နာကျင်ခြင်းနဲ့ယဉ်ပါးနေတာပါ မနာကျင်တတ်ခဲ့တာမဟုတ်ဘူး… အောက်ကျို့ပေးခဲ့တာပါ..ဝပ်စင်းခယနေတာက မာနမရှိတာ မဟုတ်ဘူး…………. အဖန်ဖန် တွေးခေါ်ခဲ့ပါတယ် မျက်လုံးစုံမှိတ်ချစ်ပစ်လိုက်တာမဟုတ်ဘူး နှလုံးသားကတောင့်တတိုင်း စိတ်ကူးတွေရိုင်းရိုင်းသွားလို့…ကြိုတင်လဲပြင်ဆင်ခဲ့ပါရဲ့ နားအလည်ဆုံးသူရဲ့…ဥပေက္ခာ တေးသွားက ချွန်မြအေးစက်လွန်းတော့လဲ…. ရှောင်းပုန်းခွင့်ပေးထားတဲ့ ငါ့မာနရယ် ဂရုစိုက်ခြင်းကင်းလွန်းတဲ့ ငါ့အေးစက်ခြင်းရယ် ငါ့နဲ့အတူတူ ပြန်လည်ရှင်သန်ပါစေတော့….. စိတ်မနာခဲ့ပါဘူး… ပြီးတော့…….. မမုန်းရက်ခဲ့ဘူး…………. သေရာပါအနာရွတ်တွေ… လူမြင်ပါများလို့ အခါခါဆွံ့အခဲ့ရတဲ့.. ငါ့ လူ့သမိုင်းကို ငါကိုယ်တိုင်သဂြိုလ်မြုတ်နှံလိုက်မယ်.. အဲ့ဒီဈပနမှာ…… အလွမ်းတွေတော့ဝန်းရံနေမှာပါ လူ့လောကရဲ့တထောင့်တနေရာ ငါ…ဆိုတာရှိကောင်းရှိနေအုံးမှာပါ… ဒါပေမဲ့လေ…… တခါပြန်ပြီး မင်းရဲ့အနား ဘယ်တော့မှမလာတော့ဘူး မင်းငြိမ်းချမ်းအေးမြပါစေတော့….. လူတကာရဲ့လူတွေကြားထဲလှုပ်ရှားရုန်းကန်ရင်း တစ်ခါကကဗျာဆရာတစ်ယောက်ကို…. မင်းဘယ်တော့မှသတိရမှာမဟုတ်ပါဘူး…. အမွန်း(သားငယ်လေး) ၏ကဗျာပါ အရင့်ရောင်