၁၃-၂-၂၀၁၅ ရက်နေ့ဟာ ကျနော်တို့ လွတ်လပ်ရေးဖခင်ကြီး  ဗိုလ်ချူပ်အောင်ဆန်းရဲ့ ရာပြည့်ပွဲနေ့ပါ။ ဗိုလ်ချုပ်ရဲ့မွေးရာဇာတိ နတ်မောက်မြို့မှာ ရာပြည့်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပမှာ ဖြစ်သလို၊ မြန်မာပြည် တနှံတလျားမှာလည်း အမှတ်တရပွဲတွေ အသီးသီးကျင်းပကြမှာ မလွဲပါပဲ။ (နှစ်ပေါင်း ၅ဝ ကျော် ဗိုလ်ချုပ်အကြောင်းကို မပေါ်လွင်စေချင်တဲ့ သူတွေကဆင်းသက်လာတဲ့ အစိုးမရသူများကတော့ အထူးတလည်ပွဲလမ်းလုပ်မယ် (ကျနော့်အထင်)မကြားမိပေမယ့် ရန်ကုန်မှာ လမ်းပိတ်ပြီး ရာပြည့်ပွဲလုပ်မယ်ဆို ခွင့်မပြုလို့ တနေရာမှာ ဖတ်လိုက်မိသလားလို့ … …) ဗိုလ်ချုပ်ရာပြည့်ပွဲမှာ တပြည်လုံး ဂုဏ်ယူဆင်နွှဲကြမှာ ဖြစ်သလို ဒီနှစ် ၁၃-၂-၂၀၁၅ ရက်နေ့မှာဆိုရင် ဗိုလ်ချုပ်နောက်ဆုံးခေါင်းချသွားရာ နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ ၊ ဗဟန်းက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သာမန်နေ့တွေထက် ပိုများတဲ့ လူသူလေးပါး အမှတ်တရ လာရောက်ကြမှာ အမှန်ပါပဲ။ လူကြီး၊ လူငယ် […]