ၾကယ္ေလးJanuary 16, 20111min43428
မကြာမီကထုတ်ပြန်ကြေညာလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအမြင်ဖလှယ်ကြဖို့ အရေးကြီးပါသည်။ ယင်းအမိန့်ပြန်တမ်း၏ လက်ငင်းရလဒ်မှာ ဆန့်ကျင်ဖက်သဘောထားနှစ်ရပ်ကို သက်ရောက်မှုရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် အာဏာလက်ရှိ စစ်အစိုးရကဲ့သို့ပင် နောင်ဖြစ်ပေါ်လာမည့်  စစ်တပ်ဦးစီး အရပ်သားအစိုးရသည်လည်း ပြည်သူလူထု၏ လှိုက်လှဲသောထောက်ခံမှုရရှိရန် မလွယ်ကူသေးပါ။ ထို့အပြင် တပ်မတော်သားများ၏ ထောက်ခံမှု အပြည့်အဝရရှိဖို့ပင် ခဲယဉ်းနေပါသည်။ စစ်ခေါင်းဆောင်များသည် တပ်မတော်သားများအား အမိန့်ဖြင့်တမျိုး နှစ်သိမ့်ချော့မြူခြင်းဖြင့်တသွယ် အမျိုးမျိုး စည်းရုံးချုပ်ကိုင်တတ်ပါသည်။ ယခုလိုအချိန်မျိုးတွင် စစ်တပ်က်ို အပိတ်သဘောမျိုး ကိုင်တွယ်လျှင် တပ်တွင်းအုံကြွမှုဖြစ်ပေါ်လာနိုင်သည်။ သည်ထက်ပို၍ ပြည်သူလူထုနှင့် တပ်မတော်သားများ ပူးပေါင်းသွားလျှင် သူတို့အာဏာမြဲဖို့အတွက် အခက်ကြုံနိုင် သည်။ သည်အလားအလာကို စစ်ခေါင်းဆောင်ကြီးများက နောကျေပြီးသားဖြစ်သည်။ ယခုကိစ္စမှာ စစ်မှုထမ်းများကို ထွက်ပေါက်ပေးသလိုလိုနှင့် တပ်မတော်နှင့် ပြည်သူအကြား ဒင်္ဂါးပြား တခုကိုဒေါင်လိုက် ချပြလိုက်သည်။ တဖက်ကခေါင်း တဖက်ကပန်း […]