တစ်ပါတ်စာ…အမောပြေဟာသ။။
(၁) နေကြပ်တဲ့နေ့
(၂) ဩဝါဒ
(၃) မစော်ကားနဲ့
(၄) ဒီစာကို မဖတ်ပါနဲ့။
(၅) ဘာသာစကား
(၆) ဘာပြောတယ်
(၇) ဘယ်လိုသုံးမလဲ
(၈) ကိုချင်းစာပါ
(၉) ကြားဖူးတယ်
(၁၀) ပိုကြီးနေလို့
********************************************************************************
(၁) နေကြပ်တဲ့နေ့
“““သိပ္ပံ ပညာရှင်တွေဟာ ဘယ်လိုနည်းနဲ့ နေကြပ်တယ်ဆိုတာကိုကြိုတင်သိနိုင်တာလဲမသိဘူးနော်”””
“““ ဘာလဲ ၊ သူတို့ သတင်းစာမဖတ်ဘူးထင်လို့လား”””
****************************************************************************
(၂) ဩဝါဒ
လူတစ်ယောက်ညဘက်အမူးလွန်၍ပြန်လာရာ..
အမျှော်အမြင်ကြီးစွာဖြင့် ကားကိုလမ်းဘေးတွင်ရပ်၊သော့ခတ်ကာအိမ်သို့
လမ်းလျှောက်ပြန်လာသည်။
ထိုအချိန်ရဲတစ်ယောက်နှင့်သွားတိုး၏
““ည ၂နာရီထိုးပြီ ဒီအချိန်ကြီးခင်ဗျားဘယ်သွားမလို့လဲ””မေးရာ
မူးလာသူမှ…
““ဩဝါဒ ပေးတာသွားနားထောင်မလို့ပါ”” ဟုဖြေရာ
ရဲက ““ဒီအချိန်ကြီးခင်ဗျားကိုဘယ်သူကဩဝါဒပေးမှာလဲ”” ဟုမေးရာ
“““ကျွန်တော့် မိန်းမကပေးမှာပေါ့ဗျ””” ဟုဆိုကာလမ်းဆက်လျှောက်သွား
ပါလေတော့သည်။။
***************************************************************************************
(၃)မစော်ကားနဲ့
ညအချိန် လမ်းထောင့်တစ်နေရာတွင်..အမျိုးသမီးငယ် တစ်ယောက်ကို လူဆိုးက
ဓါးနှင့်ထောက်ပြီး ပြောသည် ။
” လူ ့ပြည်မှာ နေချင်သလား..”
” ဘယ်သူနဲ ့လဲ..”
” ပိုက်ဆံပါသလား ”
” ဘယ်လောက် လိုချင်လို ့လဲ..”
” အဝတ်အစားတွေ အကုန်ချွတ်စမ်း ”
” ရှင်ကော..”
” ဟေ့ ကောင်မ စကားကို ကောင်းကောင်းပြော…ငါ ဓါးပြတိုက်နေတာကွ..”
*******************************************************************************
(၄)ဒီစာကို မဖတ်ပါနဲ့။
ကျနော်ပြောမယ်။ ဒီစာကို မဖတ်ပါနဲ့။
ဘာကြောင့်လဲဆိုတော့ ဒီစာကို ဖတ်လို့ခင်ဗျားအတွက် ဘာမှအကျိုးရှိမှာ မဟုတ်ဘူး။
တကယ် အကျိုးမရှိလို့ မဖတ်ရဆိုပြီး ခေါင်းစဉ် တပ်ထားတာပေါ့။
ခင်ဗျား ဆက်ဖတ်တာဟာ ခင်ဗျားရဲ့ ရွေးချယ်ပိုင်ခွင့်ပါ။
တားမြစ်လို့ မရပါဘူး။
ဒါပေမယ့် လုံးဝမဖတ်ဖို့ ကျနော် ပြောချင်ပါတယ်။
ပြောနေရင်းနဲ့တောင် ခင်ဗျားဆက်ဖက်နေသေးတယ်နော်။
ကျနော်က ခင်ဗျား အတွက်ပြောနေတာပါ။
ခင်ဗျားဒါကို နားမထောင်ဘဲ ဆက်ဖတ်နေတာ ခင်ဗျားအတွက် အကျိုး လုံးဝမရှိလို့ပါ။
အခုတောင် ခင်ဗျား ဖတ်လာတာ စာကြောင်းရေ တော်တော်များလာပြီ။
ကျနော်ကခင်ဗျား အကျိုးကို ရှေးရှူပြီး မဖတ်စေချင်တာပါ။
ဆက်မဖတ်နဲ့တော့နော်။
လုံးဝကို အကျိုး မရှိဘူး။
အကျိုး လုံးဝလုံးဝမရှိပါ။
အကျိုးမရှိတာကို မြန်မာလို ဒီထက်ရှင်းအောင် ကျနော်ပြောမပြတတ်တော့ဘူး။
အလားတူဘဲ မဖတ်ပါနဲ့ကိုလည်း ဒီထက်ရှင်းအောင် မြန်မာလို ရှင်းမပြတတ်ဘူး။
ဒီတော့ရှင်းရှင်းပြောမယ်။
ဆက်မဖတ်နဲ့။
ပြောနေရင်းနဲ့တောင် ခင်ဗျားဖတ်လာတာများသထက်များလာပြီ။
ကျနော် ဘယ်လိုပြောရမလဲဗျာ၊ မဖတ်ပါနဲ့။
ဟုတ်ပြီလား၊ မဖတ်နဲ့တော့။
ဒီစာထဲမှာ ဘာမှပါမှာ မဟုတ်လို့မဖတ်နဲ့လို့ ပြောနေရတာပေါ့ဗျာ။
လူ့စိတ်ကလည်းအခက်သား၊မဖတ်ပါနဲ့ဆို တိုးလို့ဖတ်ချင်တယ်။
ခင်ဗျား တိုးလို့ဖတ်လေ၊ ကျနော်ကမဖတ်ဖို့ တားမြစ်ရလေဘဲဗျာ။
မဖတ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့မဖတ်စေချင်လို့ပါ။
အခုပြောရင်းနဲ့ စာတောင်တော်တော် ရှည်သွားပြီ။
ဒါဘဲ။ ကျနော်ပြောမယ်။
*************************************************************************************
(၅)ဘာသာစကား
တရုတ်စီးပွါးရေး လုပ်ငန်းရှင် ဝေချောင်လင်းသည် လုပ်ငန်း ကိစ္စဖြင့် နယူးဒေလီ မြို့သို ့ ရောက်လာစဉ်
အရေးပေါ် နာမကျန်း ဖြစ်၍ ဆေးရုံ တက်ရသည်။
ဝေချောင်လင်းနှင့် သိကျွမ်းသော်လည်း တရုတ်စကား မတတ်သည့် အိန္ဒိယ လုပ်ငန်းရှင် ဘာဂျမ်း ကဆေးရုံသို့
လူနာမေး ရောက်လာ သည်။
ဝေချောင်လင်း၏ ကုတင်အနီးတွင် ထိုင်နေသော ဘာဂျမ်းကို ဝေချောင်လင်းက မျက်လုံး ဖွင့်ကြည့်ပြီး
`“လီကိုင်ယန်ကျိဂွမ်” ဟု ပြောသည်။
ဘာဂျမ်းက ဘာပြောမှန်းမသိ၍ ဝေချောင်လင်း ကိုသာ ငေးကြည့် နေသည်။
“လီကိုင်ယန်ကျိဂွမ် ” “လီကိုင်ယန်ကျိဂွမ် ” ဟု ဝေချောင်းက အကြိမ်ကြိမ် ပြောသည်။
ဘာဂျမ်းက နားမလည်၍ ထိုင်နေမြဲ အတိုင်း ထိုင်ကြည့်နေဆဲ “လီကိုင်ယန်ကျိဂွမ်” ဟုအော် အသံပြုရင်း
အသက်ပျောက် သွား၏။
ဘာဂျမ်း အလွန် စိတ်မကောင်း ဖြစ်ပြီး ဆေးရုံမှ နေအိမ်သို ့ ပြန်လာသည်-
နောက် တစ်လခန် ့ကြာသောအခါ ဘာဂျမ်း ရှန်ဟိုင်းမြို ့သို့ အလုပ် ကိစ္စဖြင့် ရောက်လာ၏။
ရှန်ဟိုင်းမြို ့ တစ်နေရာတွင် တရုတ်-အိန္ဒိယ အဘိဓါန်စာအုပ် တွေ ့၍ ဝယ်လိုက်ပြီး “လီကိုင်ယန်ကျိဂွမ်” ၏
အဓိပ္ပါယ်ကို ရှာသည်။
စာမျက်နှာ ၆၈ တွင် တွေ ့၏။
“လီကိုင်ယန်ကျိဂွမ် ” = အောက်ဆီဂျင် ပိုက်ကို ဖင်ခု မထိုင်ထားပါနဲ ့။
*************************************************************************************
(၆) ဘာပြောတယ်
စိတ္တဇ ဆေးရုံတစ်ခုဟာ အလွန်ဆိုးတဲ့လူနာတွေကို
အခြားဆေးရုံ ပြောင်းဖို့ လေယာဉ်နဲ့ ခေါ်ဆောင်လာ ပါတယ်။
ဆရာဝန်ကတော့ လေယာဉ်မှုးဘေးမှာ ထိုင်နေပြီး လူနာတွေကိုတော့
လေယာဉ်နောက်ခန်းထဲမှာ ထားပြီးခေါ်လာခဲ့ကြတာပေါ့။
အဲဒီချိန်မှာ လေယာဉ်ထဲ ကနေ အသံတွေကို ဆူညံနေအောင်ကြားရပါတယ်။
ဆရာဝန်လည်း စိတ်ပူပြီး အရူးခေါင်းဆောင်ကို ဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။
“ဟေ့ကောင် မင်းတို့ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ”
“ဘောလုံးကန်နေကြတာပါ။”
ဆရာဝန်လည်း စိတ်ညစ်ညစ်နဲ့ ညည်းညူရင်း “ဟာာာာာ……..
ဒီကောင်တွေတော့ကွာ လေယာဉ်ပေါ်မှာ ဘောလုံးမကန်ရဘူး ဆိုတာမသိဘူးလား..
သွား သွားပြောစမ်း”
“ဟုတ်ကဲ့ပါဆရာ”
အရုးခေါင်းဆောင်ထွက်သွားပြီးနာက်ပိုင်း တိတ်ဆိတ်သွားတယ်။
ဆရာဝန်လည်း သဘောကျသွားပြီး အရူးခေါင်းဆောင် ထိန်းနိုင်သားပဲပေါ့ ဆိုပြီးတွေးနေတာပေါ့။
ဒီကောင် ဘယ်လို ထိန်းထားလဲ စဉ်းစားရင်း ဘဲလ် နှိပ်ပြီး အရုးခေါင်းဆောင်ကို လှမ်းခေါ်လိုက်တယ်။ “မင်းတော်တယ်….ဘယ်လိုထိန်းလိုက်တာလဲကွ…..ပြောပြစမ်းပါအုံး…..တိတ်ဆိတ်သွားတာပဲ”
“ဆရာပဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို…..အဲဒါနဲ ့ကျွန်တော်လည်း လေယာဉ်တံခါးပေါက်ကို
ဖွင့်ပေးလိုက်တာပါ အခု သူတို ့ဘောလုံးကန်ဖို့ ဆင်းသွားကြပြီ
ကျွန်တော်တောင် အခုသွားတော့မှာ ဆရာလိုက်အားပေးပါလား”
” ဘ…..ဘ….ဘာဖြစ်တယ်”
**************************************************************************************
(၇) ဘယ်လိုသုံးမလဲ
ကိုချူချာတိုက်ခန်းသစ်ရသည်။
နယ်မှရောက်လာသော
ဆွေမျိုးများကိုလိုက်ပြသည်။ကြွားသည်။
ရေဆွဲအိမ်သာကိုရောက်လာသည်။ ဆွေမျိုးများကမေးသည်။
“အဲ့ဒါဘာခေါ်သလဲ ဘာအတွက်သုံးသလဲ´´
“ကျွန်တော်လည်းမသိဘူး၊ဟောဒီကြိုးကိုဆွဲလိုက်ရင်ရေကျလာတယ်။လက်ဆေးဖို့အချိန်ရတယ်၊
အဲ..မျက်နှာသစ်ဖို့တော့အချိန် မမှီဘူး။´´
*************************************************************************************************************
(၈) ကိုချင်းစာပါ
ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစာ္ဆန်ရုံသို့သွားသည်၊ တိရစာ္ဆန်ရုံသို့ ရောက်သောအခါ
ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်၊ သို့သော် မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊
သို့နှင့် ဆရာမက တိရစာ္ဆန်ရုံဝန်ထမ်းအား အကြောင်းရင်းကို မေးရာ ဌင်းက ပြောသည်။
“ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ မမြင်အောင်
သူတို့ လှောင်အိမ်ထဲ ဝင်နေကြပါတယ်”
ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုန္ဒြေကို ဆယ်လိုက်ပြီး ဝန်ထမ်းကိုပြောသည်။
“ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်၊ သူတို့ခမျာ မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့
ခဏခဏပူဆာနေတာနဲ့ ကျွန်မအခု ခေါ်လာတာရှင့်၊
ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့ ထွက်လာမယ်ထင်သလားဟင်”
တိရစာ္ဆန်ရုံဝန်းထမ်းက ပြန်ပြောသည်။
“ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်”
**************************************************************************************
(၉) ကြားဖူးတယ်
ဆရာဝန်။။။။ ကျွန်တော့အကြောင်းကြားဖူတယ်မှတ်လား ။..ဟင်း….ဟင်း
လူနာ ။။။။ ကြားဖူးပါတယ်ဆရာ။ ဒါကြောင့်ကျွန်တော်ငြင်းပါသေးတယ်
အိမ်ကလူတွေက လက်မခံပဲ အရောက် ပို့လိုက်ကြတာနဲ..ဒီကို…။။။
********************************************************************************
(၁၀) ပိုကြီးနေလို့
မိန်းမ ။။။ ယောက်ျား။ရှင်ဟိုတုန်းကတော့ ကျွန်မကိုပြောတာ ပင်လယ်ကြီးလောက်
ချစ်တယ်ဆို။။။ခု…တော့။။။
ယောက်ျား။။။ ပင်လယ်ရေဘယ်မခန်းပါကွာ။ ကိုယ်ဘက်ကမလျှော့ပါဘူး
အခုထပ်တွေ့တာက သမုဒ္ဒရာလောက်ဖြစ်နေလို့ပါ။ မင်း….ကလည်း။။။။။။။။။။
*********************************************************************************
5 comments
windtalker
July 30, 2011 at 1:47 pm
မောင်ကောင်းထိုက် (နှီးပဒေါ) ကို သွားသတိရမိတယ်ဗျာ
တစ်ကယ် ကို ပါ
Big Defender
July 30, 2011 at 8:06 pm
မဖတ်ပါနဲ့ကို ပိုပြီးသဘောကျတယ်ဗျာ
တကယ်ပါ
လူစိတ်ဆိုတာအဲဒီရေးထားတဲ့စာအတိုင်းပဲ
unclegyi1974
July 30, 2011 at 11:06 pm
ဖတ်ပြီးသားရောမဖတ်ရသေးတာရော
ဘာဖြစ်ဖြစ်စိတ်ကြည်သွားပါတယ်
Myo Min Oo
June 16, 2012 at 4:22 pm
ပုံပြင်နံပါတ် (၉) ကို သိပ်နားမလည်ဘူးဗျ။
cobra
June 16, 2012 at 6:03 pm
စိတ်ညစ်နေတဲ့သူဖတ်ရင်စိတ်ညစ်ပြေလောက်တယ်
ကျေးဇူးပါ။