တစ်ခါတုန်းက မိတ္ထီလာကွန်ပျူတာတက္ကသိုလ်မှာ ကောင်လေးနဲ့ကောင်မလေးရှိတယ် သူတို့မှာ ခံစားချက်ကိုယ်စီရှိတယ် ရည်မှန်းချက်လည်းကိုယ်စီရှိတယ် ခေါင်းချင်းဆိုင် run ခဲ့ကြတဲ့ VB တွေ C++ တွေ Java တွေရှိတယ် အဖြေမရောက်ရောက်အောင်တွက်ခဲ့ကြတဲ့ သချာင်္ပုစာ္ဆ လှလှလေးတွေရှိတယ် 1 နဲ့ 1 ပေါင်းပြီး 10 ရတဲ့ ဘာသာနဲ့ခေါင်းရှုပ်ခဲ့ရတဲ့နေ့တွေရှိတယ် ဆရာမေးလို့ငုံ့နေဖူးတဲ့ ခေါင်းတွေရှိတယ် အားပေးရင်းဖြေခဲ့ကြတဲ့စာမေးပွဲတွေရှိတယ် အတန်းဖျက်ပြီးလျှောက်လည်ခဲ့တဲ့နေ့ရက်တွေရှိတယ် အဖြူရောင်သံယောဇဉ်နဲ့ သီဆိုခဲ့တဲ့သီချင်းတွေရှိတယ် စာမေးပွဲမှာ စာတွေမေ့ကုန်လို့ စိတ်ညစ်ရတဲ့နေ့တွေရှိတယ် ကျောင်းပိတ်တုန်းသတိတရဖုန်းဆက်တဲ့နေ့တွေရှိ သလို စာတွေအပြန်အလှန်ရေးခဲ့တဲ့နေ့တွေလည်းရှိတယ် စိတ်အခန့်မသင့်လို့အချင်းချင်းစိတ်ကောက်တဲ့ရက်တွေရှိတယ် အလျှော့ပေးရင်းပြုံးပြကြတဲ့ အပြုံးလှလှတွေရှိတယ် စာမေးပွဲနီးမှ အဆောင်ပိတ်တဲ့အထိစာရှင်းပြရတဲ့နေ့တွေရှိတယ် သန်းခေါင်ကျော်မှအပြန်အလှန်ပေးတဲ့ စပေါ့ ေတွေရှိတယ် ခုံတန်းတွေရှိတယ် အောင်စာရင်းတွေရှိတယ် အိမ်ပြန်ချိန်တွေရှိတယ် တကယ်ရှိခဲ့ပါလျက်နဲ့သူတို့ မရှိစေချင်ခဲ့တာက သူတို့နှစ်ယောက်ရဲ့ခွဲခွါချိန်