Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Mr WorldWideApril 22, 20131min3094
ဒတ်ချ် သုတေသန ပညာရှင်များက လျပ်စစ်ဓာတ်စီးနေသော ရေအစက်အပြောက်များကို အသုံးပြု၍ ဒလက်မပါသော လေရဟတ်တစ်မျိုးကို တီထွင်ခဲ့ပါသည်။ သမားရိုးကျ လေရဟတ်များတွင် လေ၏အရွေ့စွမ်းအင်  (Kinetic Energy)   ကိုအသုံးပြုကာ ဒလက် များကို လည်ပတ်စေခြင်းဖြင့် စက်မှုစွမ်းအင်   (Mechanical Energy)   ရရှိစေကာ ၎င်းမှတစ်ဆင့် ဂျင်နရေတာကို ဆက်လက် လည်ပတ်စေခြင်းဖြင့် လျပ်စစ်မီးကို ထုတ်ယူရရှိပါသည်။ ဤစနစ်သစ်တွင်မူ တင်းနစ်ရိုက်တံကဲ့သို့ စတီးဖြင့်ပြုလုပ်ထားသည့် ဖရိမ် (Frame)တစ်ခုပါရှိပြီး ၎င်းဖရိမ်  အတွင်းတွင် လျပ်စစ်ဓာတ်မကူးနိုင်သော ပြွန်ချောင်း ၄ဝ ခန့်ကို ဇကာကွက်ပုံစံ တပ်ဆင်ထားပါသည်။ ၎င်းပြွန်ချောင်းလေးများသည် လျပ်စစ်ခေါင်း  (Electrode) သဖွယ် လည်းကောင်း၊ ရေပန်းခရားသဖွယ် လည်းကောင်း အလုပ်လုပ်ကာ ၎င်းမှလျပ်စစ်ဓာတ်ဝင်နေသော ရေပန်းများကို ပန်းထုတ်ပါသည်။ ၎င်းပန်းထွက်နေသော လျပ်စစ်အမဓာတ်ဆောင်သည့် ရေပန်းရေမွှားလေးများထံသို့ […]


Mr WorldWideApril 11, 20131min2190
ဂျော်ဂျီယာနည်းပညာတက္ကသိုလ်နှင့် ပါဂျူးတက္ကသိုလ်မှ သုတေသနပညာရှင်များသည် အပင်များမှ ရရှိသော သဘာဝပစ္စည်းများကိုအခြေခံ၍ ဆိုလာဆဲလ်အသစ်ကို တီထွင်ထုတ်လုပ်ခဲ့ပါသည်။ ၎င်းအော်ဂဲနစ် ဆိုလာဆဲလ်များ၏ အကျိုးရရှိမှုမှာ ၂.ရ ရာခိုင်နှုန်းသာရှိပြီး ပြန်လည်ပြည့်ဖြိုးမြဲဒြပ်ပစ္စည်းများမှ ထုတ်ယူထားသော ဆဲလ်များဖြစ်၍ လွယ်ကူစွာဖြင့် ပြန်လည်သန့်စင်နိုင်ပါသည်။ ဂျော်ဂျီယာတက္ကသိုလ်မှ ပါမောက္ခ မစ္စတာ ဘားနက်ကီပလန်က ဆိုလာနည်းပညာတွင် အော်ဂဲနစ် ပစ္စည်းများ၏ ဖွံ့ဖြိုးမှုနှင့် အရည်အသွေးကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး အင်ဂျင်နီယာများကိုလည်း အနာဂတ်တွင် ဤနည်းပညာအား မည်သို့အသုံးချရမည်ကို ကောင်းမွန်စွာသိရှိနိုင်ရေး ပညာပေးလျက်   ရှိပါသည်ဟု ရှင်းပြပြောဆိုခဲ့ပါသည်။ အချို့အော်ဂဲနစ် ဆိုလာဆဲလ်များသည် ပြန်လည်အသုံးပြုသင့်ပါသည်။ တစ်နည်းအားဖြင့် ရုပ်ကြွင်းလောင်စာများအပေါ် မှီခိုနေရမှု လျော့နည်းစေရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အရင်းအမြစ်မှ စွမ်းအင်ထုတ်လုပ်နိုင်သော နည်းပညာကိုဖန်တီးခြင်းဖြင့်  ပြဿနာတစ်ခုကို ဖြေရှင်း နိုင်မည်ဖြစ်ပြီး ၎င်းအရင်းအမြစ်များသည် သက်တမ်းကုန်ချိန်၌ စွန့်ပစ်စရာမလိုသော အရာများလည်း […]


Mr WorldWideApril 10, 20131min2723
သိပ္ပံပညာရှင်များသည် အိပ်မက်ဖော်စက်အား တီထွင်နိုင်ခဲ့ပါသည်။ ဂျပန်သုတေသန ပညာရှင်များသည် အိပ်ပျော်ခါစ လူတစ်ယောက်၏ အတွေးအိပ်မက်များအား MRI Scans ဖတ်ခြင်းဖြင့် သိနိုင်ပါသည်။ ၎င်းစမ်းသပ်မှုများ ၆ဝ ရာခိုင်နှုန်း မှန်ကန်မှုရှိသည်ဟု သိပ္ပံပညာသတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ အဆိုပါအဖွဲ့သည် အိပ်နေစဉ်အတွင်း ဦးနှောက်၏လုပ်ဆောင်မှု ၊အိပ်မက်၏အကြောင်းအရာများနှင့် စိတ်ခံစားမှု တို့ကို သိရှိခဲ့ရပါသည်။ Kyoto ရှိ Art Computational Nueroscience Laboratories မှ ပါမောက္ခ Yukiyasu Kamitani က အိပ်မက်ဖော်ခြင်းသည် အမှန်တစ်ကယ်ဖြစ်နိုင်ကြောင်းကို ၎င်းအနေဖြင့် အခိုင်အမာ ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး တွေ့ရှိချက်နှင့် ပတ်သက်၍ အလွန်အမင်း မအံ့ဩကြောင်း ပြောကြားခဲ့ပါသည်။ ရှေးကာလ အီဂျစ်ခေတ်၌ပင် လူများသည် အိပ်မက်များအား ဖော်ထုတ်ရန် ကြိုးပမ်းခဲ့ကြပါသည်။ သို့ရာတွင် သုတေသနပညာရှင်များသည် […]


Mr WorldWideApril 4, 20131min2192
Nasa သည် ကြီးမား၍ အလွန်ပါးလွှာသော ရွက်တစ်ခုအား အာကာသထဲသို့ လွှတ်တင်ရန် စီစဉ်နေပြီး နေရောင်ခြည်မှ ဖိအားကို လောင်စာမဲ့တွန်းကန်အားအဖြစ် အာကာသအတွင်း ခရီးသွားလာရေးကဏ္ဍတွင် အသုံးပြုနိုင်ခြင်း ရှိမရှိအား လေ့လာရန် ဖြစ်ပါသည်။ Solar ရွက်များနှင့်ပတ်သက်၍ ရာစုနှစ်များစွာ အခြေအတင် ပြောဆိုခဲ့ပါသည်။ Sunjammer Project   သည် Solar ရွက်လွှင့်ခြင်းရည်မှန်းချက်အတွက် လုပ်ဆောင်နေသော NAsa ၏သုတေသနလုပ်ငန်များမှ အစိတ်အပိုင်းတစ်ခု ဖြစ်ပါသည်။ Sunjammer Project အမည်သည် စိတ်ကူးယဉ် သိပ္ပံဇာတ်လမ်းများရေးသားသော စာရေးဆရာ Mr.C.Clarke  ၏ဇာတ်လမ်းမှ အမည်ကို ယူ၍ပေးထားခြင်း ဖြစ်ပါသည်။ ၂၀၁၄ ခုနှစ်  Sunjammer  ရည်မှန်းချက်ကို အနားတစ်ဖက်လျင်   ၃၈ မီတာရှိပြီး  စုစုပေါင်း မျက်နှာပြင် အကျယ်မှာ တစ်ဧက၏ […]


Mr WorldWideApril 2, 20131min2553
အီရန်နိုင်ငံ၏ စက်ရုပ်ပညာရှင်အဖွဲ့သည် တီဟီရန်ရှိ သုတေသနဌာန၌ ကမ်းခြေအနီးတစ်ဝိုက်တွင် ရေနစ်ပြီးဒုက္ခရောက်နေသော လူများအားကယ်ဆယ်ရန် ရည်ရွယ်ချက်ဖြင့် ပျံသန်းနိုင်သော စက်ရုပ်ယာဉ် တစ်မျိုးအား တီထွင်လျက်ရှိပါသည်။ Pars သည်လေးထောင့်ပုံယာဉ် တစ်စင်းဖြစ်ပြီး ကမ်းခြေသို့မဟုတ် သင်္ဘောပေါ်မှ လွှတ်တင်နိုင်၍ ရေနစ်နေသောသူများ၊သို့မဟုတ် သမုဒ္ဒရာထဲ၌ ဒုက္ခရောက်နေသူများအား ကယ်တင်ရန်အတွက် ဒီဇိုင်းဆွဲ တည်ဆောက်ထားပါသည်။ စမ်းသပ်ဆဲယာဉ်ငယ်သည် အသက်ကယ်ဘောကွင်း တစ်ကွင်းသာ သယ်ဆောင် နိုင်သေးပြီး သုတေသနအဖွဲ့မှ သုံးကွင်းထိသယ်ဆောင်နိုင်ရန် ပြုလုပ်နေသည့်အပြင် အနာဂတ်တွင် ကိုယ်တိုင် လေမှုတ်သွင်းနိုင်သော အသက်ကယ်ကွင်း ၁၅ ခုထိ သယ်ဆောင်နိုင်ရန် ရည်ရွယ်ထားပါသည်။ စက်ရုပ်ယာဉ်တွင် GPS လမ်းညွှန်ကိရိယာများ၊ မှတ်ဉာဏ်တု၊ အသံနှင့်ရုပ်ပုံ ခွဲခြားမှုစနစ်၊ အလိုအလျောက်မောင်းနှင်မှုစနစ်၊ ကယ်ဆယ်ရေးစနစ်၊ လေဖိအားတိုင်းကိရိယာ၊ သံလိုက်အိမ်မြှောင်နှင့် ဂျိုင်ရိုစကုတ် တပ်ဆင်ထားသော အာရုံခံစနစ်တို့ ပါဝင်ပါသည်။ထို့ပြင် ၎င်း၌ပင်လယ်ထဲမှ […]


Mr WorldWideApril 2, 20131min2543
လွန်ခဲ့သောနှစ်သန်းပေါင်း ၆၅ သန်းခန့်က ကမ္ဘာမြေနှင့်ကြယ်တံခွန်တစ်စင်း ဝင်တိုက်မိသောကြောင့် ဒိုင်နိုဆော သတ္တဝါများ အပါအဝင် သက်ရှိမျိုးစိတ် စုစုပေါင်း၏ ၇ဝ ရာခိုင်နှုန်းခန့် သေကြေပျက်စီးခဲ့ကြောင်း သိရှိရပါသည်။    မက္ကဆီကိုရှိ  ချီခဇူလက်  (Chicxulub) ချိုင့်ကြီးသည် ယခင်ကထင်မှတ်ထားသည် ထက် ပိုမိုသေးငယ်သော အရာဝတ္ထုတစ်ခုနှင့် ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း နယူးဟမ်ရှိုင်းယားမှ သုတေသန ပညာရှင်များက ပြောကြားခဲ့ပါသည်။ အာကာသဥက္ကာခဲနှင့် ဝင်တိုက်မိခဲ့ခြင်းကြောင့် ကမ္ဘာ့မြေလွှာထဲတွင် ဒြပ်စင်များဖြစ်သော Iridium  နှင့် Osmium တို့ကို သဘာဝထက် ပိုမိုလွန်ကဲစွာ  တွေ့ရှိလာရပါသည်။ ၎င်းဒြပ်စင်များသည် အာကာသထဲမှ ရောက်ရှိလာကြခြင်းပင် ဖြစ်ပေသည်။ အဆိုပါဒြပ်စင်များ၏ ပါဝင်မှုကို လေ့လာခြင်းအားဖြင့် ကမ္ဘာမြေကို  ၅ ကီလိုမီတာ အချင်းရှိ ဂြိုဟ်သိမ် ဂြိုဟ်မွှားတစ်ခု တိုက်မိခဲ့ဟန်ရှိသည်ဟု ယခင်က ယူဆခဲ့ကြပါသည်။ သို့သော်  […]


Mr WorldWideApril 1, 20131min3506
လေထဲရှိ ရေငွေ့များအား Filters များကို ဖြတ်သန်းစေခြင်းဖြင့် သန့်ရှင်းသောရေကို ထုတ်ယူနိုင်လိမ့်မည် ဖြစ်ပေသည်။ ပီရူးနိုင်ငံ Lima  မြို့ရှိအင်ဂျင်နီယာနှင့် နည်းပညာတက္ကသိုလ် University of Engineering and Technology-UTEC မှ သုတေသန ပညာရှင်များသည် Mayo Peru DraftFCB Agency နှင့်ဆက်သွယ်ပြီး ၎င်းရေအား ထုတ်လုပ်နိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ UTEC တက္ကသိုလ်မှ ရေသန့်ထုတ်လုပ်ရေး နှင့်ပတ်သက်၍ စိတ်ကူးယဉ်မှုများကို အမှန်တစ်ကယ် အကောင်အထည် ဖော်နိုင်ရန်အတွက် ၎င်းတို့အဖွဲ့မှ စိတ်ဆန္ဒ ပြင်းပြခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ လမ်းဘေးကြော်ငြာဆိုင်းဘုတ်တွင် လေမှသောက်ရေသန့်ထုတ်လုပ်နိုင်မှုကို ကြော်ငြာထားပါသည်။ ယခုလက်ရှိအချိန်ထိ ကြော်ငြာဆိုင်းဘုတ်တွင် တစ်နေ့  ၉၆ လီတာဖြင့် သောက်ရေသန့် လီတာ ပေါင်း ၉၀၀ဝကျော် ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်သည်ဟု ဖော်ပြထားပါသည်။ […]


Mr WorldWideMarch 28, 20132min1700
  ယခုအခါ ကြိုးမဲ့စနစ်ဓာတ်အားသွင်းကိရိယာအား အသုံးပြုခြင်းသည် တစ်ဖြည်းဖြည်း တိုးတက်ပြန့်ပွား လာခဲ့ပါသည်။ တီထွင်သူများအနေဖြင့် ဤနည်းပညာသည် လူအများ၏ စိတ်ဝင်စားခြင်းကို ခံနေရသောကြောင့် ၎င်းတို့အနေဖြင့် အပတ်တကုတ်ကြိုးပမ်းလုပ်ဆောင်လျက် ရှိကြောင်း တွေ့ရှိရပါသည်။ မကြာသေးသော ကာလကပင် ကြိုးမဲ့စနစ်ဓာတ်အားသွင်းနိုင်သော ဆဲလ်ဘက်ထရီများကို ဈေးကွက်တွင် တွေ့ရှိခဲ့ရပါသည်။ အနာဂတ်ကာလတွင် Tunto ကုမ္ပဏီသည် စားပွဲတင် မီးအိမ်တွင် ကြိုးမဲ့စနစ်ဓာတ်အားသွင်းကိရိယာ အား တွဲဖက် အသုံးပြုလိုက်ခြင်းဖြင့် ကဏ္ဍသစ်တစ်ရပ် ဖြစ်ပေါ်လာစေခဲ့ပါသည်။ ၎င်းကုမ္ပဏီသည် LED မီးသီးတီထွင်ခြင်းဖြင့် ကျော်ကြားသော ကုမ္ပဏီဖြစ်လာခဲ့ပါသည်။ ယခုအခါ တီထွင်ဆန်းသစ်မှု အစီအစဉ်များနှင့် အတူ Powerkiss မီးအိမ်သည် များစွာသော ယှဉ်ပြိုင်မှုတို့ကို အနိုင်ရခဲ့ပြီး ၎င်းသည် LED ကိုးလုံး၏ အလင်းဖြင့် စားပွဲတွင် ထွန်းလင်းတောက်ပသော အလင်းရောင် ရရှိမည်ဖြစ်ပါသည်။ […]


Mr WorldWideMarch 22, 20131min2473
နာနိုနည်းပညာဆိုင်ရာ သုတေသနပညာရှင်များသည် မိုက်ခရိုစကေး (ဗိုင်းရပ်ပိုးမွှားအရွယ်) အရွယ်ရှိ အလွန်သေးငယ်သော ရေခဲသေတ္တာတစ်မျိုးကို တီထွင်ခဲ့ပြီး ၎င်းထက်အရွယ်အစားအားဖြင့် အဆပေါင်း သန်း နှင့်ချီကြီးမားသော ပစ္စည်းများကို အအေးပေးနိုင်ခဲ့ပါသည်။  ၎င်းကိရိယာသည် ကွမ်တမ်ရူပဗေဒ ပညာရပ်ကို အသုံးပြုထားခြင်းဖြစ်ပြီး ၎င်းထက် အဆများစွာကြီးမားသော အရာဝတ္ထုများကို အအေးလွန်အပူချိန်အထိ (Sub-cryogenic Temperature ) သို့ရောက်ရှိလုနီးပါးဖြစ်အောင် အအေးပေးနိုင်ပါသည်။ စီမံကိန်းခေါင်းဆောင် ဂျိုးအူလုံမှ ၎င်းတို့၏ အလွန်သေးငယ်သော ရေခဲသေတ္တာလေးသည် အမေရိကန် ဝါရှင်တန်မြို့ရှိ လင်ကွန်းပြတိုက်တစ်ခုလုံးအား လေအေးပေးရန် တပ်ဆင်ထားသော လေအေးပေးစက် (Air Conditioner) ၏စွမ်းအားနှင့်တူညီပါသည်ဟု ပြောကြားခဲ့ပါသည်။   ၎င်းက နာနိုစကေးအရွယ်ပစ္စည်းကို ကွမ်တမ်ရူပဗေဒနည်းပညာအသုံးပြု၍ ကြေးနီအတုံးတစ်တုံးကို အအေးပေးစေခဲ့ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။ သတ္တုတုံးကို ဆင်းဒဝှစ်မုန့်ကဲ့သို့ဖြစ်အောင် ပါးလွှာသော အလွှာလေးများပြုလုပ်ပြီး လျပ်ကာပစ္စည်း  နှင့် […]


Mr WorldWideMarch 13, 20131min4066
3D Printing နည်းပညာဖြင့် သေနတ်တစ်လက်၏ အစိတ်အပိုင်းများကို ထုတ်လုပ်နိုင်ကြောင်းကို 3D Robotic ၏ အမှုဆောင်အရာရှိချုပ် မစ္စတာ အနိုဒါဆန်မှ ပြောကြားခဲ့ပါသည်။ သို့သော်စောင့်ကြည့်ထိန်းသိမ်းသူများအတွက် အလွန်အမင်း စိတ်မပူသင့်ကြောင်း အဘယ်ကြောင့်ဆိုသော် သေနတ်များအား ယခုနည်းပညာ အသုံးပြု၍ ခက်ခက်ခဲခဲ ကြိုးပမ်းထုတ်လုပ်နေမည့်အစား အမေရိကန် Walmart တွင် အလွယ်တကူ ဝယ်ယူရရှိနိုင်သောကြောင့် ဖြစ်ကြောင်း ဆက်လက်ပြောကြားခဲ့ပါသည်။ သုံးဘက်မြင်ပုံနှိပ်လုပ်ငန်းကြောင့် အရာဝတ္တုများနှင့် ပတ်သတ်၍ မူပိုင်ခွင့်ချိုးဖောက်မှု ပြဿာနာများဆီသို့ ဦးတည်လာနိုင်ကြောင်းကိုလည်း စိုးရိမ်လျက်ရှိပါသည်။ အဆိုပါနည်းပညာဖြင့် အရာဝတ္တုများအား ဓာတ်ပုံရိုက်၍ ၎င်းအရာဝတ္တုနှင့် ပုံစံအရွယ်အစားတူ ပစ္စည်းတစ်ခုကို ပုံနှိပ်ထုတ်ယူနိုင်ခဲ့ပါသည်။ အဆိုပါ 3D နည်းပညာကို အသုံးပြုခြင်းအားဖြင့် အမေရိကန်နိုင်ငံတွင် လုပ်သားအင်အား မြောက်မြားစွာ အသုံးပြုရန် မလိုတော့ဘဲ စက်မှုလုပ်ငန်းတစ်ခုလုံးအပေါ် ကြီးမားသည့် ပြောင်းလဲသက်ရောက်မှု […]


Mr WorldWideFebruary 14, 20132min3687
ဂျပန်ကုမဏီတစ်ခုသည် အာကာသထဲသို့ ဓာတ်လှေခါးဖြင့်တက်ခြင်း စိတ်ကူးအစီအစဉ်တွင် ငွေများထည့်ဝင်ရင်းနှီးရန်အဆင်သင့်ဖြစ်နေပါသည်။ အာကာသထဲသို့ တိုက်ရိုက်တက်သွားနိုင်ရေးစွမ်းဆောင်မှုသည် နာဆာနှင့်အခြားအဖွဲ့အစည်းများမှ သိပံပညာရှင်များအတွက် သုတေသနလမ်းကြောင်းသစ် တစ်ရပ် ဖွင့်ပေးလိမ့်မည် ဖြစ်ပါသည်။ ယခုအခါအဆိုပါကုမဏီသည် ၂၀၅ဝ ခုနှစ်တွင် ပြီးစီးမည့်အာကာသထဲသို့ တက်သွားနိုင်သော ဓာတ်လှေခါးတည်ဆောက်ရန် ပြင်ဆင်နေပါသည်။ ဓာတ်လှေခါး၏ အလျား ၂၂၀၀ဝ မိုင်ရှိမှသာ ကမ္ဘာမြေနှင့်အာကာသစခန်းအား ချိတ်ဆက်နိုင်မည် ဖြစ်ပါသည်။ မြေပြင်စခန်းနှင့် အာကာသစခန်းနှစ်ခုအား ကေဘယ်လ်ကြိုးဖြင့် ချိတ်ဆက်မည်ဖြစ်ပါသည်။ အာကာသစခန်းသည် ကေဘယ်လ်အား ထိန်းချုပ်သည့် ချုပ်တိုင်ဖြစ်ပေလိမ့်မည်။ ၎င်းဓာတ်လှေခါးအနေဖြင့် လူ ၃ဝ အား သယ်ဆောင်ပြီး ၈ ရက်နှင့် အာကာသစခန်းသို့ရောက်ရှိအောင် သွားနိုင်လိမ့်မည် ဖြစ်ပါသည်။ ခရီးစဉ်အတွင်း ခရီးသည်များသည် နေ့ရက်တိုင်းတွင် ကိုယ်အလေးချိန်လျော့နည်းလာပြီး ကောင်းကင်တွင် ပျံသန်းနေသကဲ့သို့ခံစားရမည် ဖြစ်ပါသည်။ ယင်းဓာတ်လှေခါးသည် ၁ နာရီလျှင် […]


Mr WorldWideFebruary 7, 20131min2131
အစ္စရေးအစိုးရသည် ပို၍ဆွဲဆောင်မှုရှိသော လေဆာရောင်ခြည်သုံး ဒုံးပျံကာကွယ်ရေးစနစ်ကို အသုံး မပြုဘဲ အိုင်ယွန်းဒူး(မ်) (Iron Dome) ဟုခေါ်သော ဒုံးခွင်းဒုံးစနစ်ကို ၂၀၁၁ ခုနှစ်မှ စတင်၍ စစ်ဘက်တွင် အသုံးပြုခဲ့ပါသည်။ သို့သော်ယခုအခါတွင် လေဆာရောင်ခြည်ကဲ့သို့ တိုက်ရိုက်စွမ်းအင် အသုံးပြုနည်းပညာ များတိုးတက်လျက်ရှိပြီး မကြာမီကာလတွင် အဆိုပါအသံတိတ်လက်နက်များကို စမ်းသပ်မှုများပြုလုပ်ရန် အဆင်သင့် ဖြစ်နေပြီဖြစ်ကြောင်း ကာကွယ်ရေးစက်မှုလုပ်ငန်းများမှ ပြောကြားခဲ့ပါသည်။     အဓိကအဖွဲ့အစည်းမှာ အမေရိကန်၏ ကာကွယ်ရေးစက်မှုလုပ်ငန်းဖြစ်သော လော့ဟိမာတင် ကုမ္ပဏီ ဖြစ်ပါသည်။ အစ္စရေး-ဂါဇာ အပစ်အခတ် ရပ်စဲပြီး တစ်ပတ်မပြည့်မီတွင် ကုမ္ပဏီမှ ၎င်းတို့တီထွင်လုပ်ကိုင် နေသည့် အဒမ် (Adam,Air Defence Anti-munitions) ဟုခေါ်သည့် လေဆာရောင်ခြည်သုံး လက်နက်ကို ထုတ်ဖော်ပြခဲ့ပေသည်။ ၎င်းလက်နက်စနစ်သည် အခဲဖိုင်ဘာလေဆာ (Solid-State Fiber […]


Mr WorldWideFebruary 7, 20131min2282
ပထမကမာ္ဘစစ်အတွင်းတွင် စက်သေနတ်များ၊ တင့်ကားများ၊ လူသတ်ဓာတ်ငွေ့များ စသည်တို့ကြောင့် လူပေါင်း ၉ သန်းကျော် သေဆုံးခဲ့ကြရ၍ နိုင်ငံအတော်များများသည် စစ်ပွဲများတွင် လူတို့၏အသက်ဆုံးရှုံးနိုင်မှု အနည်းဆုံးနည်းလမ်းများကို ရှာဖွေကြရာမှ Robot ဟူသော အသုံးအနှုန်းသည် ၁၉၂ဝ ခုနှစ်တွင် စတင်တွင် ကျယ်လာခဲ့ပါသည်။     ယနေ့အခါတွင်မူ အာဖဂန်နစ္စတန်နှင့် အီရတ်စစ်ပွဲများတွင် မောင်းသူမဲ့လေယာဉ်များမှ စစ်ရေးတာဝန် များကို ထမ်းဆောင်လျက်ရှိနေကြောင်း တွေ့ရမည်ဖြစ်ပေသည်။ ၎င်းတို့အား နီဗားဒါး (Nevada)မှ ထိန်းချုပ် မောင်းနှင်နေခြင်းဖြစ်ရာ လူ့သမိုင်းတွင် ပထမဆုံးအနေဖြင့် စစ်ပွဲတစ်ခုအား ကမာ္ဘ့တစ်ဖက်ခြမ်းမှ ထိန်းချုပ် တိုက်ခိုက်နိုင်ခြင်းပင်ဖြစ်ပေသည်။ ပထမကမ္ဘာစစ်၏ အနိဋ္ဌာရုံများကြောင့် စက်ရုပ်စစ်သည်များဟူသော မျှော်မှန်းချက်များသည် အမှန် တကယ်ရုပ်လုံး ပေါ်လာခဲ့ပေသည်။ ယနေ့ အမေရိကန်စစ်ဘက်တွင် တိုက်ခိုက်ရေး လေယာဉ်မှူးများထက်  မောင်းသူမဲ့လေယာဉ်များကို ကိုင်တွယ်ထိန်းချုပ်နိုင်မည့် […]