ပထမနေ့ ရဲ့ အဖွင့်အစီအစဉ်နဲ့တင် ကျုပ်တော့နည်းနည်းဖြုံသွားပြီး ဒီပုံဆိုမဖြစ်ချေ  ရောက်ရောက်ချင်းဆောက်နဲ့ထွင်းဆိုသလို သူတို့က ဆောက်နဲ့ထွင်းနေတာမဟုတ်ပဲ ပုဆိန်တွေနဲ့ပေါက်နေသလားအောင်း မေ့ရတယ်ဗျ  ကျုပ် အလုပ်ဆက်ဆင်းဘို့ မဆင်းဘို့ စဉ်းစားနေရတယ် ဒီလိုကြီးနေတိုင်းဖြစ်နေကြတာလား ပြသနာတော့ တစ်ခုခုရှိလေမည် ကျုပ် အိမ်ကထွက်လာပြီး အလုပ်ထဲမဝင်သေးဘဲ စက်ရုံလမ်းထိမ်ကလက်ဖက်ရည်ဆိုင်ထိုင် နေလိုက်တယ် သွားရင်ကောင်းမလားမသွားရင်းကောင်းမလား အိုကွယ်ဘာပဲဖြစ်ဖြစ်သွားချေမှကောင်းမယ် တစ်ရက်နဲ့အလုပ် ထွက်တယ်ဆို သူငယ်ချင်းတွေကြား ပြောရတာအတော်မကောင်းတဲ့အဖြစ်တော့ အဖြစ်မခံနိုင် ကျုပ်လဲ ဘာပဲဖြစ်ဖြစ် စွန်လွှတ်စွန်းစာတဲ့စိတ်နဲ့ ခပ်တည်တည်ကြိတ်ရတော့မှာပဲလေ… ရုံးပေါ်ရောက်တယ် ဆိုရင်ပဲ အိတ်ကလေးအသာချပြီး စာရေးမတွေမျက်နှာလိုက်ကြည့်မိတယ် အေးဆေးပဲ ရေမွှေးသယ်ကြီး ကတော့မလာသေးပါဘူး.. ““အကို မနေ့ က တော်တော်လန့်သွားလား” ““မလန့်ပါဘူးဟာ..နင်တို့ကိုမျက်နှာပူလို့ပါ”” “အောင်မလေးဒါက ..နေ့တိုင်းဖြစ်နေကျလေ”” ““ကျမတို့ကတော့အေးဆေးပဲ..အခုတောင်သူ့အကြောင်းပြောနေတုံးအကိုရောက်လာတာ”” ““အေးဟာနင်တို့ကနေ့တိုင်ရန်ဖြစ်နေမှာလား….ငါမနေတတ်ဘူးဟ”” ““အဲလိုပဲ အကိုရေး ရောက်လာတဲ့ယောကျားလေးတွေပြေးတာပဲ မ ယုံအကိုအံဆွဲထဲကဖိုင်မှာရှာကြည့်”” ကျုပ်အံဆွဲထဲ […]


ဒီလိုနဲ့ ကျုပ်လဲဆုံးဖြတ်လိုက်တယ် အပြင်မှာ အေးဂျင့် လုပ်နေတာထက်စာရင် ကုမ္ပဏီ တစ်ခု မှာ တည်တည်ငြိမ်ငြိမ် ထိုင်ပြီးလုပ်တာကောင်းတယ်လို့လဲစဉ်းစားတယ်လေ ဒီအန်တီကြီးရဲ အခြေအနေက ကိုယ်နဲ့ အတူအလုပ်တွဲလုပ်နေ ချိန်အထိတော့ ဘာမှ ပြဿနာ မရှိပေမယ် နောင် အတူတွဲလုပ်ခါမှ ဘာ်လိုပြဿနာတွေ တွေ့လာမယ် မသိရဘူးဗျ ဒါပေမယ့် လူတစ်ယောက်ဟာ ထက် ငှက်တစ်ကောင်တောင် သူဥခွံထဲမှာ ကြာကြာမနေ့ပဲ ပြင်ပလောကကိုဖေါက်ထွက် လာနိုင်ရဲသေးတာပဲ ကျုပ်တို့က လူတွေဆိုတော့ တိုးတက်မယ်ထင်တဲ့လမ်းစ ကိုလိုက်ပါရမှာပဲလေ…။။ ““ဟယ်လို..အန်တီလား  ”” ““အေး …ငါမောင်ပြောကွဲ့…မင်း အင်တာဗျုးလာမှာလား အန်တီပြောထားတယ်ကွဲ့”” ““ကျွန်တော် အခုလာလိုက်မယ် အဆင်ပြေလား ”” ““လာခဲ့လာခဲ့ အန်တီ မပြန်သေးဘူး””” အဲဒီနေ့က စနေနေ့ ဗျ ကျုပ်လဲ ဆုံးဖြတ်ချက်တစ်ခု ချရင်းဖုန်းဆက်လိုက်တာပဲလေ ဒါနဲ့ကျုပ်လဲ […]


*******                               **********             ************             *********** ဒီလိုနဲ့ပဲ ဒီအန်တီနဲ့ ပါတ်သက်ပြီးလုပ်လာခဲ့တာ အလုပ်တော်တော်များပါတယ် သူကုမ္ပဏီက အနည်းဆုံတစ်လကို ငါးလုံးလောက်အထုတ်အသွင်းရှိတယ်လေ အတန်ငယ်ရင်းနှီးလာတော့ သူကြောင်သေးနံ့ကို သီးခံတတ်လာပါတယ် ဒါပေမယ် အနီးကပ် ရင်းနှီး လာတော့မှ  ပါးစပ်က အနံပါ ထပ်တိုးခံစားရတော့ တာပါပဲ  တစ်နေ့တော့ သူကို အကြံပေး မိတယ်ဗျ ..။။ ““အန်တီ ဝန်ထမ်းခန့်လိုက်ပါ့လား နောက်မို့ ကျွန်တော့် ရှာရတာ အလုပ်တစ်ခုဖြစ်နေတယ်”” ““ခန့်ချင်တာပေါ့ ကွယ် ဒါပေမယ့် ခန့်လိုက်တိုင်းဝန်ထမ်းကမမြဲဘူးကွဲ့ ”” ““အော် ..ဒီလိုလား လစာကောင်းကောင်းပေးလိုက်ပေါ့ ”” ““လစာကောင်းလဲ မမြဲဘူးကွဲ့  ဒီလို့ဘဲ ထွက်ထွက်သွားကြတာ”” ကျွန်တော်သိတာပေါ့ သူကလဲ ဂွတီးဂွကျရယ် သူ့  သူဌေးလုပ်သူကလဲ ဘယ်လောက်တောင် အပေါက်ဆိုးနေလဲမှမသိတာ ကုမ္ပဏီ တစ်ခုရဲ့Shipping […]


ကျွန်တော့ ..ကျေးဇူးရှင်..။။။ လက်တစ်ဖက်က ပလပ်စတစ် ကိုင်းပါတဲ့ အိတ်အဖြူကြီးတစ်လုံးလက်မှာဆွဲလို့  အဲဒီအိတ်ကြီးကလဲ ကိုင်းတစ်ဖတ် ပြတ်နေသေး အဲဒီကိုင်းပြတ်နေတဲ့ အိတ်ကြီးထဲကို လေ့လာကြည့်မယ်ဆိုရင်တော့ ကုမ္ပဏီ တစ်ခုရဲ့ မှတ်ပုံတင်လက်မှတ် တွေ ကိုစုထည့်ထားတာလေ ဆလင်းဘက်အိတ် တစ်လုံးလဲလွယ်ထားသေးတယ် ဆလင်းဘက် ပန်းရောင်က မိုးမိပြီးဖားဥ မည်းမည်းတွေစွဲလို့  ပန်းရောင်မပေါက်ပဲ အနက်နုရောင် ပေါက်နေပြီ မျက်မှန်ပုံမကျပန်းမကျ တစ်လက်တပ်လျှက် မျက်စိတစ်လုံးကလဲ မသိမသာစောင်းနေပါသေးတယ်  မိန်းခလေးတိုင်းနီးပါး ယခင်ကဝတ်တဲ့ အများအခေါ် “ကိုစီ” ပန်းထိုးအနွေးထည် အညိုရောင်ကြီးဝတ်လို့ လူပုံဟန်ကပိန်ပိန် ဆံပင်က မသပ်မရပ် ထမီစွန်တောင်စွဲနဲ့ ရုတ်တရက် ကြည့်မိရင် အနည်းငယ်ဂေါက်နေဟန်တူပါတယ် သူ့အနားကိုတော့ မကပ်လိုက်ပါနဲ့နော် ချွေးနံနဲ့ကြောင်သေးနံနှစ်ခု ပေါင်းဟာ သင့် နှာခေါင်းဝကိုဒုက္ခပေးကြပါလိမ်မယ်…။။။ ကျွန်တော် အဲဒီမိန်းမကြီးကိုရှောင်တယ် သူလာရင်တစ်ခါတစ်ရံပုန်းနေတယ် တစ်ခါတစ်လေတော့လဲ တစ်ခြားအလုပ် တွေရှိလို့ဆိုပြီးငြင်းလွှတ်လိုက်တယ်  […]