ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအမြင်ဖလှယ်ကြဖို့
မကြာမီကထုတ်ပြန်ကြေညာလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မှန်မှန်ကန်ကန်သုံးသပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးအမြင်ဖလှယ်ကြဖို့ အရေးကြီးပါသည်။ ယင်းအမိန့်ပြန်တမ်း၏ လက်ငင်းရလဒ်မှာ ဆန့်ကျင်ဖက်သဘောထားနှစ်ရပ်ကို သက်ရောက်မှုရှိနေပါသည်။
အဘယ်ကြောင့်ဆိုသော် အာဏာလက်ရှိ စစ်အစိုးရကဲ့သို့ပင် နောင်ဖြစ်ပေါ်လာမည့် စစ်တပ်ဦးစီး အရပ်သားအစိုးရသည်လည်း ပြည်သူလူထု၏ လှိုက်လှဲသောထောက်ခံမှုရရှိရန် မလွယ်ကူသေးပါ။ ထို့အပြင် တပ်မတော်သားများ၏ ထောက်ခံမှု အပြည့်အဝရရှိဖို့ပင် ခဲယဉ်းနေပါသည်။ စစ်ခေါင်းဆောင်များသည် တပ်မတော်သားများအား အမိန့်ဖြင့်တမျိုး နှစ်သိမ့်ချော့မြူခြင်းဖြင့်တသွယ် အမျိုးမျိုး စည်းရုံးချုပ်ကိုင်တတ်ပါသည်။
ယခုလိုအချိန်မျိုးတွင် စစ်တပ်က်ို အပိတ်သဘောမျိုး ကိုင်တွယ်လျှင် တပ်တွင်းအုံကြွမှုဖြစ်ပေါ်လာနိုင်သည်။ သည်ထက်ပို၍ ပြည်သူလူထုနှင့် တပ်မတော်သားများ ပူးပေါင်းသွားလျှင် သူတို့အာဏာမြဲဖို့အတွက် အခက်ကြုံနိုင် သည်။ သည်အလားအလာကို စစ်ခေါင်းဆောင်ကြီးများက နောကျေပြီးသားဖြစ်သည်။ ယခုကိစ္စမှာ စစ်မှုထမ်းများကို ထွက်ပေါက်ပေးသလိုလိုနှင့် တပ်မတော်နှင့် ပြည်သူအကြား ဒင်္ဂါးပြား တခုကိုဒေါင်လိုက် ချပြလိုက်သည်။ တဖက်ကခေါင်း တဖက်ကပန်း အပြန်အလှန်ဇာတ်လမ်းတွေ ရှုပ်သွားအောင် တမင်ဖန်တီးလိုက်ဟန်ရှိသည်။
သို့ဖြင့် တပ်မတော်သားများနှင့် ပြည်သူလူထုအတွင်း ဝိဝါဒ ကွဲလွဲနိုင်သော ဤအမိန့်ပြန်တမ်းကို အချိန်မီထုတ် ပြန်ထားပုံရသည်။ ဤအမိန့်ပြန်တမ်း၏ နောက်ကွယ်ပါ ရည်ရွယ်ချက်ကို ထိထိမိမိအဖြေရှာကြဖို့ လိုမည်ထင်ပါ သည်။ ဖြစ်နိုင်လျှင် တပ်မတော်သားများ၏ အသံများများထုတ်သင့်သည်။ ပြည်သူ့စစ်မှုထမ်းဆိုသည့် စကားရပ်မှာ ယေဘူယျဆန်လွန်းသောအဓိပ္ပါယ်ကိုဆောင်၍ ရုပ်ပြကောင်းသည်။ အပေါ်ယံကြောတွေးလျှင် ဤစကားရပ်နှင့်ပတ်သက်ပြီး တပ်မတော် နှင့်ပြည်သူအကြား အမြင်ကွဲလွဲမှု အလွယ်တကူဖြစ်ပေါ်စေနိုင်သည်။ ထိုအခြေအနေမှာ အာဏာလက်မလွှတ် ချင်သော စစ်ခေါင်းဆောင်ကြီးများ အကြိုက်ဖြစ်သည်။
စစ်မှုထမ်းများဖက်မှ ကြည့်လျှင် စစ်တပ်မှ နှုတ်ထွက်ခွင့်ရလိုသူအများစုရှိနေပြီး ၎င်းတို့အနေဖြင့် စစ်တပ်အင် အားတိုးတက်ရေးကို ဖြည့်ဆည်းပံ့ပိုးပေးနိုင်မည့် အဆိုပါဥပဒေအား လက်ခံကြိုဆိုစရာဖြစ်နေပါသည်။ အခြားတဖက်တွင်မူ ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ်ကို ရွံရှာမုန်းတီးနေရာမှ စစ်မှုထမ်းဘဝကိုပင် ခါးခါးသည်းသည်း စက်ဆုပ်နေပုံရသည်။ သို့ဖြစ်ပါ၍ ဤကိစ္စဆွေးနွေးရာတွင် နှစ်ဖက်အင်အားစုများ၏ သဘောဆန္ဒအသီးသီးကို အခြေခံနိုင်လျှင် အကောင်းဆုံးဖြစ်ပါလိမ့်မည်။
ဤနေရာတွင် ပြည်သူလူထုဖက်မှ လက်ရှိတပ်မတော်သားများ၏ဘဝကို ကိုယ်ချင်းစာနာသော်လည်း အာဏာဖြင့် ဖိနှိပ်မှုယန္တရားကြီးထွားသည်ထက် ကြီးထွားလာမှာကို မလိုလားကြောင်း ပေါ်လွင်အောင် ဖော်ပြဆွေးနွေး သင့်ပါသည်။ ထို့ပြင် တပ်မတော်ပြိုကွဲရေးကို ဦးမတည်သင့် (ပြိုကွဲမည်လည်းမဟုတ်၊ အကယ်၍ တပ်မတော်ပြို ကွဲခဲ့သည်ရှိသော် တိုင်းပြည်အခြေအနေမှာ ယခုထက် အဆများစွာ ဆိုးရွားသွားဖို့ရှိသည်)။ တပ်မတော်အတွင်း ခေါင်းဆောင်မှု ပြောင်းလဲရေးကိုသာ ရှေးရှုသင့်ပါသည်။ တိုင်းချစ်ပြည်ချစ်တပ်မတော်သားများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြု မြှင့်တင်ပေးရန် လိုအပ်ပါသည်။ လက်ရှိမြန်မာပြည်၏ စစ်ဖက်အရပ်ဖက်ဆက်ဆံရေး အခြေအနေမှာ ငါးခုံးမတကောင်ကြောင့် တလှေလုံးပုပ် ဟုဆိုပြီး နှာခေါင်းရှုံ့နေရုံဖြင့် မပြီးပါ။ အားလုံးက တာဝန်သိသိဖြင့် ပုပ်နေသောငါးများကို ရွေးဖယ်ထုတ်လိုက်လျှင် ငါးကောင်းငါးသန့်များသာ ကျန်ရှိပါမည်။ ထိုသို့လုပ် ဆောင်ရန် ပြည်သူများနှင့် တပ်မတော်သားများ ညီညွှတ်ဖို့အရေးကြီးပါသည်။
တပ်မတော်သားများဖက်မှလည်း ပြည်သူလူထုကို အကာအကွယ်ပေးသောတပ်မတော်၊ ပြည်သူလူထုကို အလုပ်အကျွေးပြုသောတပ်မတော်၊ ပြည်သူချစ်သောတပ်မတော် တရပ်အဖြစ် ရပ်တည်နိုင်မှသာ ပြည်သူလူ ထုက တပ်မတော်ကို အားပေးဝန်းရံကူညီလာမည်ဖြစ်ကြောင်း သတိချပ်စေချင်ပါသည်။ အထက်အမိန့်ကို တသွေမတိမ်း လိုက်နာနေရုံမျှဖြင့် ပြည်သူချစ်သောတပ်မတော် ဖြစ်မလာပါ။ ပြည်သူလူထုနှင့် အေးအတူပူအမျှ အတူရှိနေမှသာလျှင် မလိုလားအပ်သော အထက်အရာရှိဆိုးများ၏ ဦးဆောင်မှုကို ပြောင်းလဲဖယ်ရှားပေးနိုင်ပါမည်။
ဒီနေ့မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် ကြီးဆိုးနေမှုကြောင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးကာ ပြည်သူ လူထုအများစု ဆင်းရဲဒုက္ခနှင့် ရင်ဆိုင်နေရပြီး ပြည်သူအကြားမှာတပ်မတော်၏ ဂုဏ်သိက္ခာညှိုးနွမ်းနေရသည်ကို ပြောစရာပင်လိုမည် မထင်ပါ။
တော်လှန်ရေးနေ့ စစ်ရေးပြအခမ်းအနားများတွင် ယခင်ကကဲ့သို့ ပြည်သူလူထုလှိုက်လှိုက်လှဲလှဲ ပါဝင်မှုမရှိတော့ခြင်း၊ ရှေ့တန်းပြန်တပ်မတော်သားများအား ပြည်သူလူထုက သောင်းသောင်းဖြဖြ နွေးနွေးထွေးထွေး ကြိုဆိုဂုဏ်ပြုမှု မရှိတော့ခြင်းတို့က သက်သေခံနေပါသည်။ တပ်မတော်သားများကိုယ်တိုင် မိမိတို့၏ လုပ်ရပ်များသည် ပြည်သူလူထုအကျိုးအတွက် ဟုတ်ပါသလား၊ မိမိတို့အသက်အသေခံ တိုက်နေရသူများသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ဖျက်ဆီးနေသူများ ဟုတ်မှန်ပါသလား၊ တိုက်ပွဲဖြစ်ရာဒေသရှိ ပြည်သူလူထုက မိမိတို့အပေါ် အားကိုးယုံကြည်မှုဖြင့် ဆက်ဆံပါသလား၊ စိုးရိမ်ကြောက်လန့်မှုဖြင့် တုန့်ပြန်ပါသလား၊ မိမိတို့စားသုံးသော ရိက္ခာကိုမည်သူတို့က စိုက်ပျိုးထောက်ပံ့ပေးပါသနည်း၊ မိမိတို့ရရှိသော လစာငွေကို ဘယ်ကရသနည်း။ မျက်စိတမှိတ် စဉ်းစားကြည့်လျှင်ပင် တိတိကျကျ အဖြေပေါ်နိုင်ပါသည်။
အထက်ပါ အခြေအနေများအောက်တွင် အဓိပ္ပါယ်ထွေပြားပြီး အကဲဆတ်လှသော ပြည်သူ့စစ်မှုထမ်းဥပဒေ အမိန့်ပြန်တမ်းနှင့် ပတ်သက်၍ ဆွေးနွေးကြရာ၌ ဘက်တဖက်စီ၏ အမြင်များကို အလေးကဲဆွေးနွေးနေပါလျှင် ကွဲလွဲမှုများသာ ရှေ့တန်းရောက်လာပြီး အာဏာရှင်ကြီးများအလိုကျအတိုင်း တပ်မတော်နှင့်ပြည်သူ ကြည်ဖြူ
လက်တွဲနိုင်မည့် အခွင့်အလမ်းများ အလှမ်းဝေးနေဦးမည် ဖြစ်ပါသည်။ ယခုချိန်ခါသည် အမျိုးသားရင်ကြားစေ့ရေးကို အလေးထားဆောင် ရွက်နေချိန်လည်း ဖြစ်ပါသည်။
ထို့ကြောင့် စစ်မှုထမ်းခြင်း၏ ကောင်းကျိုးဆိုးပြစ်များနှင့်ပတ်သက်၍ (တိုင်းပြည်၏ လိုအပ်ချက်လော၊ အာဏာ ချုပ်ကိုင်ထားသူများ၏ လိုအပ်ချက်လော) စသည်ဖြင့် သေချာဂဏစွာ စဉ်းစားဝေဖန်သုံးသပ်၍ ဆွေးနွေးအဖြေ ရှာကြပါရန် တိုက်တွန်းအကြံပြု တင်ပြအပ်ပါသည်။
အာဏာရှင်၏ လှည့်စားမှုညွှတ်ကွင်းမှ ရုန်းထွက်လွတ်ကင်းနိုင်ကြပါစေ။
တပ်ကြပ်ကြီး-နေမင်းသူ
http://www.naytthit.net/?p=6560
ဒီ အောက် မှာ ရွာသူ ရွာသား တွေ ရဲ့စစ်မှုထမ်းဥပဒေ ပေါ် မြင်တဲ့ အဆိုး အကောင်း နဲ့ ကိုယ် ဖြစ်စေချင်တဲ့ အတွေး တွေ ဝိုင်း ရေး ပေးရင်ကောင်းမယ်ထင်တယ်
သူ မ တွေး မိ တာ ကိုယ်တွေး မိမယ်
အဆိုး တွေ ပို သိ ရတော့ လဲ ကြို ပြင်ဆင် လို့ ရ တာ ပေါ့
အကောင်း တွေ ဖတ် ရ တော့ လဲ စိတ် ထွက်ပေါက်လေး ရတာပေါ့ နော်
တူ ညီ တဲ့ အတွေး တွေ ရှိ ရင် တော့ တော် လှန် ရေး အ တွက် ခွန်အား တခု ဖြစ် လာမယ်ထင်တယ်
28 comments
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
January 16, 2011 at 9:58 pm
ဖတ်လို့တော့ ကောင်းပါတယ်။ ဒါပေမယ့် လွဲနေပါပြီ။ အပေါ်ပို့စ်က လူက အခြေအနေတွေကို သုံးသပ်ပြီး သိပ်ပြီး မြင့်မြင့်မားမားတွေးထားတာကိုး။ လူတွေမှာ စရိုက်ရှိတယ်။ ဒီစရိုက်ကနေ သွေဖယ်ပြီးတွေးရင်လွဲမယ် ထင်ပါတယ်။ ဒီကောင်တွေရဲ့စရိုက်က (၁) ဦးနှောက်မရှိဘူး။ အမြော်အမြင်မရှိဘူး။ ဒါကြောင့် သူတို့ကိုယ်တိုင် ဒီလောက်ထိ ရှည်ရှည်ဝေးဝေး တွေးမထားလောက်ဘူး။ (၂) ဒီကောင်တွေဟာ ထူးထူးခြားခြား အောက်တန်းကျတယ်၊ စုတ်ပဲ့တယ်။
ဒီနှစ်ချက်ကို မူတည်ပြီး ကျွန်တော်စဉ်းစားမိတာ ပြောပါမယ်။ မှားရင်လည်း သီးခံကြပါ။ စစ်မှုထမ်းဥပဒေဟာ သူတို့ကို ပြည်သူတွေမကြည်ညိုတာ သိလို့ (ရွေးကောက်ပွဲမှာ သူတို့ရှုံးတာ သူတို့ကိုယ်ကိုယ်သိပါတယ်) ပြည်သူတွေကို နှိပ်ကွပ်ပြတာ။ စစ်မှုထမ်းတဲ့အခါ ဘာလက်နက်မှ ကိုင်ရမယ် မထင်ဘူး။ စိတ်ကူးယဉ်မနေပါနဲ့။ ဦးနှောက်အဆေးမခံရရင် ကံကောင်း။ မိုင်းကွင်းဖြတ်မပြေးရရင် ကံကောင်း။
ဒီဥပဒေဟာ လူတွေကို သက်သက်အညွန့်ချိုးတာ။ လူတွေကို သတ်ဖို့က သိပ်မလွယ်၊ ဒါကြောင့် နာလံမထူအောင် ချိုးချလိုက်တာ။ ပြီးတော့ မြန်မာတ ပြည်လုံးအတိုင်းအတာနဲ့ NLD ကြည်ညိုတဲ့လူစာရင်း သူတို့ဆီမှာရှိနေပြီ။ အမာခံသတင်းပေးတွေဟာ တံတားတစ်စင်းမှာ ၁ဝ ယောက်အထိရှိတယ်။ အဲဒီ ကင်ပေတိုင်တွေက ကိုယ်စွမ်းကိုယ်စနဲ့ ထမင်းမစားဘူး။ ဒီအလုပ်တစ်ခု တည်းနဲ့ ထမင်းစားနေတာ။ ခြုံပြောရရင် ဒီကောင်တွေဟာ သူတို့ရဲ့ အောက်တန်းကျတဲ့စိတ်အခံတစ်ခုတည်းနဲ့ ပြည်သူတွေကို သက်သက်နှိပ်စက်တာ၊ သက်သက်စော်ကားတာ။
သူတို့လုပ်ပုံကို ရှည်ရှည်ဝေးဝေး တွေးရင်မှားမယ်။ ဒါပေမယ့် သူတို့လုပ်ရပ်ရဲ့ အကျိုးဆက်ကိုတော့ အရှည်တွေးရပါမယ်။ မထင်လောက် အောင်ကို ဆိုးဝါးလာနိုင်တယ်လို့ ထင်ပါတယ်။
kai
January 17, 2011 at 9:12 am
အောက်ကရေးထားတဲ့စာဟာ..အီးမေးလ်ကရတဲ့ကနေဒါအခြေစိုက် မြန်မာသံတော်ဆင့်ရဲ့ရေးသားချက်ဖြစ်ပါတယာ်.။
အယ်ဒီတာချုပ် ..ကိုမြင့်ဆွေရေးတာပါ..။
သိစေရန်အတွက်နဲ့ ဝေဖန်ဆန်းစစ်ရေးမှာ အချက်အလက်ရရန် တင်ပြခြင်းသာဖြစ်ပါကြောင်း..။
=====================================================
ဇန်နဝါရီ ၁၁ – ၂၀၁၁
ဒီမိုကရေစီလိုချင်လျှင် အခွန်ဆောင်ရမည် စစ်မှုထမ်းရမည် ကားစီးလျှင်ခါးပါတ်ပါတ်ကြရမည်
ပြဿနာတွေတန်းစီစောင့်နေသောလွှတ်တော်ကြီးစတင်အသက်ဝင်မလာမီ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက၎င်း၏တိုက်ရိုက်စစ်အာဏာကိုနောက်ဆုံးအကြိမ် အဖြစ်အသုံးချကာနိုင်ငံသားစစ်မှုထမ်းဥပဒေကိုပြဌန်းလိုက်သည်။
တပ်မတော်ကလွှမ်းမိုးထားနေဦးမည့်လွှတ်တော်တွင်အတည်ပြုနိုင်သော် လည်းအခြေအတင်ဆွေးနွေး၍အချိန်ကုန်မခံသည့်သဘောဟုယူဆလိုကယူဆနိုင်သည်။ လက်တွေ ့တွင်ဤအတိုင်းမြင်သူတွေများသည်။
အကယ်၍သာဗိုလ်ချုပ်အောင်ဆန်းဆန္ဒရှိခဲ့သလိုတိုင်းပြည်ကာကွယ်ရေး တာဝန်ကိုလွပ်လပ်ရေးရချိန်ကတည်းကနိုင်ငံသားတိုင်းတာဝန်ဖြစ်စေခဲ့ လျှင်တပ်နှင့်တိုင်းပြည်တစ်သားတည်းဖြစ်နေကာစစ်အာဏာရှင်စံနစ် ပေါ် လာရန်အခွင့်အလမ်းနည်းခဲ့မည်။ အကယ်၍ပေါ်ခဲ့လျှင်လည်းယခုလောက် သက်ဆိုးရှည်ခွင့်ရချင်မှရမည်။
လွပ်လပ်ရေးနှင့်ထိုက်တန်သောစိတ်ဓါတ်အကြောင်းကိုဗိုလ်ချုပ်အောင်ဆန်း ကရှင်းရှင်းပြတ်ပြတ်ပြောခဲ့သည်။
“ခင်ဗျားတို ့တိုက်ချင် တိုက်ချင် မတိုက်ချင် မတိုက်ချင် – တိုက်ရမှာပဲ၊ ဒါ တာဝန်ပဲ” ဟူသောသူ၏မိန် ့ခွန်းကိုတစ်တိုင်းပြည်လုံးကြားဘူးကြသည်။
နိုင်ငံသားများအပေါ်အခွန်ထိရောက်စွာကောက်ခံခြင်း၊ နိုင်ငံသားတိုင်း ကာလတရပ်စစ်မှုထမ်းစေခြင်းတို ့သည် ဒီမိုကရေစီ၏ကမ္ဘာ့အကြီးဆုံး ခံတပ်ကြီး (bulwark of democracy) ဖြစ်သောအမေရိကန်ပြည်ထောင် စုအပါအဝင်နိုင်ငံအများကလုပ်နေသောအလုပ်ဖြစ်သည်။
စင်စစ်နိုင်ငံကြီးငယ်မဟူကျင့်သုံးနေကြသည်။ မြန်မာနှင့်တနည်းနည်းပါတ် သက်နေသောနိုင်ငံများဖြစ်သောအမေရိကန်၊ ရုရှား၊ ယူကရိမ်း၊ အစ္စရေး၊ စင်္ကာပူ၊ တိုင်ဝမ်၊ ထိုင်း၊ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊တောင်ကိုးရီးယား၊ မြောက်ကိုးရီးယား၊ အီဂျစ်၊ နော်ဝေ၊ ဖင်လန်၊ ဘရာဇီး၊ ကျူးဘားစသည်တို ့ တွင်ကျင့်သုံးနေကြရာသတ်မှတ်ကာလအားဖြင့်သာ ၁၂ လ၊ ၁၈ လ၊ ၂၄ လ စသည်ဖြင့်သာကွဲပြားသည်။
ထိုစံနစ်ကိုမြန်မာနိုင်ငံကယခုမှစတင်ကျင့်သုံးခြင်းဖြစ်သည်။
သို ့သော်ဥပဒေကိုပြဌန်းလိုက်သည့်အချိန်သည်လတ်တလောနိုင်ငံရေးအခြေ အနေ (present context) နှင့်တိုင်းပြည်ကိုဆယ်စုနှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့ သည့်တပ်မတော်မျက်နှာပမ်းမလှဖြစ်နေမှုတို ့ကြောင့်စစ်မှုထမ်းဥပဒေအပေါ် သံသယဝင်ကြမည်ဆိုလျှင်ဝင်စရာရှိပေသည်။ ‘လတ်တလောနိုင်ငံရေး’ ဆို သည်မှာအခြားကိစ္စအားလုံးထက်မိမိတို ့၏လက်နက်ကိုင်တပ်များကိုနိုင်ငံ တော်၏အုပ်ချုပ်မှုအောက်သို ့ဝင်ရောက်ရန်ငြင်းဆန် နေကြဆဲတိုင်းရင်းသား အင်အားစုအချို ့ကိုမလွှဲမရှောင်သာအားသုံး၍အရေးယူရမည့်ကိစ္စကိုဆိုလို သည်။
ထိုအခြေအနေတွင်ဘာသံမှကြိုတင်မကြားရဘဲစစ်မှုထမ်းဥပဒေဗြုံးစားကြီး ဆိုသလိုပေါ်ထွက်လာရာ“တိုင်းရင်းသားတွေကိုချေမှုံးဖို ့လူတိုင်းကိုစစ်တပ် ထဲဆွဲသွင်းတာပါ” ဟူ၍အတိုက်အခံများအတွက်နိုင်ငံရေးတိုက်ကွက်တစ်ခု ဖြစ်နေလေသည်။
စစ်ဟူသည်‘လူသားတိုင်းအသက်ရှင်နေပိုင်ခွင့်’တည်းဟူသောအခြေခံအကျဆုံးလူ ့အခွင့်အရေးကြီးကိုချိုးဖေါက်ရသည်ချည်းဖြစ်၏။ သို ့ဖြစ်စေကာမူသူ တကာထက်ပိုအားကောင်းသောစစ်တပ်ကြီးတွေထူထောင်ထားကာခေတ်မှီ၊ ခေတ်လွန်စစ်လက်နက်ပစ္စည်းတွေအကြီးအကျယ်ထုတ်လုပ်ရောင်းချနေ သည့်ဒီမိုကရေစီနိုင်ငံကြီးငယ်တွေအများကြီးရှိနေသည်။ ၎င်းတို ့သည်မိမိ တို ့၏တပ်များကိုပြည်ပနိုင်ငံများသို ့စေလွှတ်ကာလက်တွေ ့အားဖြင့်ဒေသ ခံအရပ်သားတွေကိုသတ်ဖြတ်နေသောအထိမ်းအကွပ်မဲ့စစ်ပွဲတွေဆင်နေ ကြသည်။
ထို ့အခြေအနေတွင်မြန်မာစစ်အစိုးရကယခုအချိန်အထိအပစ်ရပ်အဖွဲ ့တွေ ကိုစစ်မဆင်သေးခြင်းမှာလူ ့အခွင့်အရေးခြောက်လှန် ့လုံးများကြောင့်တော့ မဟုတ်နိုင်။ကိုယ့်နိုင်ငံသားတွေအချင်းချင်းစစ်တိုက်ကြရသည့်စစ်မျိုးသည် သည်စင်စစ်ကိုယ့်အသားကိုယ်လှီးရခြင်းနှင့်တူသည်။ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးတွင်ခလုပ်ကန်သင်းတစ်ခုဖြစ်မည့်ဤအလုပ်ကိုမလုပ်ချင်၍ ယခုအထိအချိန်ဆွဲနေခြင်းသာဖြစ်တန်ရာသည်။
အကယ်၍မလွှဲမရှောင်သာတိုက်ရမည်ဆိုစေဦးနိုင်ငံရေးနည်းဖြင့်ရေကုန်ရေ ခမ်းအလျှင်ဖြေရှင်းရန်လွှတ်တော်ကိုစောင့်နေသည်လည်းဖြစ်နိုင်သည်။ ထို ့ ကြောင့်ယခုစစ်မှုထမ်းဥပဒေပြဌန်းချက်ကိုလတ်တလောနိုင်ငံရေးအခင်းအ ကျင်းနှင့်ဆက်စပ်၍ကြည့်လျှင်တမျိုးမြင်ကြဖြစ်သလို ခွဲခြား၍ကြည့်လျှင်မြင် ရမည့်အနေကိုလည်းဆင်ခြင်မိကြဘို ့လိုသည်။
စစ်မှုထမ်းဥပဒေသည်လူတိုင်းနှင့်သက်ဆိုင်၍၎င်း၊ မြန်မာတွေမကြုံဘူးသေး သောအသစ်အဆန်းတစ်ခုဖြစ်၍တာဝန်ပိုအဖြစ်မြင်ကာလူ ့သဘာဝအတိုင်း မကြိုက်ကြသည်မှာမဆန်းပေ။
စစ်မှုမထမ်းလို၍တိမ်းရှောင်မှု (draft dodging) များကားရှိနေမည်ဖြစ်သည်။ ယခုလိုအစအဦးအဆင့်တွင်ပိုဖြစ်မည်၊ပိုများမည်။ သို ့တစေအမေရိကန်ပြည် ထောင်စုပင်လျှင်ဤပြဿနာကိုထာဝရရင်ဆိုင်နေရသည်သာ။ ဗီယက်နမ်စစ် ပွဲကာလမှသည်၊ ယခုအီရတ်အာဖဂန်စစ်ပွဲကာလများအထိစစ်မှုမထမ်းလို၍ ကနေဒါဘက်သို ့တိမ်းရှောင်ခိုလှုံနေသောအမေရိကန်တွေအများကြီးရှိသည်။ ကနေဒါမြို ့ကြီးတချို ့တွင်သူတို ့ထူထောင်ထားသောငြိမ်းချမ်းရေး၊ စစ်ဆန် ့ ကျင်ရေးကွန်မြူနီတီတွေပင်ရှိကြသည်။ ဆိုလိုသည်မှာမြန်မာပြည်သားတွေ ယခုမှရင်ဆိုင်ရမည့်ပြဿနာသည်မြန်မာပြည်အပြင်ဘက်တွင်ပြဿနာ အဟောင်းကြီးဖြစ်သည်ဟုဆိုလိုသည်။
ဤဥပဒေကြောင့်ပြည်ပထွက်အလုပ်လုပ်နေရောက်နေသူများပြန်မလာချင် ကြတော့ဟု၎င်း၊ လူငယ်တွေပြည်ပပိုထွက်ကုန်လိမ့်မည်၊ ဦးနှောက်ယိုစီးမှု တွေပိုဖြစ်လာတော့မည်ဟု၎င်းဝေဘန်သံတွေလည်းထွက်လာသည်။
လူငယ်တွေပြည်ပထွက်ခွာနေမှု၏အဓိကအကြောင်းရင်းမှာပြည်တွင်း၌အလုပ်အကိုင်အလွန်ရှားပါးနေ၍ဖြစ်သည်။ (အဲဒါဆန်ရှင်ကြောင့်ဟုထပ်မပြောပါ)။ ဦးနှောက်ယိုစီးမှုသည်လည်းထိုအထည်းတွင်ပါဝင်သွားသည်။ တိုင်းပြည် စီးပွားရေးဖွံ ့ဖြိုးလာလျှင်ပြည်ပထွက်ခွာမှုတွေရပ်သွားမည်။ ရပ်သွားယုံမက ပြည်ပရောက်နေသူတွေပင်အိမ်ပြန်ရန်အားထုတ်လာကြပါလိမ့်မည်။ ယခု ဥပဒေကထိုကိစ္စအပေါ်သက်ရောက်မှုအနည်းငယ်ရှိနိုင်တာတော့မှန်သည်။
ပို၍ဆွဲဆောင်အားကောင်းသောငြင်းချက်တစ်ခုကိုတနေရာတွင်ဖတ်လိုက် မိသည်။ ရုပ်ရှင်မင်းသားနေတိုးတပ်ထည်းမှာ ၂ နှစ်သွားအချိန်ဖြုံးနေမည့် အစားသူ ့အနုပညာလုပ်ငန်းကိုဆက်လုပ်လျှင်ထို ၂နှစ်အတွင်းဘယ်လောက် အထိအကျိုးရှိနိုင်သည်ဟုတွက်ပြထားသည်။
ပေးဆပ်မှု (sacrifice) ကိုအချိန်ဖြုန်းတာဟုမြင်နေလျှင်မတတ်နိုင်ပါ။ လူ ့ သဘာဝသည်မိမိကိုယ်တိုင်ပေးဆပ်ရင်းနှီးထားသောအရာကိုပိုတွယ်တာ သည်။ ၈၈၈၈ တုံးတချို ့သောဆန္ဒပြသမားများကနိုင်ငံတော်အလံကိုမဖွယ် မရာပြုကြရာတပ်သားရဲဘော်ကလေးတစ်ဦးပေါက်ကွဲပုံကိုမှတ်မိသည်။
“ဒီအလံကိုငါတို ့မနက်တိုင်းအလေးပြုနေတာ။ ဒီအလံကိုဘယ်တုံးကဘယ် တောင်ကုန်းထိပ်တက်စိုက်နိုင်ဘို ့ဘယ်နှစ်ယောက်သေခဲ့တာဆိုတာမင်းတို ့ သိရဲ့လား” – ဟုသေနတ်မောင်းကွင်းထဲလက်ညိုးအသင့်ထည့်ရင်းအသား ဆတ်ဆတ်တုန်နေသောထိုချာတိပ်ကိုနားမလည်နိုင်ဖြစ်ခဲ့ရသည်။
ဆန္ဒပြသူများကဦးနေဝင်း၊ဦးစိန်လွင်နှင့်ဒေါက်တာမောင်မောင်တို ့အားသူတို ့ ရှေ ့တွင်အထပ်ထပ်ဆဲရေးရှုံ ့ချနေစဉ်ကထိုချာတိပ်များ၏မျက်နှာပေါ်တွင် ဘာခံစားချက်မှမတွေ ့ရသောကြောင့်ဖြစ်သည်။
ရန်ကုန်ကြေးနန်းရုံးကြီးတွင်တာဝန်ကျနေသောထိုယူနီဖေါင်းဝတ်ချာတိပ်က လေးများထဲမှတစ်ဦးသည်သူ ့ဘေးနားကကွမ်းယာသည်အား “အဒေါ်ကြီး – ဒါ မြောက်ဥက္ကလာပလား” ဟုမေးခဲ့သည်။ သူနှင့်မီတာတစ်ရာခန် ့အကွာ တွင်လွပ်လပ်ရေးကျောက်တိုင်ကြီးရှိမှန်းလည်းသူမသိချေ။
ရန်ကုန်မြို ့ရောက်ဘူးပုံမရသောထိုလူငယ်တွင် ‘မိမိနှင့်တိုင်းပြည်ဆက်စပ်မှု’ အရပ်သားများထက်ပိုနေသည်မှာသူ၏ ‘ပေးဆပ်ထားမှု’ ‘ကိုယ်တိုင်ပါဝင်ရင်း နှီးမြုတ်နှံထားမှု’ကြောင့်ဖြစ်သည်။
စစ်မှုထမ်းဥပဒေသည်စတင်ပြဌန်းချိန်(ယခုအခိုက်အတန် ့)၌အသက်အပိုင်း အခြား၏အပေါ်မျဉ်း (၃၅ နှစ်) နှင့်ငြိနေသူများများရှိနိုင်သော်လည်းနောင်တွင် ဤအရွယ်အထိဘယ်သူမှနေမှာမဟုတ်။ မိသားစုဘဝမထူထောင်မီဤပြဿ နာကိုအရင်ဖြေရှင်းထားကြမည်သာ။ စစ်မှုထမ်းရန်ဆုံးဖြတ်ချိန်သည်ပညာ ရေးလက်စသပ်ချိန်တွင်ဖြစ်ကြဘို ့သာများသည်။ စောစောအိမ်ထောင်ပြုချင် သူများစောစောကိစ္စပြတ်အောင်လုပ်ထားကြလိမ့်မည်။
အသက်အပိုင်းအခြားအပြင်အခြားကင်းလွတ်ခွင့်များပါထည့်တွက်လျှင်ပုံမှန် အားဖြင့်လူဦးရေ၏ဆယ်ရာခိုင်နှုံးလောက်နှင့်သာအမြဲသက်ဆိုင်နေလိမ့်မည်။ လူဦးရေ၏ ၁၀% ဆိုသည်မှာခြောက်သန်းဖြစ်သဖြင့်အကုန်လုံးမဆိုထားနှင့် တဝက်မျှကိုလက်ခံရန်ပင်ချက်ချင်းသော်၎င်း၊အချိန်တိုအတွင်းသော်၎င်းဖြစ် နိုင်မည့်ပုံမပေါ်။ အဆောက်အဦးနေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ လခပေးရန် ဘဏ္ဍာရေးတို ့အပြင်နဂိုကတည်းကမိမိတို ့ခေတ်ကိုမကျေနပ်နေကြသော အရွယ်ကောင်းလူအများကိုစုစည်းထားကာအုပ်ချုပ်ရမည့်ကိစ္စ။
စစ်အစိုးရသည် – လုပ်သင့်လုပ်ထိုက်တာတစ်ခုကိုလုပ်တာပဲဖြစ်ဖြစ်၊ တခြား အကြံအစည်တစ်ခုအရပဲဖြစ်ဖြစ်လက်တွေ ့ကျားအမြီးဆွဲလိုက်တာဖြစ်သည်။
လက်ရှိအခြေအနေအရစစ်မှုထမ်းလိုသူနည်းပါးနေသဖြင့်အရွယ်မရောက် သေးသူများကိုပါတပ်ထည်းဆွဲသွင်းနေရသည်။ ယခုအရွယ်ရောက်သူတိုင်း စစ်မှုထမ်းရန်ဥပဒေပေါ်လာပြီဖြစ်၍အရွယ်မရောက်သေးသူများစိတ်ချလက် လက်ချနေနိုင်ကြရာသည်။ ဤသို ့တကယ်တမ်းဖြစ်မလာလျှင်လည်းအကိုး အကားအသုံးချစရာအဖြစ်လူ ့အခွင့်အရေးကြေငြာစာတမ်းထက်အများကြီး ပို၍ရေရာ၊ ထိရောက်သောပြည်တွင်းဥပဒေ (domestic law)တစ်ခုရှိနေပြီ။
တဖန်အရွယ်ရောက်နေပါလျှက်အလုပ်အကိုင်မရှိကြသေးသောလူငယ်များအ တွက်အလုပ်လက်မဲ့ပြဿနာ-အနည်းဆုံးအားဖြင့်ဂုဏ်သိက္ခာရှိသောနေစရာ စားစရာယာယီဖြေရှင်းချက်တစ်ခုဖြစ်လာမည်။
မိဘဩဇာသားသမီးများအပေါ်ကြီးမားသောမြန်မာနိုင်ငံတွင်လူငယ်များ ၁၈ နှစ်ပြည့်ခြင်းသည်ဥပဒေအရအသက်ပြည့်ခြင်းသာဖြစ်နေတတ်သည်။ ယခု ဥပဒေကအသက်ပြည့်နေသူများကိုတကယ်လူလားမြောက်အရွယ်ရောက် လာကြအောင် ၂ နှစ်တာမိဘနှင့်ခွဲ၍ ‘လူကြီးဖြစ်’သင်တန်းပေးရာရောက်လိမ့် မည်။ သူတို ့သည်သားသမီးများအဖြစ်နှင့်အိမ်မှထွက်ခွာခဲ့ကြ၍နိုင်ငံသားများ အဖြစ်နှင့်အိမ်သို ့ပြန်လာကြလိမ့်မည်။
အင်တာနက်ကဖေးမလိုဘဲအင်တာနက်ကဖေးမှာလုပ်သောလူငယ်ကွန်ယက်ထက်ပို၍ပီပြင်၊ပို၍လက်ဆုပ်လက်ကိုင်ရှိသောသောလူငယ်ကွန်ယက်တွေ ပေါ်လာလိမ့်မည်။
နိုင်ငံသားစစ်မှုထမ်းဥပဒေအသားကျသွားမည့်ချိန်တွင်ယခုအနေကြိုမတွေးမိ ကြသောနိုင်ငံရေးအရသက်ရောက်မှုများရှိလာလိမ့်မည်။ ဥပမာ
– ရဲဘော်ရဲမေလောင်းများသည်လေ့ကျင့်ရေးစခန်းများ (boot camps) တွင်နေထိုင်လေ့ကျင့်ကြရင်းမိမိနှင့်နိုင်ငံတော်တိုက်ရိုက်ဆက်စပ်မှု (a direct citizen-state connection) ရှိပုံကိုခံစားမိလာကြမည်။ နိုင်ငံသားအသိပို၍ရှိလာကြမည်၊ ထိုအသိကိုယခုထက်ပို၍အသုံးချ လာကြမည်။
– မြန်မာနိုင်ငံသားများသည်ပြည်သူ ့နီတိ(civics) နှင့် စည်းကမ်းရှိမှု (disciplines) အရာ၌လျှော့လျည်းနေသည်မှာကြာပြီဖြစ်သည်။ ဤ အချက်ကိုအနည်းဆုံးအိမ်နီးနားချင်းနိုင်ငံအခုခုသို ့ထွက်ကြည့်မိလျှင် ချက်ချင်းသတိပြုမိနိုင်သည်။ အခြေခံအကျဆုံးဖြစ်သောစံနစ်တကျ အမှိုက်စွန် ့ခြင်း၊ တံတွေးထွးခြင်း၊ ဆေးလိပ်သောက်ခြင်း၊အလှည့် စောင့်ရန်တန်းစီရခြင်းများကိုပင်အများစုကလိုလိုချင်ချင်လိုက်နာလို ခြင်းမရှိကြ။ (မင်္ဂလာဒုံနို်င်ငံတကာလေဆိပ်ခမ်းမကြီးအတွင်းရှိအလှ ဆင်ထားသောဧရာမပန်းအိုးကြီးများထည်းတွင်ကွမ်းတံတွေးများရှိ နေသည်။) မိဘများနှင့်ကျောင်းဆရာများကလူငယ်များလိုက်နာ အောင်မတတ်နိုင်ခဲ့သောထိုစည်းကမ်းရှိမှုကိုယခုတပ်လေ့ကျင့်ရေး စခန်းများကမဖြစ်မနေသင်ပေးလိမ့်မည်။ ဤအချက်ကမျိုးဆက်သစ် ဖြစ်ယုံသာမကအမျိုးအစားသစ်ပါဖြစ်သောနိုင်ငံသားများကိုမွေးထုတ်ပေးလိမ့်မည်။
– လူတိုင်းကာလတရပ်တာစစ်သား/စစ်သမီးဖြစ်ဘူးကြခြင်းအားဖြင့်စစ်ဗိုလ်၊ စစ်သားကြောက်ရောဂါ၊ စစ်တပ်ကိုရွံ ့သောခံစားမှုများနည်းပါး သွားမည်။ ဤအချက်ကစစ်ဘက်နှင့်အရပ်ဘက်တစစပို၍နီးစပ်လာ အောင်၊ဆက်ဆံရေးကောင်းမွန်လာအောင်အဓိကပံ့ပိုးပေးနိုင်သည်။ (a factor to practically improve the civil-military relations)
– အနယ်နယ်အရပ်ရပ်မှလူများကိုရောနှောထားပေးခြင်းအားဖြင့် – အထူးသဖြင့်ဗမာနှင့်ဗမာမဟုတ်သောတိုင်းရင်းသားများအချိုးကျ ရောနှောထားပေးခြင်းဖြင့်တိုင်းရင်းသားအချင်းချင်းထိတွေ ့မှုရရှိ ကြကာနားလည်မှုပိုမိုတည်ဆောက်နိုင်ကြစေမည်။ ဤအတွက် သင်တန်းသားများကိုတမင်ရပ်ဝေးသင်တန်းစခန်းများသို ့(အနည်း ဆုံးမိမိနေရင်းပြည်နယ်၊ တိုင်းဒေသကြီးပြင်ပရှိလေ့ကျင့်ရေးစခန်း များသို ့)စေလွှတ်ရန်နှင့်၊ တိုင်းရင်းသားလူမျိုးစုအမျိုးအစား၊ အချိုး အစားတတ်နို်င်သမျှစုံလင်စေရန်စီစဉ်ပေးဘို ့လိုအပ်လိမ့်မည်။ သို ့ သော်ဤအချက်ကိုပြည်ထောင်စုစိတ်ဓါတ်ထူထောင်ရန်အတွက်သာ ဖြစ်သည်။ ဗမာဇာတ်သွင်းရေး (Burmanization) ဘက်သို ့သူ ့ အလိုလိုယိမ်းမသွားစေရန်နိုင်ငံတော်အဆင့် (state level) က အထူးစောင့်ကြည့်၍ထိမ်းပေးဖို ့လိုလိမ့်မည်။
– နိုင်ငံသားတိုင်းစစ်ပညာတတ်နေခြင်း၊ စစ်လက်နက်များနှင့်ယဉ်ပါး ခြင်း၊(အချို ့)စစ်မြေပြင်အတွေ ့အကြုံရှိနေခြင်း၊ စစ်သည်တို ့လိုက်နာ စောင့်ထိမ်းရမည့်ကျင့်ဝတ်နှင့်မချိုးဖေါက်ရမည့်ဥပဒေတို ့နှင့်ပါကျွမ်း ဝင်လာမည်ဖြစ်သောကြောင့်ယခုလက်ရှိ စစ်ဗိုလ်၊ စစ်သားများက သီးသန် ့လူတန်းစားတရပ်သဖွယ်အထက်စီးမှနေ၍အရပ်သားများ အပေါ်ဗိုလ်ကျစော်ကားမှု၊ ရမ်းကားသတ်ဖြတ်မှု၊ရိုက်နှက်မှုများကို အရပ်သားများကငုံ ့ခံနေခြင်းများနည်းပါးလာမည်။ ထိုအဖြစ်မျိုးများ တစထက်တစအလိုလိုနည်းပါးသွားမည်။
အထက်ပါအချက်များကပြည်ထောင်စုလွှတ်တော်သို ့နောင်တင်သွင်းကြမည့် တပ်မတော်ပြုပြင်ရေးဥပဒေကြမ်းများ (army reform bills) လွယ်ကူစွာ အောင်မြင်စေရန်အထောက်အကူပြုလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ယခုသီးသန် ့ဖြစ်နေသောစစ်တပ်သည်အရပ်သားများအဆက်မပြတ်စီးဝင် လာမှုကြောင့်အရပ်သားဇာတ်သွင်း (civilianization) ခံရသလိုဖြစ်လာမည်။
တပ်မတော်ပြုပြင်ရေးသည်တိုင်းရင်းသားချင်းချင်းယုံကြည်မှုတည်ဆောက် ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းကြီး၏အသည်းနှလုံးကျသော ကိစ္စတစ်ခုဖြစ်သည်။ ထိုအရေးအောင်မြင်လိုလျှင်ယခုကဲ့သို ့နိုင်ငံသားတိုင်း စစ်ရေးစစ်ရာနှင့်ယဉ်ပါးနိုင်ခွင့်ရစေမည့်ဥပဒေမျိုးလိုအပ်သည်။
ပို၍အရေးကြီးသောနောက်အချက်တစ်ခုမှာအဖွဲ ့အစည်း (institution) အ တွင်းထိပ်ဆုံးရာထူးများအထိအရည်အချင်းရှိနိုင်ငံသားတိုင်းလက်လှမ်းမှီနိုင် သည့်အခွင့်အလမ်းကိုလည်းတကယ်လက်တွေ ့ဖွင့်ပေးရမည်။ ယခုလက်ရှိ ကဲ့သို ့ – ဥပဒေအတိအလင်းမရှိသော်လည်း – ဗိုလ်ချုပ်အဆင့် (Brigadier General and up ) ကိုဗမာမှအပတခြားတိုင်းရင်းသားမည်သူမျှတက်လှမ်း တာမတွေ ့မရသောတပ်မတော်မျိုးမဖြစ်သင့်။ လက်ရှိအနေတွင်ဗိုလ်မှုးကြီး အဆင့်ရှိတိုင်းရင်းသားအရာရှိများတပ်မတော်ထည်းတွင်အတော်နည်းနေ သည်။ ဤမမြင်ရသောမှန်သားပြင်မျက်နှာကျက် (glass ceiling) မရှိသင့်။
လူဖြူများစတင်ထည်ထောင်ခဲ့သောအမေရိကန်ပြည်ထောင်စုတွင်လူမဲများ ကာကွယ်ရေးဝန်ကြီး (Colin Powell), သမတ (Barak Obama) စသော ထိပ်ဆုံးကရာထူးတာဝန်များအထိလက်လှမ်းမှီနေပြီဖြစ်သည်။
သဘောထားကြီးမှုကိုအခွင့်အရေးယူ၍နှိပ်ကွပ်ရခြင်းကကိစ္စတစ်ခုဖြစ်၍ ကိုယ်တိုင်ကသဘောထားမကြီးနိုင်ခြင်းသည်သီးခြားကိစ္စတစ်ခုဖြစ်သည်။
မြန်မာသည်ကမ္ဘာပေါ်ရှိနိုင်ငံအားလုံးပေါင်း ၂၀ဝ နီးပါးထည်းတွင်အလတ်စား အရွယ်ရှိနို်င်ငံတစ်ခု (a mid size country) ဖြစ်သည်ဟုဆိုနိုင်သော်လည်း ပထဝီတည်နေရာအရကမ္ဘာ့ အကြီးဆုံးနိုင်ငံကြီးနှစ်ခုအကြားတွင်ကြားညပ်နေ သောနိုင်ငံ (a sandwiched nation) ငယ်ကလေးဖြစ်နေသည်။ အိမ်နီးနား ချင်းနိုင်ငံများနှင့်အားပြိုင်မှုများသမိုင်းတလျှောက်လုံးရှိခဲ့သည်။ နောင်လည်း တနည်းနည်းဖြင့်ဆက်ရှိနေဦးမည်သာ။ နိုုင်ငံသားအားလုံးပါဝင်သောအမျိုး သားကာကွယ်ရေးစံနစ်တစ်ခုထူထောင်ရေးကိစ္စကိုလတ်တလောစစ်အစိုးရ အပေါ်ခံစားချက်ကဖုံးလွှမ်းမသွားသင့်ခြေ။ စစ်အာဏာရှင်စံနစ်သည်ဗျူဟာ မြောက်စွာတလှမ်းချင်းဆုပ်ခွာရန်ပြင်ဆင်နေသည်။ နိုင်ငံသားများတော်လျှင် တော်သလောက်၊ ညံ့လျှင်ညံ့သလောက်အချိန်ကိုဆုံးဖြတ်လိမ့်မည်။
နိုင်ငံသားတိုင်းစစ်မှုထမ်းရေးဥပဒေသစ်နှင့်ပါတ်သက်၍လက်ရှိတွင်နိုင်ငံရေး အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်နေသူဗိုလ်ချုပ်ကြီးဟောင်းသူရဦးတင်ဦး ကလတ်တလောပြည်ပအန္တရယ်မရှိသဖြင့်စစ်တပ်ကိုအင်အားတိုးချဲ ့ဘို ့မလို သည့်သဘောပြောသွားသည်ကိုသတိပြုမိသည်။
ဤသည်မှာကာကွယ်ရေးဝန်ကြီးတာဝန်ထမ်းဆောင်ဘူးသူတစ်ဦးအနေဖြင့်တာဝန်မဲ့ပြောရာကျသည်။ တိုင်းပြည်၏ကာကွယ်ရေးအင်အားကိုအသုံးလို သည့်အခါကျမှကမန်းကတန်းတည်ဆောက်၍မဖြစ်နိုင်ကြောင်းလူတိုင်းအသိ ဖြစ်သည်။
ဒီမိုကရေစီနိုင်ငံတစ်ခုအတွက်အန္တရယ်သုံးမျိုးရှိသည်။ ၎င်းတို ့မှာပြည်ပရန်၊ ပထမပြည်တွင်းရန်နှင့် ဒုတိယပြည်တွင်းရန်တို ့ဖြစ်သည်ဟုဆိုနိုင်သည်။ ပြည်ပရန်ဆိုသည်ကိုရှင်းပြရန်မလိုချေ။ ပထမပြည်တွင်းရန်ဆိုသည်မှာရပ်ရွာ အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေး (law and order, stability) ပျက်ပြား စေမည့်လက်နက်ကိုင်ထကြွသောင်းကျန်းမှုအားလုံးဖြစ်သည်။
ဒုတိယပြည်တွင်းရန်ဆိုသည်မှာပထမနှင့်ဒုတိယရန်နှစ်မျိုးမှကာကွယ်ရန်တာဝန်ပေးခံရသူ (professional army, professional soldier) ကဖေါက်ပြန်၍ ပြည်သူ ့အခွင့်အရေးများကိုယုတ်သိမ်းလာခြင်း၊ မိမိသည်တိုင်းပြည်အတွက် မဟုတ်တော့ဘဲဗြောင်းပြန်ဖြစ်လာခြင်းကိုဆိုလိုသည်။ထိုရန်မှကာကွယ်ရန်မှာနိုင်ငံသားစစ်သားထု(citizen soldiery) နှင့်တိုင်းပြည်ချစ်ဝါဒ (Patriotism) တို ့ကသာတတ်နိုင်သည်။ တိုင်းပြည်ချစ်ဝါဒသည်လူမျိုးတစ်မျိုးချင်းစီအပေါ် အမြစ်တွယ်သောအမျိုးသားရေးဝါဒ (nationalism) ထက်ပိုကျယ်ဝန်းသည်။
လူတိုင်းစစ်မှုထမ်းကြဖြင့်ရေရှည်တွင်တိုင်းပြည်စစ်ဇာတ်သွင်း (militarized) ခံရမလား၊ စစ်တပ်ကိုအရပ်သားဇာတ်သွင်း(civilianized) နိုင်မလားဒွိဟဖြစ် နေစရာမလို။ နိုင်ငံရေးသည်စီးပွားရေးပေါ်အခြေစိုက်သည်။အခြေခံစီးပွားရေး ပိုင်ဆိုင်မှုများသည်တစထက်တစလူထုလက်သို ့လွှဲပြောင်းရောက်ရှိလာနေ သည်ကိုမျက်ချေမပြတ်သင့်။ဆိုရှယ်လစ်ခေတ်ကလိုနိုင်ငံတော်ကလူထုဘဝကိုအစအဆုံးချုပ်ကိုင်မထားနိုင်တော့။ ဒီမိုကရေစီ၏ကျောရိုးလူလတ်တန်း စားများ (middle classes) များတိုးပွားလာစရာသာရှိသည်၊ ပြန်၍ဆုတ်ယုတ် စရာမရှိ။ လူတိုင်းစစ်မှုထမ်းရသောမြန်မာနှင့်ရွယ်တူထိုင်းနိုင်ငံကိုကြည့်ပါ။
လောကကြီးသည်သူ ့အဓိပ္ပါယ်နှင့်သူရွေ ့ရှားနေသည်။ ဤသူ ့အဓိပ္ပါယ်နှင့်သူ ဖြစ်နေ၊ လုပ်သောကိစ္စများကို ကိုယ့်အဓိပ္ပါယ်နှင့်ကိုယ့်အတွက်ဖြစ်အောင် လုပ်ယူနိုင်သည့်အရည်အချင်းမျိုးတွေရှိကြဖို ့လိုပါပြီ။
မြန်မာသံတော်ဆင့်
etone
January 19, 2011 at 9:02 am
လုံးဝပဲ စစ်ဆိုရင် ကြည့်မရလွန်းလို့ ။
ဒီမှနေလို့ ဒီလိုလုပ်ရမယ်ဆိုရင် ဒီမှာမနေဘူး ။ အပေါ်က သံတော်ဆင့်က အယ်ဒီတာ ရေးသွားတဲ့စာထဲမှာ စစ်မှူထမ်းသူတွေအတွက် ရသင့်တဲ့ အခွင့်ရေး ဘာရေးသွားလဲ ။ ကျန်ခဲ့တဲ့ မိသားစု စားဝတ်နေရေး ဘယ်လိုဖြေရှင်းမလဲ ဘာမှမပါပဲရေးသွားတာ … အခုမှ ပြန်တွေ့တဲ့ ပထွေးကို အဖေအဖြစ်လွမ်းနေတဲ့ ကောင် ။
nyimalay
January 17, 2011 at 10:05 am
ပိစိကွေးကတော့ ထမ်းဘူး ………… ဘာလို့လည်းဆိုတော့ ရူးနေလို့……. အဲ့ဒီလိုပြောလိုက်မယ် ……….. ဘယ့်နှယ့်တော် သူများအမေက ချောချောလှလှလေး ခြေလက်အင်္ဂါအစုံအလင်နဲ့မွေးထားတာကို သူတို့က အဆင်သင့် ထမ်းခိုင်းချင်လို့ရမလား။။။။။။။။။။ အဲ့ဒီလိုထမ်းခိုင်းချင်ရင် မွေးကတည်းက မွေးစရိတ် ကျွေးစရိတ် ပညာသင်စရိတ်ပေးထားပါလား။။။။။။။။။။။။။။။ သူများအဖေအမေ ဘယ်လိုကျွှေးမွေးခဲ့ရလည်းတော့မသိပဲ အရွယ်ကောင်းရောက်မှ ခိုင်းချင်လို့ရမလား။။။။။။။။။။။။။ ထမ်းဘူး ထမ်းခိုင်းချင်ရင် အခုမှ ကိုယ်ဝန်စရှိတဲ့သူတွေကို သူများနိုင်ငံတွေလိုပဲ ထောက်ပံ့ကျေးပေးပြီးခိုင်း။။။။။။။။။။။ဒါပဲ။။။။။။။။။ ခုပဲ အသက်က 25 ဖြစ်နေပြီ အလုပ်ကောင်းကောင်းကမရသေးဘူး။။။။။။။။။။။။ ဘာပဲဖြစ်ဖြစ် လုံးဝမထမ်းဘူး။။။။။။။။။။။ ယောကျင်္ားယူပြစ်မယ်။။။။။။။။။။။။။။ 😛
zawana
January 17, 2011 at 11:28 am
စစ်မှန်တဲ့ ဒီမိုကရေစီ နိုင်ငံတော်သာ ဖြစ်ပါစေ …. အခွန်လည်း အပြည့်အဝ ဆောင်ပါ့မယ် … (ခုလည်း ဆောင်နေရတာပဲ) ….. စစ်မှုလည်း ထမ်းပါ့မယ် …. Give & Take ပေါ့ဗျာ …
ခုတော့ သူတို့က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဘာမှတောင် မလုပ်ပေးရသေးဘူး …
ခံတပ်ကို လုံချင်တာက အရင်ပဲ … စစ်မှုမထမ်းမနေရ ဥပဒေ မထုတ်ခင် တပ်ထဲက သတ်မှတ်ကာလ တာဝန်ထမ်းဆောင်ပြီးလို့ ထွက်ချင်တဲ့သူ ထွက်နိုင်ခွင့် အရင်ပေး သင့်တယ်လို့ မြင်ပါတယ်။ အခြားနိုင်ငံတွေမှာလည်း အဲလိုပဲ ရှိမယ်လို့ ထင်ပါတယ်။ တပ်မတော်ရဲ့ ဂုဏ်သိက္ခာကိုလည်း ပြန်အဖတ်ဆည်ဖို့ ကြိုးစားပါဦး ။
cobra
January 17, 2011 at 1:33 pm
ကျွန်တော်ကတော့လုံးဝကိုမဝင်နိုင်ဘူး…မဝင်ရအောင်ဘယ်လိုလုပ်ရမလဲ
အကုန်လုပ်မယ်…မဝင်ရရင်ပီးတာပဲ..။
သူတို့လုပ်မှာကစစ်မှန်တဲ့ဒီမိုကရေစီ…
လုပ်နေတာက စောက်တလွဲ…
ပြည်သူတွေကောင်းကျိုးအတွက်ဘာတခုမှမလုပ်ပေးသေးဘူး
ပြည်သူတွေကိုအရင်ခိုင်းနေပီ..။
ကြယ်လေး
January 17, 2011 at 2:28 pm
စစ် တပ် နဲ့ ပတ် သက် ရ တော့ မယ် ဆို တော့ စစ်တပ် ထဲဘယ် လို ရှိ တယ် ဆို တာ လဲ လေ့လာ ထား ရ တာပေါ့
“နေ့ သစ် “ဆိုက်က ကူး လာ ပါတယ်
http://www.naytthit.net/?p=6460
တလောကမိတ်ဆွေတဦးနဲ့ စကားပြောဖြစ်ကြရင်းတပ်မတော်သားတွေအကြောင်း ဆွေးနွေးဖြစ်ကြတယ်။ သူက ခု နောက်ပိုင်း စစ်တပ်ထဲရောက်လာတဲ့ ရဲဘော်တွေကြည့်ရတာစစ်သားနဲ့ သိပ်မတူကြောင်း ပြောတာဆိုတာ သွားတာ လာတာ ဆံပင်ညှပ်ထားပုံကအစ အရပ်သားပုံစံမျိုးပေါက်နေတယ်လို့ ပြောတယ်။
မှန်ပါတယ်။ စစ်တပ်ထဲမှာလည်း ရှေးလူနဲ့နောက်လူ မျိုးဆက်ကွာဟမှုတွေရှိပါတယ်။ မျိုးဆက်မတူတော့ ဖြတ်သန်းခဲ့ရ တဲ့ သမိုင်းကာလတွေ၊ အတွေ့အကြုံတွေကွာခြားကြသလို တွေးခေါ်ရှုမြင်ပုံတွေလည်းကွဲ ပြားကြတာပေါ့။ နောက်ပြီး ရှေ့မျိုးဆက်ကနောက်မျိုးဆက်အပေါ်အားမလိုအားမရ ဖြစ်လေ့ရှိတဲ့ ကျနော်တို့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုအရိပ် လွှမ်းမိုးမှု တွေလည်းရှိနိင်ပါတယ်။
သဘာဝအားဖြင့်တော့ မျိုးဆက်သစ်ဆိုတာ မျိုးဆက်ဟောင်းအပေါ်မှာတည်မှီပြီး ဖြစ်ပေါ်တိုးတက်ရတာပါ။ သားသမီး ကောင်းဖို့ မိဘရဲ့မြော်မြင်ဆင်ခြင်နိုင်မှုကအရေးပါသလို တပည့်ထက်မြက်ဖို့ဆိုတာကလည်း ဆရာသမားရဲ့ သွန်သင် ဆုံးမလမ်းညွှန်နိုင်မှုက အခရာကျပါတယ်။ လူ့အဖွဲ့အစည်းတရပ်မှာလည်း နောက်မျိုး ဆက်တွေတိုးတက်ဖို့ဆိုတာ ရှေ့ မျိုးဆက်က အစဉ်အလာကောင်းတွေ၊ အခွင့်အလမ်းကောင်းတွေနဲ့ ပုခုံးပြောင်း တာဝန်လွှဲအပ်ပေးနိုင်ဖို့အရေးကြီးပါ တယ်။ အစဉ်အလာထိန်းသိမ်းလာတဲ့ စံတွေကိုအသေဆုပ်ကိုင်ထားပြီး နောက်လူတွေအပေါ်မှာ အားမလိုအားမရ ဖြစ် နေရုံနဲ့ ပြဿနာတွေပြေလည်သွားမှာ မဟုတ်ပါဘူး။
မြန်မာ့တပ်မတော်မှာဖြစ်နေတာက ခေတ်မီဖွံ့ဖြိုးတိုးတက်သော တပ်မတော်ကြီးတရပ် ထူထောင်ရေးဆိုတဲ့ ဧရာမရည် မှန်းချက်ကြီးအောက်မှာ ပထမဆုံး လက်တွေ့အကောင်အထည်ပေါ်ဆောင်ရွက်လိုက်တာက တပ်ဖွဲ့စည်းပုံတိုးချဲ့လိုက် တာပါပဲ။ နဝတ အစိုးရတက်လာပြီးတဲ့နောက် တပ်မတော် (ကြည်း) မှာ စစ်တိုင်းဌာနချုပ်တွေ မှိုလိုပေါက်အောင်တိုး တက်များပြားလာသလို ကျနော်တို့ ရေတပ်မှာလည်း ဌာနချုပ်သစ်တွေ၊ တပ်သစ်တွေ၊ စစ်ရေယာဉ်သစ်တွေ အများအ ပြားတိုးပွားလာပါတယ်။ အိမ်နီးချင်း တရုတ်နိုင်ငံမှဝယ်ယူ သောစစ်ရေယာဉ် (၁၆) စီးအပါအဝင် ရေတပ်သင်္ဘောကျင်း ဌာနချုပ်မှာ တည်ဆောက်သောစစ်ရေယာဉ်များ စုစုပေါင်းအစီး (၃ဝ) လောက်တိုးတက်များပြားလာပါတယ်။
တိုးတက်လာတဲ့စစ်ရေယာဉ်တွေဟာ ဗိုလ်မှူးအုပ်ချုပ်သော စစ်ရေယာဉ် (B class) များနဲ့ ဒုဗိုလ်မှူးကြီးအုပ်ချုပ်သော စစ်ရေယာဉ် (A class) တွေသာဖြစ်တာကြောင့် စစ်ရေယာဉ်တစီးချင်းအလိုက် ဖွဲ့စည်းပုံအရ အရာရှိ/စစ်သည် အင် အား (၅ဝ) မှ (၁ဝဝ) ကြားခန့်အပ်ရမှာ ဖြစ်ပါတယ်။နောက်ပိုင်းတည်ဆောက်တဲ့ ဖရီးဂိတ်စစ်ရေယာဉ်တွေမှာ ဖွဲ့စည်းပုံ ပိုများပါတယ်။ ဌာနချုပ်တခု အတွက်ဆိုရင် အရာရှိ (၂ဝဝ) နဲ့ အခြားအဆင့်အင်အား (၂ဝဝဝ) လောက်လိုအပ်ပါ တယ်။
သို့သော်လည်း လက်တွေ့အခြေအနေမှာ ၁၉၉ဝ ခုနှစ်လောက်အထိ တပ်မတော် (ရေ) တရပ်လုံးမှာ မှအရာရှိ/စစ် သည်အင်အား တသောင်းကျော်ရုံလောက်ပဲ ရှိပါတယ်။ အဲဒီအချိန်မှာ ဌာနချုပ် (၄) ခု၊ ပင်မတပ် (၆) တပ်၊ ဗျူဟာစစ် ရေယာဉ်စု (၁) ခုနဲ့သီးခြားတပ် (၄) ခု ရှိပါတယ်။ ဒါကြောင့်မို့ တိုးတက်ဖွဲ့စည်းလာတဲ့ ဌာနချုပ်၊ တပ်စခန်း၊ ရေယာဉ် တွေအတွက် အရာရှိ/စစ်သည် အင်အားပြည့်မီရေးကို လုံ့လထုတ်ဆောင်ရွက် ရပါတော့တယ်။
ကံမကောင်းချင်တော့ စစ်ခေါင်းဆောင်ကြီးတွေကအရာရှိ/စစ်သည်အင်အားအကြီးအကျယ် တိုးချဲ့စု ဆောင်းနေချိန် မှာ တပ်မတော်ရဲ့ပုံရိပ်က ပြည်သူလူထုအကြားမှာ မှေးမှိန်နေချိန်ဖြစ်နေတယ်။ အရင်တုန်းကဆိုရင် လျှောက်လွှာတွေ ကို အင်တာဗျူးအဆင့်ဆင့်နဲ့ စိစစ်လက်ခံနေရတဲ့ တပ်မတော် (ရေ) တပ်သားသစ် စုဆောင်းရေးဌာနမှာ လျှောက်လွှာ တင်မယ့်သူမရှိ ဖြစ်နေတယ်။ သတင်းစာကနေ ခေါ်ယူပေမယ့်လည်း လိုသလောက်အင်အားပြည့်မီအောင် မရပါ။ ရဲဘော်သစ်တွေရဖို့ ငွေနဲ့ပေးဝယ်ရင်း ပြည်တွင်းလူကုန်ကူးမှုသဘော ဖြစ်လာတယ်။ အဆိုးဆုံးကတော့ ကြည်းတပ်စု ဆောင်းရေးကနေ တပ်သားသစ်တွေဝယ်ယူတာပဲ ဖြစ်ပါတယ်။
အရာရှိအင်အားစုဆောင်းရေးမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ အရင်က စစ်တက္ကသိုလ်ဝင်ခွင့်ကို တနှစ်မှာ ဗိုလ် လောင်း (၄ဝဝ) လောက်ပဲရွေးချယ်ခဲ့ရာက ခုနောက်ပိုင်း နှစ်စဉ်အင်အား (၂ဝဝဝ) ကျော်လက်ခံနေတာကိုပဲ ကြည့်ပါ။ အဲဒီတော့ နောက်ဆက်တွဲပြဿနာတွေအများကြီး ရှိလာရတယ်။ တိုးတက်များပြားလာတဲ့ အရာရှိ/စစ်သည်တွေကို စွမ်းရည်ထက်မြက်လာအောင် တပ်တည်ဆောက်ရေးလုပ်ငန်းတာဝန်ကြီး (၄) ရပ်နဲ့ ကျားကန်ပေးဖို့အခက်အခဲ ဖြစ် လာတယ်။
ကျစ်လစ်ခိုင်မာတောင့်တင်းသော ခေတ်မီတပ်မတော်တရပ် ဖြစ်ပေါ်လာရေးအတွက် စိတ်ဓာတ်နဲ့ တည်ဆောက်ရ မယ်။ စည်းကမ်းနဲ့တည်ဆောက်ရမယ်။ လေ့ကျင့်ရေးနဲ့တည်ဆောက်ရမယ်။ သက်သာချောင်ချိ ရေးနဲ့တည်ဆောက်ရ မယ်လို့ စစ်ခေါင်းဆောင်ကြီးတွေ ပြောဆိုလေ့ရှိပါတယ်။ လေ့ကျင့်ရေးပိုင်းကစပြီး ကြည့်ကြရေအောင်။
သင်တန်းကာလတွေ လျှော့ချပစ်တယ်။ DSA ကို လေးနှစ်ကနေ သုံးနှစ်ထိ လျှော့ချလိုက်တယ်။ တပ်သားသစ်အခြေ ခံသင်တန်းကို ခြောက်လကနေ လေးလထိ လျှော့လိုက်တယ်။ ခုဆိုရင် တပ်သားသစ် အခြေခံသင်တန်းကို ကြည်းတပ် သင်တန်းကျောင်းမှာ တက်နေကြရတာ (၁ဝ) နှစ်လောက်ရှိသွားပြီ။ တပ်မတော်ခေါင်းဆောင်ကြီးတွေက တပ်မတော် တရပ်လုံးကို Armynization (ကျနော်ထွင်သောအသုံးအနှုံး) ပြုလိုက်တယ်လို့ ဆိုရပါလိမ့်မယ်။
ကြည်းတပ်သင်တန်းကျောင်းတွေမှာ စစ်ပညာအခြေခံသင်တန်းသင်ကြားခဲ့ရတဲ့ စစ်သည်တွေကို ရေတပ်မှာ အံဝင်ခွင် ကျဖြစ်အောင် မနည်းပုံသွင်းယူရပါတယ်။ စည်းကမ်းကအစပါ။ ကျနော်တို့ရေတပ်က အခြေခံစစ်ပညာသင်တန်းမှာ ဆေးလိပ်သောက်ခွင့် လုံးဝမပြုပါဘူး။ သူတို့ဆီမှာတော့ ဆေးလိပ်ကို အစည်းလိုက်လပေးနဲ့ ရောင်းတယ်။ နောက်ပြီး အိမ်သာသွားတဲ့အခါ ဝတ်လစ်စလစ် သွားရတယ်လို့ သိရပါတယ်။
ကြည်းတပ်အတွက်ရည်ရွယ်ပြီးဖွင့်တဲ့ အကြပ်လောင်း၊ အကြပ်ငယ်၊ အကြပ်ကြီး၊ အရာခံဗိုလ်သင်တန်းတွေဟာ ရေ တပ်အတွက် အသုံးမဝင်လှပါဘူး။ ယခင်ကရေတပ်ပင်မရေငုပ်နဲ့ ဆယ်ယူရေးတပ်မှာ ဖွင့်လှစ်တဲ့ ရေတပ်အကြပ်ငယ် သင်တန်းဟာ ရေတပ်ဆိုင်ရာ စစ်နည်းဗျူဟာနဲ့အညီ စစ်ပညာရပ်တွေကို သင်ကြားပေးတာပါ။
အဲဒီလိုသင်တန်းမျိုးတွေကို ပိတ်ပစ်လိုက်ရပါတယ်။ ရေတပ်အရာရှိတွေဟာ ကြည်းတပ်တိုက်ခိုက်ရေးကျောင်းတွေမှာ ဖွင့်လှစ်တဲ့ တပ်စုမှူး၊ တပ်ခွဲမှူးသင်တန်းတွေကို မဖြစ်မနေတက်နေရတယ်။ အရာရှိ/စစ်သည် အားလုံးသတ်မှတ်ထား တဲ့သင်တန်းကိုတက် ပြီးမှအဆင့်တိုးမြှင့်ရေးကို စဉ်းစားပေးတယ်။ ရေတပ်မှာ စစ်မှုထမ်းပြီး ကြည်းတပ်သင်တန်းကို တက်မှ ရာထူးတိုးခွင့်ရတယ်ဆိုတာ သဘာဝမကျဘူး ထင်ပါတယ်။
တကယ့်လက်တွေ့မှာ ကြည်းတပ်နဲ့ ရေတပ် စုဖွဲ့ပုံချင်း တာဝန်ခွဲဝေပုံချင်း မတူညီပါ။ ရေတပ်ရဲ့အဓိက တိုက်ခိုက်ရေး အင်အားစုဟာ စစ်ရေယာဉ်တွေဖြစ်ပါတယ်။ စစ်ရေယာဉ်တစီးရဲ့ဖွဲ့စည်းပုံအရ စစ်ရေယာဉ်မှူး၊ ဒုစစ်ရေယာဉ်မှူး၊ ရေ ကြောင်းလမ်းညွှန်အရာရှိ၊ ဆက်သွယ်ရေးအရာရှိ၊ ထောက်ပံ့ရေးအရာရှိ၊ စက်မှုလက်မှုအရာရှိ စသဖြင့် တာဝန်ခွဲဝေ ထားပါတယ်။ စစ်သည်တွေအပိုင်းမှာဆိုရင်လည်း ရေယာဉ်အပိုင်းအလိုက် (ဦး၊ လယ်၊ ပဲ့)၊ ကျွမ်းကျင်မှုပညာရပ်အ လိုက် (ကုန်းပတ်တပ်ဖွဲ့၊ ဆက်သွယ်ရေးတပ်ဖွဲ့၊ စက်တပ်ဖွဲ့၊ အထွေထွေတပ်ဖွဲ့)၊ တာဝန်ကျနေ့အလိုက် (ဖြူ၊ နီ၊ ပြာ) စ သဖြင့် ပိုင်းခြားတာဝန်သတ်မှတ်ထားပါတယ်။
ကြည်းတပ်သင်တန်းကျောင်းတွေမှာ သင်ပေးလိုက်တဲ့ စစ်ပညာတွေဟာ ရေတပ်အတွက် သိပ်ပြီးအသုံးမဝင်လှပါဘူး။ ဒါကြောင့်မို့ တပ်မတော်မှာ လက်ရှိကျင့်သုံးနေတဲ့ လေ့ကျင့်ရေးပုံစံဟာ စွမ်းရည်ပြည့်ခေတ်မီ တပ်မတော်ဖြစ်ပေါ်လာ ရေးဆိုတာထက် တပ်မတော်တရပ်လုံးအပေါ် ကြည်းတပ်က ဩဇာလွှမ်းမိုးရေးကိုသာ ဇောင်းပေးနေတာ သိသာပါ တယ်။ အမှန်တကယ် ခေတ်မီတပ်မတော်ဖြစ်စေချင်တယ် ဆိုရင် (ကြည်း၊ရေ၊လေ)တပ်အင်အားစုအလိုက် စွမ်းရည် မြှင့်တင်နိုင်ရေးကို အလေးထားဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ လေ့ကျင့်ရေးအထောက်အကူပစ္စည်းတွေ အထိုက်အ လျောက် ကောင်းမွန်တိုးတက်လာတာမှန်ပေမယ့် တဦးချင်း စွမ်းရည်ကျွမ်းကျင်မှုအပိုင်းမှာတော့ မျိုးဆက်အလိုက် နှိုင်း ယှဉ်လိုက်ရင် တဖြည်းဖြည်းကျဆင်းလာတာ တွေ့မြင်နိုင်ပါတယ်။ ဥပမာ- ရေတပ်သားတဦးဖြစ်ပါလျက် ရေမကူးတတ် သူတွေ များစွာရှိနေတာမျိုးပေါ့။ နည်းပညာတွေ လက်နက်ကိရိယာတန်ဆာပလာတွေ ဘယ်လောက်ကောင်းကောင်း ကျွမ်းကျင်မှုမရှိရင် အလကားပဲ။ နောက်တချက်က ကိုယ်စွမ်းကိုယ်စနည်းသူဟာ အခွင့်အရေးကို ဖြတ်လမ်းကလိုက် တတ်တယ်။ ဒီလိုနဲ့ပဲ တပ်ထဲမှာ သူများငယ်ထိပ်နင်းပြီး အခွင့်အရေးယူတာတွေ အကျင့်ပျက်မှုတွေ ပေါ်ပေါက်လာတာ ပဲ။ ကိုယ်စွမ်းကိုယ်စရှိတယ်ဆိုတာကလည်း မွေးရာပါပင်ကိုယ်အရည်အချင်းထက် လေ့ကျင့်ပျိုးထောင်မှုနဲ့ ပိုင်ဆိုင်ရရှိ တာမျိုးဖြစ်ပါတယ်။
သက်သာချောင်ချိရေးအပိုင်းမှာလည်း သက်ဆိုင်ရာတပ်မှူးကိုသာ တာဝန်ယူဖြေရှင်းစေတာတွေက များပါတယ်။ ဒါ ကြောင့် စစ်သည်မိသားစုသက်သာချောင်ချိရေး အကြောင်းပြချက်နဲ့ တပ်ပိုင်စီးပွားရေးလုပ်တဲ့အခါ မသမာမှုတွေ၊ ဥပ ဒေဘောင်ကျော် လုပ်ဆောင်မှုတွေရှိလာပါတယ်။ လစာတွေတိုးလာတော့ တပ်ပိုင်စီးပွား လုပ်ဆောင်ခွင့်ကိုရပ်ဆိုင်း လိုက်ပြန်တယ်။ လစာနှုန်းထားတွေ ခဏခဏပြောင်းလဲသတ်မှတ်ပေးနေပေမယ့် လည်းငွေကြေးဖောင်းပွမှုနဲ့ ကုန်ဈေး နှုန်းမတည်ငြိမ်မှုတွေကြောင့် စစ်သည်မိသားစုတွေ ဖူလုံလောက်ငှမှု မရှိပါ။ လက်ရှိလစာနှုန်းထားအရ တပ်ကြပ်ကြီး တဦးရတဲ့လစာဟာ ကျပ်သုံးသောင်းကျော်ပေမယ့် အမေရိကန် ဒေါ်လာငွေနဲ့တွက်ကြည့်မယ်ဆိုရင် (၃ဝ) ကျော် လောက်ပဲရှိတာပါ။ တကယ်တန်းမှာလည်း စစ်သည်တွေအပါအဝင် ဝန်ထမ်းအားလုံးအလိုရှိနေတာက လစာတွေဘုန်း ပေါလအော ထုတ်ယူဖို့မဟုတ်ဘဲ ကိုယ်ရတဲ့လစာ၊ ရိက္ခာနဲ့ မိသားစု ဣန္ဒြေသိက္ခာရှိရှိ နေနိုင်စားနိုင်ဖို့ပါပဲ။
ခုတော့ စစ်သည်အများစုကစစ်မှုထမ်းရတာဟာ နှစ်အကန့်အသတ်မရှိ ထောင်ကျတာလို့မြင်နေကြပြီ။ လေ့ကျင့်ရေး ပိုင်းနဲ့ သက်သာချောင်ချိရေး ဆောင်ရွက်ပေးနိုင်မှုအပိုင်းမှာ အားနည်းလာတဲ့အခါ စည်းကမ်းလိုက် နာမှုလျော့ရဲလာ တယ်။ စိတ်ဓာတ်ခွန်အားတွေ ကျဆင်းလာတယ်။ အကျင့်စာရိတ္တတွေ ခြစားလာတယ်။ အပြန်အလှန်လေးစားမှု ကင်း မဲ့လာတယ်။ တပ်တွင်းအမှုအခင်းတွေ တပ်ကထွက်ပြေးတာတွေပိုပို များပြားလာတယ်။ အရာရှိ တပ်ပြေးမှုတွေ များ လာတယ်။
သင်တန်းဆင်းပြီးကာစ အရာရှိငယ်တွေ တပ်၊ စခန်း၊ ရေယာဉ် ရောက်လာတဲ့အခါ ဆရာကြီးတွေကို ဦးလေးခေါ်လို့ ခေါ်၊ အကိုခေါ်လို့ခေါ်။ တချို့ရိုင်းပြသူတွေကြတော့လည်း ကိုယ့်ထက်အသက်အရွယ်များစွာ ကြီးရင့်တဲ့သူတွေကို “မင်း” “ငါ” နဲ့ ခေါ်ဝေါ်သုံးနှုန်းကြတယ်။ အရာရှိငယ်အချို့ အရာရှိတဦးနဲ့ မလျော်ညီတဲ့လုပ်ရပ် တွေ၊ ဝတ်စား နေထိုင် မှုတွေကြောင့် တပ်မှူးတွေ လိုက်ပြီးဖြေရှင်းရတာလည်း ခဏခဏ ကြုံဖူးပါတယ်။ ကျနော်နဲ့ အတူနေခဲ့ဖူးတဲ့ တပ်မှူး တဦးက “နောက်ပေါက် အရာရှိတွေရော စစ်သည်တွေပါ selfish ဖြစ်တာများတယ်” လို့မှတ်ချက်ပြုပါတယ်။
ကျနော့အမြင်ကတော့ အတ္တကြီးတယ် တကိုယ်ကောင်းဆန်တယ်ဆိုတာ တဦးချင်းနဲ့ ဆိုင်တဲ့ကိစ္စလို့ထင် မိပါတယ်။
စစ်သည်တွေအပိုင်းမှာလည်း အားနည်းချက်တွေရှိပါတယ်။ ခုနောက်ပိုင်း တပ်ထဲကိုရောက်လာတဲ့ ရဲဘော်တွေဟာ အ မိန့်နာခံမှုအားနည်းတယ်။ အလုပ်ဆိုရင်လည်း ပြီးစလွယ်လုပ်တတ်တာများတယ်။ ပြီးတော့ တပ်ကိုမလာဘဲ လနဲ့ချီပြီး ပျောက်နေလို့ အိမ်တိုင်ရာရောက်သွားပြီး ချော့မော့ခေါ်ရသူတွေအများကြီးရှိတယ်။
အဓိကအကြောင်းအရင်းက စစ်သည်တွေ တပ်နေမပျော်ကြတာပဲ။ ဒီလိုအဖြစ်အပျက်တွေ ဖြစ်လာတဲ့အတွက် ဘယ် သူ့မှာ တာဝန်ရှိသလဲလို့ မေးရင် ကျနော်ကတော့ တပ်မတော် ထိပ်သီးကြီးတွေကိုပဲ လက်ညှိုးထိုးပြချင်တယ်။ အာဏာ ကုလားထိုင်ပျောက်မှာစိုးလို့ သူတို့ဆန္ဒအလျောက် တပ်မတော်အင်အားကို မဆင်မခြင်တိုးချဲ့လိုက်တဲ့အတွက် မလွှဲမ ရှောင်သာ ရင်ဆိုင်ကြုံတွေ့လာရတဲ့ ပြဿနာတွေဖြစ်နေလို့ပဲ။
အရာရှိစစ်သည်တွေအနေနဲ့ တပ်မတော်ရဲ့ပင်မတာဝန်တွေဖြစ်တဲ့ စစ်တိုက်ရန်၊ စစ်တိုက်ရန်မရှိက လေ့ကျင့်ရေး လုပ်ဆောင်ရန်၊ လေ့ကျင့်ရန်မရှိက ပြည်သူအကျိုးပြုလုပ်ငန်း လုပ်ဆောင်ရန်ဆိုတဲ့တာဝန်တွေ ကိုထမ်းဆောင်ရာမှာ လက်ရှိအနေအထားအရ စစ်တိုက်ရန်သိပ်မရှိပါ။ လေ့ကျင့်ရေးကိုလည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းမရှိပါ။ လူထုအကျိုးပြုလုပ်ငန်းဆိုရာမှာလည်း ပြည်သူလိုအပ်ချက်ဆိုတာထက် ခေါင်းဆောင်ကြီးတွေရဲ့လိုအပ်ချက်ကို ဖြည့် ဆည်းပေးနေရတာ များပါတယ်။
ယနေ့ မြန်မာ့တပ်မတော်အင်အားဟာ ခန့်မှန်းခြေအားဖြင့်မြန်မာပြည်လူဦးရေရဲ့ တရာခိုင်နှုန်းမျှ ရှိနိုင်ပါတယ်။ အစိုး ရက တိုင်းပြည် GDP (၄ဝ) ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် သုံးစွဲနေကြောင်းဆိုကြလေတော့ တပ်မ တော်ကြီး တကယ်ပဲခေတ်မီသွားပြီလား။ ဖြစ်နိုင်ခြေရှိတာက မြန်မာပြည်ဖွား အမျိုးသားထုရဲ့ ငါးရာခို်င်နှုန်း လောက် ဟာ တပ်မတော်က ကျွေးသောရိက္ခာကိုစားဖူးပြီး တပ်မတော်သား သင်္ကေတဖြစ်တဲ့ ကိုယ်ပိုင်နံပါတ်ပြား အနည်းဆုံး တခုကို ကိုင်ဆောင်ဖူးကြပါတယ် (စစ်မှုထမ်းဖူးတာကိုဆိုလိုတာပါ)။ အများစုဟာ လက်ရှိတပ်မတော်ထဲမှာ မရှိပါဘူး။ အဲဒီအထဲမှာ စစ်သားလုပ်တမ်းကစားသူတွေလည်း ရှိပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် အချိန်မတန်မီ တပ်မတော်ပြင်ပကို လွင့်စင်ရောက်ရှိသွားတဲ့ အရာရှိ/စစ်သည်တွေကိုသာ စနစ်တကျ ပြန်လည်စုစည်းနိုင်မယ်ဆိုုရင် လက်ရှိတပ်မတော်အင်အားထက် မလျော့သော တပ်မတော်သစ်တရပ် ထပ် မံပေါ်ပေါက်လာနိုင်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ်ကတော့ ရဲဘော်ဟောင်းတွေကို ဗိိုလ်ချုပ်ကိုယ်တိုင် ပြန် လည်စုဖွဲ့ပြီး ကာကွယ်ရေးအရန် အင်အားအဖြစ်စုစည်းနိုင်ခဲ့တယ်။
ခုချိန်မှာတော့ သိပ်မလွယ်ဘူးထင်တယ်။ တိုင်းပြည်ရဲ့ အနေအထားကွာခြားသွားသလို ခေါင်းဆောင်အပေါ် ယုံကြည် ချစ်မြတ်နိုးစိတ်ကလည်း မတူညီနိုင်ကြတော့လို့ပါ။ ဒါကြောင့်မို့ လက်ရှိတပ်မတော်ထဲက အဖြစ်အပျက်တွေနဲ့ ကျနော် တို့တိုင်းပြည် ကြုံတွေဖြတ်သန်းနေရသော အကျပ်အတည်းတွေဟာ “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိ မည်” လို့ အဆက်မပြတ် ကြွေးကြော်နေသော စစ်ခေါင်းဆောင်ကြီးများအတွက် ထာဝရ စိန်ခေါ်ချက်များသဖွယ် ဖြစ် နေပါတော့တယ်။
တပ်ကြပ်ကြီး-နေမင်းသူ
ကြယ်လေး
January 17, 2011 at 9:57 pm
ပြည်သူ့စစ်မှုထမ်း ဥပဒေကို စီးပွားရေးအမြင်နဲ့ ကြည့်ခြင်း
http://mizzimaburmese.com/edop/songpa/6718-2011-01-14-11-05-13.html
ပြည်သူ့စစ်မှုထမ်းဥပဒေ” ထွက်လာတယ်။ တရားဝင် သတင်းစာတွေမှာ ထုတ်ပြန်ကြေညာထားတာ မဟုတ်သေးပေမယ့် အတည်နီးပါး အစိုးရပြန်တမ်းဂေဇက်က မီဒီယာတွေမှာ ပေါက်ကြားလာတယ်။ ချင်းမိုင်တက္ကသိုလ်က တလောကမှ စီးပွားရေးပညာ မဟာဘွဲ့ရထားတဲ့ ကျနော့်မိတ်ဆွေညီငယ် တယောက်က ပြောလာတယ်။ ၃- ရက်လောက် တွေးပူပြီး အိပ်မပျော်ဖြစ်သွားတယ်လို့ ဆိုတယ်။ သူသာ စစ်တပ်ထဲ ၂-နှစ်သွားနေရရင် ဘာဆက်လုပ်ရပါ့ဆိုပြီး တွေးပူမိ တဲ့ အကြောင်းပါ။ ကျနော်ကတော့ သူပြောတာကို စီးပွားရေးပညာသဘောနဲ့ အခွင့်အလမ်းအတွက် ပေးရတဲ့တန်ဖိုး (Opportunity cost) ကို ပြောတာလို့ သဘောပေါက်လိုက်ပါတယ်။
စီးပွားရေးပညာမှာ အခွင့်အလမ်းတခုအတွက် ပေးဆပ်လိုက်ရတဲ့ တန်ဖိုး (Opportunity cost) ဆိုတာ ရှိပါတယ်။ ဒီလို စဉ်းစားချက်ကို မူဝါဒချမှတ်ရာ နေရာအတော်များများမှာ အသုံးပြု ထည့်သွင်းစဉ်းစားလေ့ ရှိပါတယ်။ စီးပွားရေးပညာ သဘောမှာ အရင်းအမြစ် (Resources) တွေက အကန့်အသတ်ရှိပါတယ်။ ရှားပါးပါတယ်။ အဲဒီတော့ ရှားပါးနေတဲ့ အရင်း အမြစ်တွေကို အကောင်းဆုံးဘယ်လိုနေရာချမယ်ဆိုတာက စဉ်းစားရတာက စီးပွားရေးပညာသဘောပါ။ (Opportunity cost) ပေးဆပ်လိုက်ရတဲ့ အခွင့်အလမ်းတန်ဖိုးဆိုတာကို ဒီလို အဓိပ္ပာယ်ဖွင့်ကြပါတယ်။
ငွေကုန်ကြေးကျ စွန့်လိုက်ရတဲ့ ထုတ်လုပ်မှု ရလဒ် (output forgone) တွေသာမက အချိန်ကုန်တာ၊ လူတွေက ကိုယ်စိတ်ပါဝင် စားမှု မရှိတဲ့ အလုပ်ကို လုပ်နေရလို့ မအောင်မြင်တာ၊ ထုတ်လိုက်တဲ့ ထွက်ကုန်တွေရဲ့ အသုံးဝင်မှုအတိုင်းအတာ (utility) တွေကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုပါသေးတယ်။
Opportunity cost is the cost related to the next-best choice available to someone who has picked among several mutually exclusive choices. (တခုယူရင် တခုမရတော့ဘူးဆိုတဲ့ ရွေးချယ်စရာနည်းလမ်းတွေကြားထဲမှာ ကိုယ်က တခုခုကို ရွေးချယ်လိုက်တဲ့အခါ ကျန်တဲ့၊ လက်လွတ်သွားတဲ့ တခြားအကောင်းဆုံး ရွေးချယ်စရာ အခွင့်အလမ်း တွေကို ဆိုလိုတာ ဖြစ်ပါတယ်။) ဒီသဘောကို နိုင်ငံရေးသိပ္ပံပညာရှင် ဂျွန်စတော့ မေးလ် (John Staurt Mill) က စတင် ဆွေးနွေးခဲ့တယ်လို့လဲ ဆိုကြပါတယ်။
တကယ်ကတော့ စီးပွားရေးပညာဆိုတာ ရှားပါးမှု (scarcity) နဲ့ ရွေးချယ်မှု (choice) ကြားထဲက အခြေခံ ဆက်ဆံရေး တခုသာ ဖြစ်ပါတယ်။ အဲဒီတော့ ရှားပါးလှတဲ့ အရင်းအမြစ်ကို ဘယ်လိုအကောင်းဆုံး ထိရောက်အောင်၊ အကျိုးရှိအောင် စဉ်းစား အသုံးချကြဖို့ ရည်ညွှန်းတာ ဖြစ်ပါတယ်။
ပေးလိုက်ရမယ့် တန်ဖိုးရယ်၊ ပြန်ရလာမယ့် ရလဒ်ရယ်ကို တွက်ချကြရတာ ဖြစ်ပါတယ်။ ပိုရှင်းအောင် ဥပမာတွေနဲ့ ရှင်းပြချင်ပါတယ်။
(၁ဝ) တန်းအောင်ပြီးတဲ့ ကျောင်းသားတယောက်က ကျောင်းနားပြီးတော့ အလုပ်လုပ်မယ်။ ဒါမှမဟုတ် တက္ကသိုလ် ကောလိပ် ဆက်တက်မယ်ဆိုတဲ့ ရွေးချယ်မှုလုပ်ရဖို့ ဖြစ်လာပါတယ်။ သူ အလုပ်ထွက်လုပ်ရင်တော့ သေချာတာက ပိုက်ဆံငွေကြေး ဝင်လာပါလိမ့်မယ်။ တက္ကသိုလ်ကျောင်းသားဘဝကို ဖြတ်မယ်ဆိုရင်တော့ ငွေကုန်ကြေးကျရှိမှာ ဖြစ်တဲ့အပြင် တချိန်မှသာပဲ အလုပ်ခွင်ကို ပြန်ရောက်ဖို့ရှိပါတယ်။ မိဘက ပိုက်ဆံမချမ်းသာဘူးဆိုရင်လဲ ကျောင်းသားဘဝ မှာ ချို့ချို့ငဲ့ငဲ့ နေရပါအုံးမယ်။ အလုပ်ထွက်လုပ်ဖို့ ရွေးချယ်လိုက်ခြင်းဖြင့် သူ တခြားအခွင့်အလမ်းတွေကို စွန့်လိုက်ရပါတယ်။ အနောက်နိုင်ငံတွေမှာ လေ့လာထားချက်အရ ကောလိပ်အောင်ပြီးသူတွေက ပိုပြီးဝင်ငွေကောင်းတယ်။ အလုပ် အကိုင်ရဖို့ အခွင့်အလမ်းများတယ်လို့ သုတေသနတွေက ဆိုပါတယ်။
အဲဒီ ၂-နှစ်မှာ စီးပွားရေးလုပ်ရင် သူဌေး ပေါက်စလဲ ဖြစ်နိုင်ပါသေးတယ်။ ပညာတတ်ကြီးလဲ ဖြစ်သွားနိုင်ပါသေး တယ်။ သိပ္ပံပညာရှင်လဲ ဖြစ်နိုင်ပါတယ်။
အဲဒါသာမက တက္ကသိုလ်မှာ သူ့မိတ်ဆွေ ပေါင်းသင်း ဆက်ဆံရေးလဲ ပိုကျယ်ပြန့်နိုင်ပါတယ်။ ဝေဖန်ပိုင်းခြားမှု (critical thinking) လဲ ပိုပြီး ဖွံ့ဖြိုးလာနိုင်ပါတယ်။ တခြား ပိုကောင်းတဲ့ ဘဝရွေးချယ်စရာလမ်းတွေလဲ ပွင့်လာနိုင်ပါသေးတယ်။ ကိုယ်ကျင့်သိက္ခာ ပိုအဆင့်မြင့်မား စွာ နေထိုင်နိုင်ဖို့လဲ ဖြစ်နိုင်ပါတယ်။ ဒါတင်မက အခြား ရွေးချယ်စရာ အခွင့်အလမ်း၊ အကျိုးအမြတ်များစွာလဲ ရှိနေနိုင်ပါသေးတယ်။ ဒါပေမယ့် တချို့ကတော့ ဘဝအခြေအနေအရပဲ ဖြစ်စေ၊ ကိုယ်သန်ရာ စိတ်ပါရာ မဟုတ်လို့ဖြစ်စေ၊ ကိုယ်အာရုံစိတ်ဝင်စားတဲ့ အလုပ်ကို ရွေးချယ်ကြတာ ရှိပါတယ်။ တခုကိုရဖို့ ကျန်တာတွေ စွန့်လွှတ်ပေးလိုက်ရတယ် ဆိုတာပါပဲ။
နောက်ဥပမာတခုကတော့ နိုင်ငံတခုရဲ့ စီးပွားရေးမှာ ထွက်ကုန် ၂ မျိုးပဲ ထုတ်တယ်ဆိုပါစို့။ တခုက ပန်းသီးတွေထုတ်တယ်။ ကျန်တာတခုက ရှူးဖိနပ်တွေ ထုတ်တယ် ဆိုပါစို့။ စီးပွားရေးစနစ်တခုမှာ ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု အတွက် သုံးရတာက မြေ၊ လုပ်အား၊ အရင်းအနှီး (Land, Labor, Capital) တွေပါ။ ဒါတွေအားလုံးကို စိုက်ထုတ်သုံးစွဲရင် ဆိုပါစို့၊ ပန်းသီးက သန်း ၁ဝဝ ထုတ်နိုင်ပါလိမ့်မယ်။ တကယ်လို့ ရှူးဖိနပ်ချည်းပဲ ထုတ်မယ် ဆိုပါစို့။ ဖိနပ်အစုံ ၄ သန်း ထုတ်နိုင်ပါမယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ တခုထုတ်ရင် ကျန်တာတခု မရပါဘူး။ သို့သော်လဲ တချို့လူတွေက ပန်းသီး ထုတ်- တချို့လူတွေက ဖိနပ်ထုတ်ဆိုရင် ပန်းသီးလဲ တချို့ရ၊ ဖိနပ်လဲ တချို့ရပါလိမ့်မယ်။
အဲဒီကြားထဲမှာ ဆက်သွယ်မှု တခု ရှိလာပါတယ်။ Production Possibility Frontier (Production Possibility Curve) “ထုတ်လုပ်မှု ဖြစ်နိုင်ခြေပြ မျဉ်းကွေး” လို့ခေါ်ပါတယ်။ ဒီနေရာမှာ ထုတ်ကုန်နှစ်ခုလုံး ရအောင် အကန့်အသတ်ရှိနေတဲ့ အရင်းအမြစ်တွေကို ဘယ်လိုအကျိုးရှိအောင် အသုံးချရမယ်ဆိုတဲ့ စဉ်းစားစရာ ဖြစ်လာပါတယ်။ မူဝါဒချမှတ်သူတိုင်းက ဒီကိစ္စကိုစဉ်းစားကြရပါတယ်။ ငွေကုန်ကြေးကျ စွန့်လိုက်ရတဲ့ ထုတ်လုပ်မှုရလဒ် (output forgone) တွေသာမက အချိန်ကုန်တာ၊ လူတွေက ကိုယ်စိတ်ပါဝင်စားမှု မရှိတဲ့ အလုပ်ကို လုပ်နေရလို့ မအောင်မြင်တာ၊ ထုတ်လိုက်တဲ့ ထွက်ကုန်တွေရဲ့ အသုံးဝင်မှုအတိုင်းအတာ (utility) တွေကိုလဲ ထည့်သွင်းစဉ်းစားဖို့ လိုပါသေးတယ်။
နိုင်ငံခြားတွေမှာ အစိုးရတွေက ဒုံးခွင်းဒုံးကာကွယ်ရေး အစီအစဉ်တွေ ချမယ်ဆိုတော့လဲ ကုန်ကျစရိတ်နဲ့ ရလဒ်ကို တွက်ကြရပြန်ပါတယ်။ ဒီကိစ္စတွေ ဆွေးနွေးငြင်းခုန်ကျတော့ အခုလို opportunity cost ကို ထည့်သွင်းဆွေးနွေးကြတာ တွေ ကြားဖူးပါတယ်။ လူတဦးချင်းမှာလဲ အခုလို စွန့်လွှတ်လိုက်ရမယ့် အခွင့်အလမ်းကိစ္စတွေ ကြီးကြီးမားမား ရှိပါ တယ်။ ထိုင်းနိုင်ငံမှာ စစ်သားလုပ်ရမယ် မဲချတော့ စစ်သားလုပ်ရမယ့် အဆိုတော်ပေါက်စ၊ မင်းသားပေါက်စတွေက မလုပ်ချင်ကြပါဘူး။ အနုပညာနယ်ပယ်မှာ သူတို့ ၂-နှစ် မြှုပ်နှံလုပ်ကိုင်ရင် နာမည်ကြီးအဆိုတော်၊ မင်းသားလဲ ဖြစ်သွားနိုင်ပါသေးတယ်။ အဲသလို မဟုတ်ဘဲ စစ်တပ်ထဲ တာဝန်အရ (စစ်မတိုက်ရဘူးပဲ ထားအုံး၊ အသက်သေလောက်အောင် မစွန့်စားရဘူးပဲ ထားအုံး) ၂-နှစ် သွားနေရတဲ့အခါ အရွယ်ကောင်းမှာ နာမည်တက်နေစ အခွင့်အရေးလေးလဲ ဆုံးရှုံးသွားနိုင်ပါသေးတယ်။
Labor ဆိုတဲ့ လူလုပ်အားကို ကုန် ထုတ်လုပ်မှုမှာ သုံးမလား၊ စစ်တိုက်တဲ့ နေရာမှာ သုံးမလားဆိုတာ အစိုးရတခုအဖို့ ပြန်စဉ်းစားဖို့ အများကြီးကောင်းတဲ့ အနေအထားပါ။
သဘောကတော့ မြန်မာပြည်မှာ အခုနာမည်ကြီးနေတဲ့ မင်းသား “နေတိုး” ၂-နှစ်လောက် စစ်မှုထမ်းနေရလို့ ပျောက်သွားရင် နာမည်ကျော်ပါတော့ အုံးမလားဆိုတာမျိုး တွေးပူစရာပါပဲ။ အဲဒီ ၂-နှစ်မှာ စီးပွားရေးလုပ်ရင် သူဌေးပေါက်စလဲ ဖြစ်နိုင်ပါသေးတယ်။ ပညာတတ်ကြီးလဲ ဖြစ်သွားနိုင်ပါသေး တယ်။ သိပ္ပံပညာရှင်လဲ ဖြစ်နိုင်ပါတယ်။ ဆုံးရှုံးနိုင်ခြေတွေက အများကြီးပါ။
အလားတူ နိုင်ငံတခုမှာလဲ ဆုံးရှုံးစရာတွေ အများကြီး ရှိပါတယ်။ ခုနက တင်ပြခဲ့သလို နိုင်ငံတခုရဲ့ မြေ၊ လူလုပ်အား၊ အရင်း အနှီး (Land, labor, capital) ဆိုတဲ့ အခြေခံအရင်းအမြစ်တွေကို ကောင်းကောင်း ထိရောက်အောင် နေရာချဖို့ လိုအပ်နေပါတယ်။ Labor ဆိုတဲ့ လူလုပ်အားကို ကုန်ထုတ်လုပ်မှုမှာ သုံးမလား၊ စစ်တိုက်တဲ့နေရာမှာ သုံးမလားဆိုတာ အစိုးရတခုအဖို့ ပြန်စဉ်းစားဖို့ အများကြီးကောင်းတဲ့ အနေအထားပါ။ (ကျန်တဲ့ နိုင်ငံရေးပြဿနာတွေကို ဒီနေရာမှာ ခဏ မစဉ်းစားဘဲ ထားပါတယ်။) အရင်းအမြစ်တွေက အကန့်အသတ်ရှိပါတယ်။ ရှားပါးပါတယ်။ ထိရောက်အောင် ဉာဏ်ကို လွှာသုံးဖို့ လိုအပ်ပါတယ်။
ဆိုပါစို့။ ကျနော်တို့နိုင်ငံက ၁၉၈၈ ခုနှစ်ကထဲက ဒီမိုကရေစီ အပြောင်းအလဲ ခရီးတခုကို စနိုင်ခဲ့တယ် ဆိုပါစို့။ အတော် ခရီးရောက်နေလောက်ပါပြီ။ နှစ် -၂ဝ အကြာ ၂ဝ၁ဝ မှာ အတော်လေးလဲ ခရီးပေါက် ရင့်ကျက်နေနိုင်ပါတယ်။ ပြဿနာ တွေက အဟောင်းမဟုတ်တော့ဘဲ ပြဿနာအသစ်၊ စိန်ခေါ်မှု အသစ်တွေအတွက် ပြင်ဆင်ရင်ဆိုင်နေရလောက်ပါပြီ။ အခု အနှစ်-၂ဝ နောက်ကျပြီးမှ ခရီးစကျမယ်ဆိုတော့ နောက်ကျသွားလို့ ဆုံးရှုံးရတာ နှစ်-၂ဝ တင်မကပါဘူး။ အဲဒီအချိန်မှာ သူများနိုင်ငံတွေကလဲ ရပ်မနေပါဘူး။ နိုင်ငံတခုအတွက် opportunity cost တွေ ဘယ်လောက်ဆုံးရှုံးသွားတယ် ဆိုတာ ကျနော်တွက်ဆကြည့်တော့ ဝမ်းနည်းစရာပါ။ အခုအထိတိုင် လွတ်လပ်ရေးရချိန်က စခဲ့တဲ့ ပြည်တွင်းစစ်ရယ်၊ ပြဿနာဟောင်းတွေရယ်မှာပဲ ကျနော်တို့ လည်နေကြရတုန်း မဟုတ်ပါလား။
http://mizzimaburmese.com/edop/songpa/6718-2011-01-14-11-05-13.html
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
January 18, 2011 at 1:48 am
သံတော်ဆင့် အယ်ဒီတာ ဦးမြင့်ဆွေ။
စကားလုံးဆော့ကစားတာ တော်တယ်ဗျာ။ အံ့မခန်းပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကိုင်ပေါက်ထည့်လိုက်တော့ တော်ရုံလူဆို ဒီစာဖတ်ပြီးရင် ကျသွားမှာပဲ။ ခေတ်တွေ စံနစ်တွေ ပြောင်းခဲ့ပါပြီ။ တိုင်းပြည်ကာကွယ်ဖို့ဆိုတာ စစ်သားမှလုပ်နိုင်တာ မဟုတ်ပါဘူး။ တိုင်းပြည်ကို လက်နက်နဲ့တည်ဆောက်တဲ့ ခေတ်ကုန်သွားပါပြီ။ စစ်အင်အား နဲ့တည်ဆောက်တဲ့ခေတ် ကုန်သွားပြီဗျ။ မူမမှန်တဲ့ တိုင်းပြည်သာ လက်နက် အားကိုးနေရတာပါ။ ဥပမာ မြောက်ကိုရီးယား။
တပ်မတော်မျက်နှပမ်းမလှမှု တဲ့လား။ ခင်ဗျားသုံးတဲ့စကားလုံးတွေ ယဉ်တယ် ဗျာ။ မှတ်သားထားရပါဦးမယ်။ မြန်မာတွေအတွက် အသစ်အဆန်းဖြစ်နေလို့ ဝန်ပိုမထမ်းချင်တဲ့ကိစ္စတဲ့လား။ ဒါလည်းလှတာပဲ။ ကျားမြီးတောင်ဆွဲလိုက်ရ တယ်ဆိုပဲ။ သနားစရာကောင်းလိုက်ပါဘိ။
နိုင်ငံရေးသည် စီးပွားရေးအပေါ်အခြေစိုက်သည်တဲ့။ ဒါလည်း ခုမှပဲကြားဖူးတော့တယ်။ တိုင်းပြည်စီးပွားရေးကောင်းလို့ စစ်ဗိုလ်တွေကြီးပွား တယ်လို့ ဆိုလိုတာပေါ့။
အင်တာနက်ကဖေးမလိုတဲ့ ပိုပြီးပီပြင်တဲ့ လူငယ်ကွန်ရက်ဖြစ်လာနိုင်တယ်တဲ့။ ဒါလည်းကောင်းပါတယ်။ ပိုက်ဆံကုန် သက်သာတယ်။
စစ်အာဏာရှင်စနစ်သည် ဗျူဟာမြောက်စွာ တစ်လှမ်းချင်းဆုတ်ခွာရန် ပြင်ဆင်နေသည်တဲ့။ မှန်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲကိုပဲကြည့်ပါ။ သမာသမတ်ရှိလှပါပေသည်။
အခြေခံစီးပွားရေးပိုင်ဆိုင်မှုများ တစထက်တစ လူထုလက်ထဲရောက်ရှိနေတယ် တဲ့လား။ ဒါကြောင့် တေဇတို့ ကြီးပွားနေကြ တာပေါ့။
တော်ပြီဗျာ။ အဲဒီစာမျိုးတွေဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ တော်ရုံလူဆို ကျသွားမှာ။ အဲဒီစာကို တစ်လုံးချင်း၊ တစ်ကြောင်းချင်း ပြန်ရှင်းနိုင်တယ်။ ဒါပေ မယ့် ဒေါသတအားထွက်လာပြီး ကွန်ပြူတာ ကိုင်ပေါက်မိလိမ့်မယ်။
bigcat
January 18, 2011 at 2:30 am
ဒီလူက အန်အယ်ဒီနဲ့ဒေါ်စုကို ဝေဖန်ပြီး လုပ်စားနေတာကြာပေါ့။ သူ့သတင်းစာကို ဘယ်သူမှ အရေးစိုက်ဖတ်ပုံလည်းမရပါဘူး။ သဂျီးကသာ သူ့ဆိုက်မှာ ကြော်ငြာဝင်မလားလို့ မျှော်လင့်ချက်နဲ့ ဖြစ်ပုံရတယ်။ မထင်နဲ့ဗျို့ အဲဒီသတင်းစာက အလားအလားလုံးဝမရှိဘူး၊ ဖတ်သူနဲ့ ရေးသူတဦးထဲပဲရှိတယ်။ နအဖသံရုံးကလူတောင် မဖတ်ဘူး။
nanmyat
January 19, 2011 at 4:21 am
အပေါ်ကပုံတွေကစစ်အကျီဝတ်ထားတဲ့သူပုန်တွေပါ။ပုံတင်ရင်လည်းသေချာလေးတင်ပါ။သူပုန်မှန်းမသိ။စစ်သားတွေမှန်းမသိ။
etone
January 19, 2011 at 9:21 am
ဆင်သေကို ဆိတ်သားရေနဲ့ မဖုံးနေပါနဲ့ ……… စစ်အင်္ကျီဝတ်တဲ့ သူပုန်တဲ့လား ရယ် ရတယ် ဟိဟိ 😀 😀
Maung Dae`
January 19, 2011 at 8:39 am
အင်း… ကျွန်တော်လဲ စိတ်ထဲမှာ ဒွိဟဖြစ်နေတာ.. ထမ်းရတာတော့ထမ်းရမှာပဲ.. သူတို့ကလဲ လူလည်တွေပါ.. တကယ်ကိုလည်တဲ့လူလည်တွေပါ.. သူတို့ ဘာကိုမှ ကြိုတင် စီစဉ်ထားခြင်းမရှိပဲနဲ့ ဒီဥပဒေကို ပြဌာန်းမယ်မထင်ပါ.. သူတို့ တစ်ခုခုတော့ကြံပြီးလောက်ပီ… ပြည်သူတွေလက်ထဲကို စစ်တပ်ကို လွယ်လွယ်နဲ့ အပ်မှာမဟုတ်ပါဘူး…. ပြည်သူတွေအားလုံးညီညွတ်ရင်တော့ အကောင်းဆုံးပေါ့..
သူတို့က အနုနည်းနဲ့တော့ရမယ်မထင်.. Wait & Watch က လောလောဆယ် ဘယ်လိုမှ အသုူံးမကျသေးသည့် နည်းတစ်ခုဖြစ်နေတယ်..
အုံကြွရအောင်လည်း သူတို့လက်ထဲမှာ လက်နက်က အပြည့်..
တကယ့်ကို ဘေးကျပ် နံကျပ်ပဲ.. ဒါကိုဘယ်လိုဖြေရှင်းမလဲ..
သေချာတာကတော့ စစ်မှုကိုတော့ ထမ်းကိုထမ်းရမှာပဲ.. ကိုယ်ထမ်းနေတဲ့အချိန်စစ်သားဖြစ်နေတဲ့အချိန်မှာ တစ်ခုခုဖြစ်ပီဟေ့ဆိုရင်သာ ရင်း ရဲရမယ်…
nanmyat
January 21, 2011 at 4:51 am
မသိလို့ရေးမိတာကိုဦးဦးetoneကသမီးကိုဟားတာလား။နောက်ကိုမကြိုက်ရင်မရေးတော့ပါဘူး။တစ်ခါတည်းပါ။ဦးဦးစိတ်တို
R Ga
January 21, 2011 at 9:18 am
သူပုန်အဲသူပုန်မဟုတ်ပါဘူးကွယ် (တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ဆိုရင်ပိုမှန်မယ်)သူတို့တွေရဲ့ ယူနီဖောင်း တွေက စစ်တပ်က ယူနီဖောင်းထက် အဆများစွာသာပါသေးတယ်ကွယ်..။ တော်ကြာ င့ါညီမပြောတဲ့ သူပုန်များကြားရင် ငိုသွားပါဦးမယ်။
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
January 21, 2011 at 6:53 am
နန်းမြတ်လေးရေ ဒေါ်ဒေါ်အီးတုံးပါကွယ်။ ရေးသာရေးပါ။ အမြဲအားပေးနေတယ်။
Sayagyi
January 23, 2011 at 8:24 am
သိပ်ပြီးတော့ discuss လုပ်ရမယ့်ကိစ္စလို ့မထင်ပါ၊ နိုင်ငံတော်တော်များများမှာ ရှိတဲ့ဥပဒေပဲလေ။ နိုင်ငံတနိုင်ငံမှာလိုအပ်ရင် စစ်မှုထမ်းရတာပဲလေ။ စစ်အစိုးရအနေနဲ ့စစ်သားရှားပါးတာကို အကူအညီဖြစ်စေမယ့် ဥပဒေပဲ။ အဲဒါအတည်ဖြစ်သွားပြီးရင် ကလေးစစ်သား စုဆောင်းမှုတို ့ပေါ်တာ ခေါ်တာတို ့ပျောက်သွားမှာဖြစ်တယ်။ စစ်မှုထမ်းဆင့်ခေါ်လို ့သွားချင်ရင်သွားမသွားချင်ရင်လည်းရတာပဲ၊ အရေးယူခံရမှာပေါ့။ မိုဟာမက်အလီတို ့၊ ကိုရီးယားမင်းသားတွေ ဆိုရင် ဆင့်ခေါ်တဲ့အချိန်မှာမသွားကြလို ့ ့ထောင်ကျခဲ့ရတာပဲ။ အဲဒါကြောင့်ပြောတာ သိပ်ပြီးdiscuss လုပ်စရာကိစ္စမဟုတ်ဘူးလို ့။
bigcat
January 23, 2011 at 7:25 pm
ဆရာဂျီးက စစ်ဗိုလ်ချုပ်နဲ့ တေဇလိုလူမျိုးတွေ အထိနာတဲ့ ပိတ်ဆို့မှုမျိုးကြတော့ မကောင်းဘူး မှားတယ်လို့ စာတတန်ပေတတန်ဖွဲ့ပြီး လူငယ်လူလတ် ကျားမအကုန် ကုလားပဲစား စစ်ကျွန်ခံရမဲ့ အရေးကြတော့ သိပ်ဆွေးနွေးစရာ မဟုတ်ပါဘူးတဲ့လား။ အမေရိကားတို့ ကိုရီးယားတို့မှာ ပြည်တွင်းစစ် မဖြစ်နေဘူးလေ။ သူတို့စစ်တပ်က ပြည့်ပြည့်စုံစုံ ထောက်ပံ့လေ့ကျင့်ပေးထားတဲ့ ဒီမိုကရေစီစစ်တပ်ဗျ။ အဲလိုမျိုးတောင် ရှောင်ကြတိမ်းကြရင် ဖက်ဆစ်ပုံစံ ငမွဲစစ်တပ်ထဲဝင်ပြီး ကျွန်ခံဖို့ အတွေ့အကြုံမရှိတဲ့ သာမန်ပြည်သူတွေအတွက် အရေးတကြီး ဆွေးနွေးစရာ မဖြစ်ရဘူးလား။
မိုက်ကယ်ဂျော်နီအောင်ပု
January 23, 2011 at 1:00 pm
တိုင်းရင်းသားခွဲထွက်ရေး အဖွဲစည်းတွေဟာ သဘောအရ အရပ်စကားအရ သူပုန်ပါဘဲ
ဒါပေမယ့် အပြေုသဘောဆောင်ပြီးရေးရင်
မင်းတို ့အားလုံးကို
ခွေးမသားတွေ
ခွေးမသမီးတွေလို ့ပြောရပါလိမ့်မယ်
မင်းတို ့အမြင်တိုင်း
ပေါက်လွှတ်ပဲစားပြောကြစတမ်းဆိုရင်
လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတဲ့သူတွေက နွားတွေလားကွ
kai
January 23, 2011 at 8:45 pm
ခွေးမမှာ ..သမီးရှိမှန်း အခုမှသိတော့တယ်..။
မှတ်သားစရာ..။ 🙂
တရားမျှတမှုကိုရှာဖွေရင်း ရှုံးနိမ့်နေသူတစ်ဦး။
January 24, 2011 at 2:47 am
ဆန်ရှင်ကိစ္စနဲ့ အပေးအယူလုပ်ဖို့များလား။ ဒါဆိုရင်လည်း အမေစု လျှော့မပေးပါနဲ့။
Sayagyi
January 24, 2011 at 12:04 pm
Bigcat ေ၇၊
Countries with mandatory military service list ကိုgoogle ကြည့်လိုက်ပါ။ နောက်တခုကဘာကြောင့် NLD နဲ ့အစိုးရဆန် ့ကျင်သူတွေက အဲဒီဥပဒေကိုသိပ်ပြီးမဆွေးနွေးကြတာလဲ ဆိုတာ လေ့လာကြည့်ပါလား။ အကြောင်းတွေရှိတယ်။ မြန်မာတနိုင်ငံတည်းမဟုတ်လို ့ပဲ။
sayargyi
January 24, 2011 at 3:53 pm
အစိုးရကို လူတွေ အယုံအကြည် ကင်းမဲ့တာလဲ လုံးဝ မဆန်းတော့ပါဘူး
အယုံအကြည်ရှိစေချင်ရင် ယုံကြည်အောင်လုပ်ပြမှ ဖြစ်မှာပါ
ဥပမာ….မြန်မာနှိင်ငံ တွင်းမှာ “မည်သည့်ကားမှ စတေကာအမဲ မကပ်ရ” လို့ ဥပဒေ ရှိပြီး ဘာကြောင့် သူတို့ကားတွေကြတော့ကပ်ထားလဲ….ဒီလို အသေးအဖွဲကိစ္စ တောင် အပြောနဲ့ အလုပ် မညီတာ ပြည်သူတွေ မယုံတာ အပြစ် မရှိပါဘူး….
စကားမစပ်….အရင်က ကျွန်တော် sayargyi ဆိုတဲ့ နာမည်နဲ့ ရွာထဲမှာ မန်းဘူးပါတယ်..ဒါပေမယ့် အခု နာမည်ပြောင်းပြီး ရေးတာ ၂ပါတ် လောက်ရှိပါပြီ…အထက်က sayagyi ဆိုသူနှင့် ယခင် sayargyi နာမည်ဆင်သောကြောင့် ရွာထဲမှာလူမှားမှာစိုးလို့ ပြောပြတာပါ…
bigcat
January 26, 2011 at 12:25 am
ကွန်မန့်မှာတော ဆရာဂျီးနေတုန်းပဲဗျ။ တော်ကြာကြားချောင်ထိနေအုံးမှန်၊ မြန်မြန်ပြောင်းလိုက်။
zaw min
January 24, 2011 at 6:55 pm
မရေးတော့ဘူးလို့နေတာ၊ဖတ်မိတော့ မအိပ်နိုင်သေးပဲ၊ရေးမိပြန်ပီ။
ဒီမိုကရေစီဘက်တော်သားညီအကိုမောင်နှမများရော။စစ်တပ်ဖက်ကပုဂိ္ဂုလ်များရော အားလုံးဟာ မြန်မာပြည်သူပြည်သားတွေပါပဲ။
ဒီအချိန်မှာအရေးအကြီးဆုံးက ကျွန်တော်တို့အာလုံးစည်းလုံးကြဖို့၊ညီညွတ်ကြဖို့ပါပဲ။
ဆရာကြီး ဒဂုန်တာယာရဲ့နှစ်သစ်ကူး နှတ်ခွန်းဆက်စကားမှာလည်း ဒါပဲပြောသွားတာပဲ။ဆရာကြီး ဒဂုန်တာယာဟာ လာမည့် မေလ ၁ဝ ရက်နေ့မှာ အသက် ၉၂ နှစ်ပြည့်မှာပါ။ယနေ့အထိ သတိကောင်း၊ကျမ်းမာရေးကောင်းနေဆဲပါ၊နိုင်ငံရေး ဗဟုသုတ လည်းပြည့်စုံသူတစ်ဦးပါ။
တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေးအတွက် အဓိက ငြိမ်းချမ်းရေး၊ညီညွတ်ရေး အထူးလိုအပ်ကြောင်း အစဉ်တစိုက်ပြောကြားနေသူပါ။
လက်ရှိ အုပ်ချုပ်နေသောအစိုးရသည် ယ္ခင် တုံးက မ.ဆ.လ အစိုးရမဟုပ်ပါ။
ဗိုလ်သန်းရွှေ သည် ဗိုလ်နေဝင်း မဟုတ်ပါ။ဗိုလ်သန်းရွှေ သည် စိတ်ဓါတ်စစ်ဆင်ရေး အရာရှိပီပီ အရာရာကိုသေသေချာချာ အကွက်ချပြီးမှ လုပ်သည်။ဗိုလ်နေဝင်း လက်ထက်က အမှားတွေကို သင်ခန်းစာ ယူပြီး၊အဆင့်ဆင့် ပြုလုပ်သွားခဲ့သည်။
လူတွေကို အာရုံပြောင်းသွားအောင် နည်းမျိုးစုံသုံးတတ်သည်။
အဓိက ကသူ့ရဲ့ အကွက်လှလှလေးတွေနဲ့ စီမံမူတွေကို ကျွန်တော်တို့တွေရဲ့ ညီညွတ်မူ၊စည်းလုံးမူတွေ နဲ့ကာကွယ်ကြပါစို့။
kai
January 24, 2011 at 7:03 pm
ရန်သူမရှိ
မောင်ဝံသ
(၂၀၁ဝခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ထုတ် Popular News ဂျာနယ်က ဆရာ မောင်ဝံသရဲ့ ဆောင်းပါး ဖြစ်ပါတယ်။ ရန်သူမရှိ၊ မိတ်ဆွေသာ ရှိဆိုတဲ့ ဆရာ ဒဂုန်တာရာရဲ့ အယူအဆကို ချဲ့ပြီးတွေး ထားတာကို မျှဝေပေးလိုက်ပါတယ်။ )
‘ရန်သူမရှိ မိတ်ဆွေသာရှိ’၊ ‘နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင် လုပ်တာ’ ဤစကား များကို ကဗျာဆရာ၊ စာရေးဆရာကြီး ဒဂုန်တာရာ စဉ်ဆက်မပြတ် ပြောနေခဲ့တာ ကြာပါပြီ။
ဆရာ ဒဂုန်တာရာ ဆိုတာ သက်ရှိ စာပေပညာရှင်များ ထဲမှာ ကျွန်တော်တို့ အလေးအမြတ် အပြုရဆုံး ဆရာ တစ်ဆူပါ။ သခင်အောင်ဆန်း၊ သခင်ဗဟိန်း၊ သခင်နု၊ သခင်သန်းထွန်း၊ ဦးဗဆွေတို့နဲ့ ရင်းနှီးခင်မင် ခဲ့သူ။ မြန်မာ့ နိုင်ငံရေး တစ်ခေတ်ကို ဦးဆောင်ခဲ့တဲ့ ထိုပုဂ္ဂိုလ်များကို ရုပ်ပုံလွှာ အရေးအသားနဲ့ စာပန်းချီ ခြယ်ခဲ့သူ။ အလွန် အစဉ်အလာ ကြီးမားတဲ့ ဆရာ ဒဂုန်တာရာပါ။
‘ရန်သူမရှိ’ အယူအဆကို ဆရာ ဒဂုန်တာရာ မနားမနေ ပြောနေခဲ့တာ ဆယ်စုနှစ် တစ်ခုလောက် ရှိပြီ ထင်ပါတယ်။ ဆရာ့ကို ကြည်ညိုတဲ့ လူငယ်တချို့ ဆီက စောဒက တက်သံတွေလည်း ထွက်ပေါ်ခဲ့တယ်။ ရှမ်းပြည်နယ်၊ အောင်ပန်းမှာ နေထိုင် နေတဲ့ ဆရာ ဒဂုန်တာရာ၊ နှစ်စဉ် ဒီဇင်ဘာလလောက်မှာ ဆောင်းရှောင်ရင်း ရန်ကုန်မှာ သုံးလလောက် လာနေတဲ့ အချိန် တွေမှာ စာရေးဆရာ၊ ကဗျာဆရာ လူငယ်တွေ ဆရာ့ဆီ သွားရောက် တွေ့ဆုံကြတယ်။ တွေ့ကြတိုင်းမှာလည်း ‘ရန်သူမရှိ’ အယူအဆကို တစ်နည်းနည်းနဲ့ ဆွေးနွေး ဖြစ်ကြတာချည်း ပါပဲ။
ယမန်နှစ် (၂၀၀၉၊ မေ ၁ဝရက်) ဆရာ ဒဂုန်တာရာ အသက် ၉ဝ ပြည့် ဂုဏ်ပြုတဲ့ အနေနဲ့ လျှပ်တစ်ပြက် ဂျာနယ်က ဒဂုန်တာရာ မွေးနေ့ အထူး စာမျက်နှာ စီစဉ်ခဲ့တယ်။ ကျွန်တော်တို့ဆီလည်း အမှတ်တရ ရေးပေးပါလို့ တောင်းခံလို့် ကျွန်တော်က ကဗျာစာညွန့် တစ်ပုဒ် ရေးပေး လိုက်တယ်။ အောက်ပါ အတိုင်း ဖြစ်ပါတယ်။
ရန်သူ မိတ်ဆွေ မသဲကွဲ
ရန်သူမရှိ မိတ်ဆွေသာရှိ
မုန်းသူမရှိ ချစ်သူသာရှိ
ဆရာတာ၏ စကား၊ ဆရာတာ၏ တရား
တော်တော်နှင့် ကျွန်တော် နားမဝင်ခဲ့၊ မကြားချင်ခဲ့။
ရန်သူကို မိတ်ဆွေဖြစ်အောင်လည်း
ကျွန်တော် မလုပ်နိုင်ခဲ့။
သည်လိုနှင့် ကျွန်တော် မောပြီး
ထိုင်ကြည့်နေတယ်။
နာကျင်ခဲ့ရသူများ၊ ခံစားခဲ့ရသူများ နေရာက
ကျွန်တော်ဝင်ကြည့် တွေးကြည့်တယ်။
မိတ်ဆွေနဲ့ ရန်သူ၊ ချစ်သူနဲ့ မုန်းသူ
ဘယ်လို တူတူထားနိုင်ပါ့။
မိမိက ကျားဆိုရင် နွားကို ချမ်းသာခွင့်ပေးမယ်။
အဲသလိုဆို ရန်သူဟာ မိတ်ဆွေ ဖြစ်လာပြီပေါ့။
ရန်သူက ကျား မိမိက နွား ဖြစ်ချိန်
အဲသည်အခါ ‘ရန်သူမရှိ မိတ်ဆွေသာရှိ’
ဆရာတာ၏ ဂါထာ နာနာရွတ်
ပြေးနိုင်ရင်တော့ လွတ်မည်ပ။
သည်အချိန်မှာ ကျွန်တော်တို့ဆရာတာ
အသက်ကိုးဆယ်
တောင်စွယ်မှာ နေမကွယ်သေးချိန်
ဆည်းဆာရောင်နီများ တောက်ပနေဆဲ
ရန်သူ မိတ်ဆွေ မသဲကွဲ
(ဆရာတာတောင့်တသော)
ငြိမ်းချမ်းရေး ဘယ်မှာလဲ။
ချစ်ခင်လေးစားရပါသော ဆရာဒဂုန်တာရာ
အသက်ရာကျော် နေနိုင်ပါစေ။
လျှပ်တစ်ပြက်ဂျာနယ်မှာ အဲသည်စာတိုလေး ပါလာပြီးနောက် ကျွန်တော့်ကို မိတ်ဆွေ တစ်ချို့က မေးမြန်းကြတယ်။ ကျွန်တော် ရေးထားတာ ပဟေဠိ မပါပါဘူး။ ရှင်းမယ် ထင်ပါတယ်လို့ပဲ ပြန်ဖြေလိုက်တယ်။ ဆရာ ကျော်ဇောနိုင် ကတော့ အင်္ဂလိပ်လို ဘာသာပြန်ပြီး သူ့မိတ်ဆွေများထံ အီးမေးလ်တွေနဲ့ ဖြန့်ချိခဲ့တယ်လို့ ဆိုပါတယ်။
အခု တစ်နှစ်နီးပါး ကြာလာတဲ့အခါ ‘ရန်သူမရှိ’ အယူအဆကို ထပ်ပြီး စဉ်းစားစရာ အကြောင်းတစ်ခု ပေါ်လာပြန်တယ်။ နိုင်ငံရေးမှာ ပြိုင်ဘက်ကို (သို့မဟုတ်) မိမိနဲ့ ဆန့်ကျင်သူကို ရန်သူလို့ သဘောထားသလား ဆိုတဲ့ ခေါင်းစဉ်ကို ဆွေးနွေးချင်ပါတယ်။ စစ်သဘောမှာ မိမိနဲ့ ရင်ဆိုင်နေသူဟာ ရန်သူပဲ။ ရန်သူ ဆိုတာနဲ့ ကိုယ် က သူ့ကို သတ်နိုင်ရင်သတ်၊ မသတ်နိုင်ရင် ကိုယ့်ကို သူက သတ်သွားမှာပဲလို့ စွဲမြဲခံယူ ထားရတယ်။ နိုင်ငံရေးမှာ စစ်သဘောနဲ့ ရှုမြင်ရင် ယှဉ်ပြိုင် သူတွေဟာ တစ်ဦးနဲ့တစ်ဦး ပြိုင်ဘက်တွေလို့ သဘောမထားဘဲ ရန်သူလို့ သဘောထားလိုက်တာနဲ့ တစ်ဦး ပျက်စီးရာ ပျက်စီးကြောင်းကို တစ်ဦးက လုပ်တော့မှာပဲ မဟုတ်လား။
တကယ်ကတော့ နိုင်ငံရေးမှာ ထာဝရရန်သူ၊ ထာဝရ မိတ်ဆွေရယ်လို့ မရှိဘူး၊ အချိန်အခါ၊ အခြေအနေကို လိုက်၍ ပြောင်းလဲရစမြဲလို့ အများက လက်ခံထားကြတာပဲ မဟုတ်လား။ အဲဒီ သဘောကို နှလုံးသွင်း ထားရင်ဖြင့် ထာဝရ ဆိုတာလည်း မရှိတော့ပါဘူး။
အပြေးပြိုင်ပွဲ တစ်ခုကို မြင်ကြည့်တယ်။ ယှဉ်ပြိုင်သူတွေဟာ ပြိုင်ဘက်များ အဖြစ် အပြေးပြိုင်ရင် ကိုယ့်လမ်း ကြောင်းနဲ့ကိုယ် ပြေးကြတာပဲ။ မိမိနဲ့ ယှဉ်ပြိုင်သူကို ရန်သူလို့ သဘောထား လိုက်ရင် ရန်သူ ပျက်စီးရာ ပျက်စီးကြောင်းကို ကြံစည် လုပ်ဆောင် တော့မယ်။ လူချင်း တွန်းတိုက်မယ်၊ ခြေထိုးခံမယ်။ ရန်သူလို့ သဘော မထားဘူး ဆိုရင်တော့ အားကစား စိတ်ဓာတ် အပြည့်နဲ့ သန့်ရှင်းစွာ ယှဉ်ပြိုင်ကြမှာပဲပေါ့။
ဆရာ ဒဂုန်တာရာ ပြောချင်တဲ့ ‘ရန်သူမရှိ’ ဆိုတာ အဲသလို သဘောထား ထားရှိဖိုု့ ခံယူချက် အပိုင်းကို ပြောတာ ပဲလို့ ၄ ဇန်နဝါရီ ၂၀၁ဝ မှာ ပန်းဆိုးတန်း နန်းယု ဟိုတယ်မှာ ပြုလုပ်တဲ့ ဆရာ ဒဂုန်တာရာ၊ ဆရာ ပါရဂူနဲ့ ကျွန်တော်တို့ တစ်တွေ ညစာစားပွဲမှာ ဆရာ ဒဂုန်တာရာက ထပ်မံ ရှင်းလင်းသွားပါတယ်။ ‘ငြိမ်းချမ်းရေး လိုချင်ရင် ရန်သူမရှိဆိုတဲ့ သဘောထားကို ခံယူ ထားရမယ်’ လို့ ဆရာတာက ပြောသွားပါတယ်။
‘ကိုယ်က ရန်သူမရှိလို့ သဘောထားပေမယ့် တစ်ဖက်က ကိုယ့်ကို ရန်သူလို့ သဘောထားပြီး အပြတ်ရှင်းမယ် ဆိုရင်ကော ဆရာ’ လို့ ကျွန်တော်က မေးတော့ ဆရာက မိမိဘက်က ထားရှိရမယ့် သဘောထားကို ပြောတာ လို့ပဲ ဆိုပါတယ်။
ကျွန်တော်ကတော့ တစ်ထိုင်တည်း သဘော ပေါက်ခဲ့ပါတယ်။ ချိတ်ချိတ်ချင်းသာ ချိတ်နိုင်တယ်၊ တစ်ဖက်က ချိတ်နဲ့ချိတ်ဖို့ ကြိုးစားပေမယ့် ကိုယ်က ချိတ်မဟုတ်ဘဲ ဖြောင့်နေရင် ချိတ်လို့ မရတော့ဘူးလို့ ဆရာက ယုံကြည် နေဆဲပါ။
ဆရာ ဒဂုန်တာရာ အစဉ်တစိုက် ပြောနေတဲ့ “နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကိုမိတ်ဆွေ ဖြစ်အောင် လုပ်တာ” ဆိုတာကိုတော့ ကျွန်တော်က (မိမိ မလုပ်နိုင် သော်ငြားလည်း) လုပ်နိုင်သူတွေ လုပ်ကြပါစေလို့ ထောက်ခံ အားပေးပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သည်စကားဟာ ဘုရားဟောနဲ့လည်း ညီညွတ်ပါတယ်။ ‘အတွေး အမြင် ဒဿန ခေါင်းကြီးများ-၂” စာအုပ်က ခေါင်းကြီး တစ်ပုဒ်မှာ ဘုရားရှင်ရဲ့ အဆုံးအမကို ကိုးကားပြီး ပြဿနာ ဖြေရှင်းနည်းကို ရေးပြထားတာ မှတ်သားစရာပါ။ ခေါင်းစဉ်က ‘ပြဿနာကို ရင်ဆိုင် သည်းခံစိတ်ဖြင့် ဖြေရှင်း’ တဲ့။
‘သည်းခံခြင်းသည် လောကီ၊ လောကုတ္တရာ နှစ်ဌာနစလုံးတွင် အလေးအမြတ် ပြုအပ်သော ကိုယ်ကျင့်တရား တစ်ခု ဖြစ်သည်။ ကိုယ်ကျင့်တရား ဟူသည် ကျင့်ကြံရသော တရားဖြစ်၍ သည်းခံခြင်းသည် ပါရမီ နည်းပါးသူများ အဖို့ ကျင့်ကြံ အားထုတ်ခြင်း ဖြင့်သာလျှင် မွေးမြူရသော စိတ်ပိုင်းဆိုင်ရာ ခံယူချက် ဖြစ်သည်။
သည်းခံခြင်းနှင့် ဆန့်ကျင်ဘက် ရန်လိုခြင်း ရန်ပြုခြင်းတို့သည် ဖျက်ဆီးလိုစိတ်၏ စေ့ဆော်ချက်ကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ဖျက်ဆီးလိုစိတ်၏ ဆန့်ကျင်ဘက်မှာ ငြိမ်းချမ်းရေးစိတ် ဖြစ်သည်။ သည်းခံစိတ်၏ အကျိုးရလဒ်သည် ငြိမ်းချမ်းရေးကို ဖြစ်ထွန်းစေသည်။ လောကတစ်ခွင် ငြိမ်းချမ်း သာယာရေး အတွက် သည်းခံခြင်း တရားသည် အလိုအပ်ဆုံး ဖြစ်သည်။ သို့ရာတွင် ပြဿနာနှင့် ရင်မဆိုင်ဘဲ ရှောင်ထွက်သွားပြီး သည်းခံခြင်းမျိုးထက် မြတ်ဗုဒ္ဓ လက်တွေ့ပြသ သွားသော ပြဿနာနှင့် ရင်ဆိုင်ပြီး ငြိမ်းချမ်းရေး ရအောင် လုပ်ဆောင်ခြင်းက သာလွန်၍ မွန်မြတ်ကြောင်း အလေးအနက် နှလုံးသွင်းအပ်သည်။ (အတွေးအမြင်-၁၅၄၊ ဧပြီ၊ ၂၀၀၂)’
ဆရာ ဒဂုန်တာရာရဲ့ ‘နိုင်ငံရေးလုပ်တယ်ဆိုတာ…’ သဘောထားနှင့် ဆက်စပ်၍ တွေးစရာများကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။
မောင်ဝံသ
ဒီကမ္ဘာမြေပေါ် သစ္စာတရား လွှမ်းခြုံနိုင်ပါစေ
January 26, 2011 at 8:25 am
မိသားစုတစ်စုမှာစားဝတ်နေရေးအတွက်ဒီလူငယ်တစ်ယောက်တည်းအားကိုးနေရင်ကော
တစ်မိသားစုလုံးစာထောက်ပံ့ပေးမှာလား။နည်းနည်းတော့ခေါင်းစားတယ်။
yuyu
January 26, 2011 at 9:48 am
ဟုတ်တယ်ဒါအမှန်တရားပဲ တခြားနိုင်ငံရေးတွေ၊ မိုက်ရိုင်းတာတွေ၊ လှည့်ကွက်တွေဘာမှ မတွေးသေးဘူးပဲထားဦး အခုအချိန်မှာအောက်ခြေလူတန်းစားရဲ့စားဝတ်နေရေးကအရေးအကြီးဆုံးပဲ သူတို့ကဘယ်လောက်ထိတာဝန်ယူပေးမှာလဲ၊ ခံစားခွင့်ကဘာလဲ ဒါတွေတော့ပြဠာန်းဖို့လိုတယ်နော်