စဆရ ႀကီးOctober 18, 20111min2717
ငယ်စဉ်ကာလ ဖြတ်သန်းခဲ့ပုံများကား အတော်လေးပင် မချောမွေ့လှဟု မိမိကိုယ်မိမိ ထင်မိသည်။ ပြင်ပတွင်နေထိုင်သူများ စားလှသည့် ကြမ်းလှပါသည်၊ ညံ့လှပါသည်ဆိုသောဆန်မှာ ဝန်ထမ်းများအား ပေးဝေသောဆန်နှင့်ယှဉ်လိုက်လျင် အလတ်ကြီးရှိနေသေးသည်ကို ဝန်ထမ်းဆန် စားဖူးသူများသာ သိရှိနိုင်ကြမည်ဖြစ်သည်။ ငယ်စဉ်တောင်ကြေး ကလေးဘဝက စားခဲ့သောဆန်များအကြောင်းကို ယခုအချိန် ဆန်မစားတော့သောအခါမှ များစွာ အမှတ်ရခြင်းဖြစ်လေတော့သည်။ မြန်မာပြည်ပြန်ရောက်သောအခါ ဖိတ်ခေါ်ကျွေးမွေးသော ထမင်းဝိုင်းများတွင် စားရသည့် ဆန်ချော၊ ဆန်သန့်များကို စားသုံးရသည့်အခါတွင်မတော့ ကျင့်သားရနေသည့်လျှာက အရသာထူးလှသည်မရှိဘဲ ဝမ်းတင်းတိမ်ခြင်းငှာလည်း မဖြည့်စွမ်းနိုင်သည့်အတွက် ဆင်းရဲသားဇာတာပါသည်ဟု ပြောကြသည့်အတိုင်း ဆန်ကြမ်းများကို စားမှသာ တင်းတိမ်ခြင်းဖြစ်တော့သည်။ ယခုနောက်ပိုင်းတွင်တော့ ဝန်ထမ်းသက်သာဆန်များကို မပေးတော့သည်မှာ အတော်လေးကြာပြီဖြစ်သောကြောင့် မသိရှိသေးသူများ ဗဟုသုတအလို့ငှာလည်းကောင်း၊ အမှတ်တရ ဘဝအကြောင်း လွမ်းဆွတ်တမ်းတခြင်းအနေဖြင့်လည်းကောင်း ရေးသားခြင်းပြုလိုက်ရပါသည်။ အစိုးရဝန်ထမ်းသားသမီး တစ်ဦးဖြစ်သည့်အားလျော်စွာ မိဘများအား သားသမီးများကပါ ပါရမီဖြည့်ပေးနေရသကဲ့သို့ဖြစ်သည်။ တစ်ဆင့်မြင့်ရာထူးသို့ရောက်ရှိလာခဲ့သည့် […]