(၁) နေကြပ်တဲ့နေ့ (၂) ဩဝါဒ (၃) မစော်ကားနဲ့ (၄) ဒီစာကို မဖတ်ပါနဲ့။ (၅) ဘာသာစကား (၆) ဘာပြောတယ် (၇) ဘယ်လိုသုံးမလဲ (၈) ကိုချင်းစာပါ (၉) ကြားဖူးတယ် (၁၀) ပိုကြီးနေလို့ ******************************************************************************** (၁) နေကြပ်တဲ့နေ့ “““သိပ္ပံ ပညာရှင်တွေဟာ ဘယ်လိုနည်းနဲ့ နေကြပ်တယ်ဆိုတာကိုကြိုတင်သိနိုင်တာလဲမသိဘူးနော်””” “““ ဘာလဲ ၊ သူတို့ သတင်းစာမဖတ်ဘူးထင်လို့လား””” **************************************************************************** (၂) ဩဝါဒ လူတစ်ယောက်ညဘက်အမူးလွန်၍ပြန်လာရာ.. အမျှော်အမြင်ကြီးစွာဖြင့် ကားကိုလမ်းဘေးတွင်ရပ်၊သော့ခတ်ကာအိမ်သို့ လမ်းလျှောက်ပြန်လာသည်။ ထိုအချိန်ရဲတစ်ယောက်နှင့်သွားတိုး၏ ““ည ၂နာရီထိုးပြီ ဒီအချိန်ကြီးခင်ဗျားဘယ်သွားမလို့လဲ””မေးရာ မူးလာသူမှ… ““ဩဝါဒ ပေးတာသွားနားထောင်မလို့ပါ”” ဟုဖြေရာ ရဲက ““ဒီအချိန်ကြီးခင်ဗျားကိုဘယ်သူကဩဝါဒပေးမှာလဲ”” ဟုမေးရာ “““ကျွန်တော့် မိန်းမကပေးမှာပေါ့ဗျ””” ဟုဆိုကာလမ်းဆက်လျှောက်သွား ပါလေတော့သည်။။ […]