုပါတယ်။ မြန်မာပြည်နဲ့ ကမ္ဘာအရပ်ရပ်က မိတ်ဆွေ ဆွေမျိုးတွေ စိတ်မပူရအောင်လို့ပါ..။ A massive earthquake has hit the northeast of Japan triggering a tsunami that has caused extensive damage. Japan’s TV showed cars, ships and even buildings […]