.ကျမ စာအုပ်သစ်ထွက်ပါပြီ။ စာအုပ်နာမည်က နှစ်ဘဝ နှစ်ကနာ္တ ပါ။ မူရင်းစာအုပ် က ခြကိုက်သွားလို့ ဒီရွာသူ etone (တုန်တုန်) ကို အကူအညီတောင်းပြီး ကိုကြောင်ကို အပူကပ်ခဲ့ကြတယ်။ ဒီလိုနဲ့ မူရင်းစာအုပ် Two Solitudes ကို စိတ်ချမ်းသာစွာ ရခဲ့ပါတယ်။ ကိုကြောင်နဲ့ တုန်တုန်ကို ခုထိ တစိမ့်စိမ့် ကျေးဇူးတွေ တင်နေရတုန်း။ . ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ ကျမက နယ်မှာနေတာဆိုတော့ ရန်ကုန်က စာပေအသိုက်အဝန်းနဲ့ ကင်းကင်းကြီး ဖြစ်နေတယ်။ အဆက်အသွယ်မရှိ ဘာမရှိပေါ့။ ဒီရွာထဲရောက်လာတော့မှ ကျမကို ထုတ်ဝေတိုက်တွေ ဆက်သွယ်ကြတယ်။ ဒီဂဇက်ရွာထဲ ဝင်ဖတ်ကြပြီး လူရှာကြတာပေါ့။ အဲဒီ ထုတ်ဝေတိုက် အသစ်နဲ့ အလုပ်ဖြစ်ခဲ့ကြတယ်ပေါ့နော်။ ဒါကြောင့် ဒီရွာကြီးတစ်ရွာလုံးနဲ့ ရွာပိုင်ရှင် […]