လသာလမ်းက ဖုန်းဆိုင်တစ်ဆိုင်ပါ … ၂၅ ရက်နေ့က ဖုန်းသွားပြင်ပါတယ် … ဒီဘက်ကပြောတာ ဟိုဘက်ကသိပ်မကြားရဘူး တိုးနေတယ်လို့ပြောလိုက်ပါတယ် … ဝန်ထမ်းကောင်မလေးကို … သူက ဘောက်ချာဖွင့်ပေးလိုက်တယ် ။ မနက်ဖြန် ညနေလောက်လာယူလိုက်ပါတဲ့ …. သွားယူတော့ မရသေးဘူးတဲ့ … မနက်ဖြန်ရအောင်လုပ်ပေးပါမယ်တဲ့ … ထားခဲ့လိုက်ပါတယ် ။ မနက်ဖြန်ထပ်သွားပါတယ် … မရသေးပါဘူးတဲ့ ။ မနက်ဖြန်ရအောင် သေချာလုပ်ပေးပါမယ်တဲ့ … ဒါနဲ့ နောက်နှစ်ရက်လောက်ရှိမှသွားလိုက်ပါတယ် ။ စမ်းကြည့်တော့ မရသေးဘူး တိုးနေတုန်းပါပဲ ။ မရဘူးလို့သူတို့ကို ပြောလိုက်ပါတယ် ။ သူတို့က ဘောက်ချာမှ ရေးထားတဲ့အတိုင်း earp ကိုပြင်လိုက်တာတဲ့ . အမှန်ဆိုရင် speaker ကိုပြင်ရမှာတဲ့ … ရေးတဲံသူက မှားတဲ့အတွက်သူတို့ပြန်လုပ်ပေးပါမယ်ပေါ့ […]