( ၁ ) အရာရာဟာ..မုန်းစရာကောင်းလောက်အောင်…အေးစက်နေတယ်။ ည ..က လ…မရှိတဲ ့ည… ။ နှင်းစက်တွေ..တွဲလွဲ ခိုနေတဲ့ သစ်ပင်တစ်ချို ့ကလည်း..ငြိမ်သက် တိတ်ဆိတ်လို ့..။ ဟိုးဝေးဝေးက နာရီ သံချောင်းခေါက်သံ ဆယ့်တစ်ချက် ကြားလိုက်ရသလိုလို…..။ ဆယ့်တစ်ချက်လား..၊ ဆယ်နှစ်ချက်လား..မသေချာဘူး။ နာရီကို လက်ဖျံပေါ် လှမ်းကြည့်လိုက်ရုံနဲ ့ တိကျသေချာတဲ့ အချိန်ကာလ တစ်ခုကို သိရမှာ ဆိုပေမယ့်…… ကျွန်တော်..အချိန်ကာလ ဆိုတာကို မုန်းတယ် ။ အချိန် ကြာလာတာ နဲ့အမျှ… မေ့သင့်တဲ့အရာတစ်ခုကို မေ့သွားသင်ြ့ပီ….မဟုတ်လား။ ဒါပေမယ့်…. ရင်ဘက်ထဲက ဆွဲထုတ်ပစ်ပြီး… ဘာမှ မဖြစ်ပျက်ခဲံ့သလို…နေလိုက်ဖို ့…အခါခါ ကြိုးစားပါရက်နဲ ့……… ဘယ်လိုမှ မေ့လိုက်လို ့ မရဘူးကွယ်..။။ အတိတ်တွေက အတိတ်ဆီမှာပဲ.ကျန်ရစ်ခဲ့ပြီး… ပစ္စုပ္မန် […]