လူကလေးရဲ့ ဦးဖိုးလူနှင့် မောင်ဝင်း တွေ့ဆုံခြင်း.. “ဟေ့ကောင်.. … စာကလေး …. မင့်တို့ ကာလသားဟင်းဆိုတာ ရပလားကွ.. မှန်းစမ်း.. ဟေ.. ကောင်းသကွား.. ဟေး ဟေး ငါကတော့ အချိန်ကိုက်ရောက်သာပဲဟေ့” ဒီအသံကြားလိုက်မှ ဖြင့် ဦးဖိုးလူမှ ဟုတ်ပစ.. ဒီလူကြီး .. ဒို့ကာလသားဟင်းချက်မယ်ဆို တာ သိသွားပြန်ပြီ.. အင်း .. ထားလိုက်ပါ.. သိပ်မအံ့ဩ ရပါဘူးလေ.. သူက ပါလေရာပဲ.. ကိုင်း … ဦးဖိုးလူ ..လာဗျာ.. ခင်ဗျာ့ သမီးလေး ထွေးစု နေကောင်းရဲ့လား .. “ဆေးရုံက ဆင်းပြီးကာမှ.. ကျုပ်လည်း စိတ်အေးရသကိုး.. နို့ သူအိပ်တိုင်း ညည်းသံကြားရတာ စိတ်မကောင်း ဖြစ်လွန်းလို့ ကျုပ်နှယ် မျက်ရည်ကျမိသာ ညတိုင်းပဲဗျို.. […]