ရောက်ပါလေပြီ။ အခန်းဝတွင် မယောင်မလည်ဖြင့် ကိုယ်ယောင်ပြနေမိသည်။ ပြောမယ့်သာပြောရတာ၊ ကိုရင်ရှူံးမှာ အသည်းသာငယ်သော်လည်း လူကောင်က လူတန်းစေ့ဖြစ်သည့်အတွက် အလွယ်တကူမြင်နိုင်သည်။ လက်နှစ်ဖက်ကို အရှေ့မှာထားရမည်လား၊ အနောက်မှာပဲ ထားရမည်လားနှင့် မွေးကတည်းက ပါလာသော အဲဒီဟာကြီးကို ဘယ်နားထားရမည်မသိအောင် အတော်လေးဂွကျလှပေသည်။ မျက်နှာကို ဘယ်လိုထားရမလဲဟုလည်း စဉ်းစားမိသေးသည်။ ပြုံးနေရမလား…? ဒါလဲ မဖြစ်သေးပါဘူးလေ၊ ရုပ်ကိုက ပြောင်စပ်စပ်နဲ့ဆိုပြီး ဝိုက်လက်သီး၊ ပင့်လက်သီးတွေက အဆက်မပြတ်ကျလာမှ ဒုက္ခ။ တည်နေရမလား…? ဒါလဲ မဖြစ်နိုင်၊ ရုပ်တည်ကြီးနဲ့ ကောင်မလေးကိုလာပိုးတယ်ဆိုတာ တော်တော်ကြောင်တယ်ဟု တွေးမိပြန်သည်။ နောက်ဆုံးတွင်မတော့ မချိသွားဖြဲလေးဖြင့် ကပိုကယိုလေး လက်လှမ်းပြလိုက်သည်။ (ဒါမှ သူလဲ ကျေနပ်ပေလိမ့်မပေါ့) သူကခဏနေဦးဆိုသည့်သဘောဖြင့် လက်ဝါးကာပြသည်။ မျက်လုံးထဲတွင်မတော့ လက်သီးကြည့်ထားဟု ပြသည်ပဲ ထင်မှတ်နေတုန်း။ သိပ်မကြာခင်မှာပင် ငါးသလောက်ပြုံးလေးဖြင့် သူမမှ သူမပုံစံအတိုင်း […]