တစ်ခါတုန်းက တက္ကသိုလ်မှာ
တစ်ခါတုန်းက မိတ္ထီလာကွန်ပျူတာတက္ကသိုလ်မှာ
ကောင်လေးနဲ့ကောင်မလေးရှိတယ်
သူတို့မှာ ခံစားချက်ကိုယ်စီရှိတယ်
ရည်မှန်းချက်လည်းကိုယ်စီရှိတယ်
ခေါင်းချင်းဆိုင် run ခဲ့ကြတဲ့ VB တွေ C++ တွေ Java တွေရှိတယ်
အဖြေမရောက်ရောက်အောင်တွက်ခဲ့ကြတဲ့ သချာင်္ပုစာ္ဆ လှလှလေးတွေရှိတယ်
1 နဲ့ 1 ပေါင်းပြီး 10 ရတဲ့ ဘာသာနဲ့ခေါင်းရှုပ်ခဲ့ရတဲ့နေ့တွေရှိတယ်
ဆရာမေးလို့ငုံ့နေဖူးတဲ့ ခေါင်းတွေရှိတယ်
အားပေးရင်းဖြေခဲ့ကြတဲ့စာမေးပွဲတွေရှိတယ်
အတန်းဖျက်ပြီးလျှောက်လည်ခဲ့တဲ့နေ့ရက်တွေရှိတယ်
အဖြူရောင်သံယောဇဉ်နဲ့ သီဆိုခဲ့တဲ့သီချင်းတွေရှိတယ်
စာမေးပွဲမှာ စာတွေမေ့ကုန်လို့ စိတ်ညစ်ရတဲ့နေ့တွေရှိတယ်
ကျောင်းပိတ်တုန်းသတိတရဖုန်းဆက်တဲ့နေ့တွေရှိ သလို
စာတွေအပြန်အလှန်ရေးခဲ့တဲ့နေ့တွေလည်းရှိတယ်
စိတ်အခန့်မသင့်လို့အချင်းချင်းစိတ်ကောက်တဲ့ရက်တွေရှိတယ်
အလျှော့ပေးရင်းပြုံးပြကြတဲ့ အပြုံးလှလှတွေရှိတယ်
စာမေးပွဲနီးမှ အဆောင်ပိတ်တဲ့အထိစာရှင်းပြရတဲ့နေ့တွေရှိတယ်
သန်းခေါင်ကျော်မှအပြန်အလှန်ပေးတဲ့ စပေါ့ ေတွေရှိတယ်
ခုံတန်းတွေရှိတယ်
အောင်စာရင်းတွေရှိတယ်
အိမ်ပြန်ချိန်တွေရှိတယ်
တကယ်ရှိခဲ့ပါလျက်နဲ့သူတို့ မရှိစေချင်ခဲ့တာက
သူတို့နှစ်ယောက်ရဲ့ခွဲခွါချိန်
11 comments
Lay Pai
June 1, 2016 at 5:11 pm
နှလုံးသား က ပွင့်အံ လို့ မျက်လွှာက တဆင့် အပြန်အလှန် ပြော ခဲ့ ကြတဲ့ သံယောဇဉ် စကားလုံး လေးတွေ ရော မရှိခဲ့ ဘူးလား။
Foolish Girl
June 1, 2016 at 5:17 pm
ရှိရင်ရှိမှာပါ ဒါကတော့ သူငယ်ချင်းအားလုံးကိုကိုယ်စားပြုထားတာပါ အပေါင်းအသင်းတွေရဲ့ဖြစ်ပျက်နေတဲ့အရာတွေကို ကောင်မလေးနဲ့ကောင်လေးဆိုပြီး ဇာတ်ကောင်နှစ်ခုအနေနဲ့ပဲ ပုံဖော်ထားတာပါ
ဂျက်စပဲရိုး
June 2, 2016 at 10:49 am
အတန်းပြေးပြီး ကန်တင်း မှာ သွားအာရိုက်နေတဲ့ နေ့တွေ ရှိတယ်။
ပုဆိုး စိမ်းပြာရောင် နဲ့ မတူဘူး ဆိုပြီး ဂေါ်ဇီလာ လိုက်ဖမ်းလို့ ပြေးရတဲ့ နေ့တွေ ရှိတယ်။
ရိုးလ်ကော လဲ လိုချင် အတန်းလဲ မတက်ချင်လို့ ကော်ရစ်ဒါမှာ ထိုင်ပြီး ရိုးလ်ကော ခေါ်တာကို ထိုင်စောင့်နေရတဲ့ နေ့တွေ ရှိတယ်။
စာမေးပွဲ နီးမှ စာအုပ်ထဲ စာတစ်လုံးမှ မရှိလို့ (စာအုပ် ကို မရှိတာပါ) မိန်းကလေးတွေဆီကနေ စာအုပ် ငှားပြီး မိတ္တူဆိုင် ပြေးရတဲ့ နေ့ တွေရှိတယ်။
စာမေးပွဲခန်းထဲက ဘယ်သူ အရင် ထွက်ထွက် ဆော့ကြတဲ့ နေ့တွေ ရှိတယ်။
ကိုယ်တွေတုန်းက လုပ်ခဲ့တာတွေ ပါ။ း)
Tawwin Pan
June 2, 2016 at 11:21 am
စက်ဝိုင်းလေးဝိုင်း၊ စက်ဝိုင်း အလယ်မှာ မျဉ်းကြောင်းလေး အပေါင်းပုံတား၊ ဂေါ်လီလေးတွေ ထိပ်တဖက်စီတင်ထား၊ အခန်းထဲတင် အုပ်စုလိုက် ဂေါ်လီပစ်ကြတာ……ဖိုင်နယ်ရောက်မှ သူငယ်ပြန်ဖူးတယ်။
အရင်ကကျော်စွာဦးကြီးမိုက်
June 2, 2016 at 11:25 am
အမှတ်ရစရာကိုယ်စီရှိကြသူချည်းပေါ့…ပြောမယ်ဆိုမဆုံးတဲ့ဇတ်လမ်းတွေ…
Foolish Girl
June 2, 2016 at 4:21 pm
ဟုတ်ပ ဟုတ်ပ
Thint Aye Yeik
June 3, 2016 at 10:50 am
ဝတ္ထုလိုမျိုး…ရသတွေနဲ့ ထုံမွှန်းပြီး.. ရေးရင် ရေးသလောက် ထွက်မယ့် အတိတ်တွေ….
ဒိုင်ယာရီလို ရေးတော့လည်း ဒိုင်ယာရီလို ဖတ်… ကောင်းတာပဲ…
ခင်ဇော်
June 3, 2016 at 2:42 pm
ကျောင်းတက် ခဲ့ ချိန်တွေကို လွမ်းသွားဘီ
😥
Foolish Girl
June 3, 2016 at 4:11 pm
ပြန်မြင်ယောင်ဆဲပါ ဟိုးအရင်ကဒီနေရာလေးမှာ
ပျော်ရွှင်ခြင်း လွမ်းခြင်း ရင်ခုန်ခြင်းတို့စတင်တဲ့နေရာ တွေကိုလား 😀
အောင် မိုးသူ
June 10, 2016 at 9:28 am
သူငယ်ချင်းတွေ အမြဲတမ်းတွေ့ဖြစ်တော့ သိပ်မလွမ်းသလိုပဲ။
uncle gyi
June 12, 2016 at 10:03 am
ပြန်မရနိုင်တဲ့လွမ်းမောကြည်နူးစရာမ ျား