စဆရ ႀကီးJanuary 9, 20141min2205
သူများတွေ ဟက်ပီးနွားရူးရီးယားဟုအော်သံကြားလိုက်ရလေသည်။ ကိုရင်စိုင်းတစ်ယောက် ဆိုင်ရှေ့မှ လူတန်းရှည်ကြီးကိုတစ်ချက်ကြည့်လိုက်၊ ဆိုင်ထဲမှ ပျာယာခတ်နေကြသော ဝန်ထမ်းများအား ချွေးတစ်လုံးလုံးဖြင့် လိုက်လံစီမံခန့်ခွဲနေရင်းမှ ခဏတာရပ်လိုက်ပြီး နှုတ်ဖျားမှ အသံမထွက်ပဲ ခပ်ဖွဖွလေး ရေရွတ်လိုက်ပါ၏။ နှစ်သစ်မှာ အစဦးဆုံးတောင်းတဲ့ဆုပေမလား၊ ကောင်းမယ်ထင်တာလေးပေါ့.. “ပျော်ရွှင်စရာများ ဆောင်ကြဉ်းပေးမည့် နှစ်သစ်မင်္ဂလာဖြစ်ပါစေသား..” ဟုသာ။ ++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++ ိ ကိုရင်စိုင်းတစ်ယောက် တစ်မြေရပ်ခြားတွင် နှစ်ပေါင်းအတော်အတန်ကြာပေပြီ။ အိမ်မြှောင်မဟုတ်သည့် နိုင်ငံမြှောင်များဟုလည်းတစ်ချို့က ဆိုကြသေးသည်။ ဆိုချင်လဲ ဆိုလောက်စရာပင်၊ သူများနိုင်ငံတွေမှာ သူများလူမျိုးတွေ ကောင်းစားနေတာကို စိ်န်နားကပ်ရောင်နှင့် ပါးပြောင်နေရသည့်ဘဝ၊ ဆင်ဖြူတော်မှီပြီး ကြံစုပ်နေရသည့်ဘဝတွင်မတော့ မဝရေခမ်း သူတို့ဂုဏ်တက်စေမည့် အထိမ်းအမှတ်နေရာကြီးများကို နောက်ခံထားပြီး စပ်ဖြီးဖြီးပုံကြီးများရိုက်ပြီး ငါကွ.. ဟု ဓါတ်ပုံများရိုက်ပြီးလည်း ကြွားရမည်မည်ကို ရှက်လွန်းလှပေသည်။ သူတို့တွေ တိုးတက်သည်ကို အားကျရင်းဖြင့်သာ ငါ့မြေ၊ ငါ့ရေမှာများ ဒီလိုခေါင်းဆောင်ကောင်း၊ […]