၁၃-၂-၂၀၁၅ ရက်နေ့ဟာ ကျနော်တို့ လွတ်လပ်ရေးဖခင်ကြီး  ဗိုလ်ချူပ်အောင်ဆန်းရဲ့ ရာပြည့်ပွဲနေ့ပါ။ ဗိုလ်ချုပ်ရဲ့မွေးရာဇာတိ နတ်မောက်မြို့မှာ ရာပြည့်ပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပမှာ ဖြစ်သလို၊ မြန်မာပြည် တနှံတလျားမှာလည်း အမှတ်တရပွဲတွေ အသီးသီးကျင်းပကြမှာ မလွဲပါပဲ။ (နှစ်ပေါင်း ၅ဝ ကျော် ဗိုလ်ချုပ်အကြောင်းကို မပေါ်လွင်စေချင်တဲ့ သူတွေကဆင်းသက်လာတဲ့ အစိုးမရသူများကတော့ အထူးတလည်ပွဲလမ်းလုပ်မယ် (ကျနော့်အထင်)မကြားမိပေမယ့် ရန်ကုန်မှာ လမ်းပိတ်ပြီး ရာပြည့်ပွဲလုပ်မယ်ဆို ခွင့်မပြုလို့ တနေရာမှာ ဖတ်လိုက်မိသလားလို့ … …) ဗိုလ်ချုပ်ရာပြည့်ပွဲမှာ တပြည်လုံး ဂုဏ်ယူဆင်နွှဲကြမှာ ဖြစ်သလို ဒီနှစ် ၁၃-၂-၂၀၁၅ ရက်နေ့မှာဆိုရင် ဗိုလ်ချုပ်နောက်ဆုံးခေါင်းချသွားရာ နေအိမ်ဖြစ်တဲ့ ရန်ကုန်မြို့ ၊ ဗဟန်းက ဗိုလ်ချုပ်အောင်ဆန်းပြတိုက်ကို သာမန်နေ့တွေထက် ပိုများတဲ့ လူသူလေးပါး အမှတ်တရ လာရောက်ကြမှာ အမှန်ပါပဲ။ လူကြီး၊ လူငယ် […]


သတင်းထောက်၏ ပင်မအလုပ်သည် သတင်းများကို ရှာဖွေထောက်လှမ်းရေးသားခြင်းဖြစ်သည်။ သတင်းအချက်အလက်များကို အပိုအလိုမရှိ ပြည့်စုံတိကျနိုင်သမျှ ပြည့်စုံတိကျအောင် ရေးသားနိုင်မှ သတင်းထောက်ကောင်းဟု အသိအမှတ်ပြုခံရမည်ဖြစ်သည်။ ပြည့်စုံတိကျသော သတင်းတစ်ပုဒ်တွင်ပါရှိရမည့်’ဘ’ခြောက်လုံးကို နိုင်ငံတကာစံအဖြစ် လက်ခံထားကြသည်။ ၁။ ဘာဖြစ်တာလဲ။ (What Happened?) ၂။ ဘယ်သူတွေပါသလဲ။ (Who did it involve?) ၃။ ဘယ်တုန်းကလဲ။(When did it happen?) ၄။ ဘယ်မှာလဲ။ (Where did it happen?) ၅။ ဘာကြောင့်လဲ။ (Why did it happen?) ၆။ ဘယ်လိုဖြစ်သလဲ။ (How did it happen?) အင်္ဂလိပ်လို ဒဗလျူ(W)ငါးလုံးနှင့် အိပ်ချ်(H) တစ်လုံး။ မြန်မာလို ‘ဘ’ခြောက်လုံးနှင့် ပြည့်စုံရမည်ဟု […]


တီဗွီမှာ သင်္ကြန်မဏ္ဍပ်တွေပြနေတာ ကြည့်နေတုန်း ဗုံးကွဲတဲ့ သတင်းလာနေတယ် အသိတစ်ယောက်ပြောလို့ ကျနော်တို့ဆီမှာ ဖြစ်ပြန်ပြီလားလို့ အရမ်းစိတ်ပူသွားတာ… နောက်မှ ဘော်စတွန်မှာတဲ့.. ဒါနဲ့ အပြေးအလွှား အွန်လိုင်းမှာရှာကြည့်ရတယ် UPDATE[6:00PM EST]: 12 confirmed dead. 50 confirmed injured. 10 require amputation. The suspect is identified as a Saudi man who’s injured and under heavy guard in the hospital. For images and animations of the explosion, with more news, visit: http://www.nypost.com/p/news/national… ဘော်စတွန်မာရသွန် […]


ရုံးအလုပ်တွေ ရှုပ်နေတာနဲ့ ရွာထဲကို ချောင်းကြည့် ပြုံးပြန် လုပ်နေတာ တွေ့ဆုံပွဲက ပြန်လာပြီးကတည်းက ထင်ပါရဲ့ ပို့စ် တင်ဖြစ်တော့လည်း ကိုယ်က စာဖတ်သူကို တစ်ခုခု ပေးနိုင်တဲ့ဟာ မဟုတ်ဘဲ အကူအညီ တောင်းတဲ့ ပို့စ်ဖြစ်နေလို့ ရှက်ပါရဲ့ ရှက်လည်း ရှက်တော့ပါဘူး.. အချင်းချင်းတွေပဲဟာ ဟီး အထူးသဖြင့် အကူအညီတောင်းချင်တာကတော့ ရွာထဲက အံဇာတို့ ကိုဖက်ကက်တို့လို အိုင်တီသမားတွေပေါ့.. ဒီလိုပါ အားလုံးသိကြတဲ့အတိုင်း ကျနော်ဟာ အစိုးရရုံးတစ်ခုက တောက်တိုမယ်ရ ဖွတ်ကြားတစ်ကောင်သာသာ ရယ်ပါ အဲ ခုတလောတော့ ဇာတာစန်းလဂ် တတ်တယ်ပြောရမလား.. စုပ်ကော လာဘ်ကော ဝင်မယ့်ကိန်းလားတော့မသိ တောင်ကျွန်းသူအလှလေးတွေရဲ့နိုင်ငံကို သုံးလကြာ သင်တန်းသွားတက်ဖို့ရာ နာမည်စာရင်း အဆိုပြုခံရပါတယ်.. ဟိုဘက်နိုင်ငံက သင်တန်းအရွေးခံရဖို့ရာ More than 3 years […]


မြန်မာ ပုရိသယောက်ျားတို့ ပြောကြတာရှိသည် မိန်းမဟူသည် မရှိမကောင်း ရှိမကောင်း။ မပေါင်းလဲခက်၊ ပေါင်းလည်းခက်၏ .. တဲ့။ အခုတော့ ခေတ်နဲ့အညီ တမျိုးပြောင်း ပြောနေကြပြန်ပြီ။ မိန်းမဟူသည် တီဗီ (သို့မဟုတ်) လက်ကိုင်ဖုန်း နှင့် တူ၏.. တဲ့ အိမ်သူဇနီးမယားသည် ဧည့်ခန်းထဲက တယ်လီဗီးရှင်းနဲ့တူပြီး မိန်းခလေးမိတ်ဆွေ (စမောလေး)က ဟန်းဖုန်းနဲ့ တူသတဲ့ဗျာ..။ ရှင်းပါမယ်..။ ကျွန်တော်တို့ ယောက်ျားတွေ အိမ်မှာ တီဗွီ ကြည့်ပြီး အပြင်သွားရင် ဟန်းဖုန်းေလး ဆောင်သွားကြတယ်လေ။ ပိုက်ဆံမရှိ ပြတ်လပ်နေချိန် အခန်းအောင်း တီဗွီကြည့်နေပြီး ငွေယားလေးအဆင်ပြေတော့ ဟန်းဖုန်းေလး အသစ်လဲကိုင်တတ်ကြပြန်ရော။ တီဗွီကို တစ်ခါတရံမှ ကြည့်ဖြစ်ပေမယ့် ဟန်းဖုန်းကိုမူ အမြဲတမ်းကလိနေကြရဲ့။.. ဟဲ ဟဲ ခင်ဗျားတို့ အိမ်က တီဗွီဟာ တစ်သက်လုံး […]


ဒီတစ်ခေါက်တော့ အမေရိကမှာ စားသောက်ဆိုင်ဝင် နေ့လည်စာ စားတဲ့အခန်းလေးပေါ့။ သိပ်လည်း ထင်မထားနဲ့ဦး.. အမွေလက်ထဲမရောက်သေးလို့ ချွေတာရေး ပေါင်မုန့်နဲ့ အသုပ်ပဲ စားခဲ့တာနော်။ <iframe width=”420″ height=”315″ src=”http://www.youtube.com/embed/FzF3PsuDRGE?rel=0″ frameborder=”0″ allowfullscreen></iframe> … … Video ထဲက စကားပြောတွေ … Hostess       Hi, will you be having lunch? ဟိုင်း..။ နေ့လည်စာ သုံးဆောင်မှာပါလား။ Alex            Yes, but I’m not very hungry. ဟုတ်တယ်။ ဒါပေမယ့်.. သိပ်ဆာလို့မဟုတ်ဘူး။ Alex            It’s too hot outside. အပြင်မှာ သိပ်ပူတာနဲ့..။ Hostess […]


Background Information အဏုမြူမပြန့်ပွားရေး ပြည်ထောင်စု အစိုးရအနေနှင့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏ နောက်တိုးလိုက်နာရန် အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ အနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅ရခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက် မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small […]


မနေ့ညက သူများတွေ တီဗွီရှေ့ထိုင် အကယ်ဒမီ ရင်ခုန်သံတွေ တဒိုင်းဒိုင်းမည်နေချိန်မှာ ကျနော်က ပေါက်ဖော်ကြီးတို့နဲ့ ချစ်ကြည်ရေးတိုးမြှင့်ဖို့ လုပ်တဲ့ ကပွဲထဲ ရောက်နေတာ.. တရုတ်စည်သံ၊ ဗမာစည်သံတွေ တဒုန်းဒုန်းကြားထဲ ဆွဲလာတဲ့ ဝါးတားတား ပုံလေးတွေ ကြည့်ကြပါအုံး ပေါက်ဖော်ကြီးတို့က သူတို့ပြည် ရိုးရာ အဆို အကတွေ၊ အတီးအမှုတ်တွေနဲ့ တင်ဆက်သွားသလို မြန်မာမှုအနေနဲ့ အိုးစည်ဒိုးပတ်ဝိုင်း၊ စည်တိုအက၊ ရုပ်သေးနဲ့လူ အပြိုင်ကတဲ့ ကကွက်တွေနဲ့ ဖျော်ဖြေခဲ့ကြလေရဲ့.. ထူးခြားတာက ရွှေပွဲလာတွေက ပေါက်ဖော်ကြီးတို့ အဆိုအကတွေက အိန္ဒိယကားထဲက ဟန်တွေနဲ့ အတော်ဆင်တယ် ပြောကြတာပါပဲ။ နိုင်ငံ ဘယ်ဒေသက လာတယ်တော့မသိ.. ဘင်္ဂလား၊ ပါကစ္စတန် နယ်စပ်နား ကျေးလက်ကများလား စိတ်ထဲမှတ်တယ်။ ဘေကျင်း အိုလံပစ်တုန်းက ကပြ ဖျော်ဖြေခဲ့တဲ့အကတွေ ကမာ္ဘ့ရိုးရာအကပွဲတွေမှာ ဆုရခဲ့တဲ့ […]


သူကြီး ဦးခိုင်ကတော့ ကျနော့်ကို ဆဲချင်မလား မတိဝူး.. သူ့ဆာဗာ လေးအောင် လမ်းစဖော်တဲ့ကောင်လို့ ဓာတ်ပုံတွေ တင်ရင်ကို လေးလှပါတယ်ဆို ကြည့်.. ထွင်လာပြန်ဘီ.. ပို့စ်ထဲ ဗီဒီယို ပေါ်အောင် တင်ကြမတဲ့ တကယ့် ရိုက်ပေါက် :om: ဂေဇက်မှာ ဓာတ်ပုံတင်တာတော့ နည်းတွေရေးပြထားတာရှိသလို အားလုံးလည်း လုပ်တတ်ကိုင်တတ်ဖြစ်နေပါဘီ။ ဗွီဒီယိုလေးတွေ ပို့စ်ထဲ ပေါ်အောင်တင်ဖို့တော့ ဓာတ်ပုံတင်သလို  ➡  Add Media/ Upload File လုပ်ရုံနဲ့ မရတော့ဘူး။ ကျနော်လည်း ကိုယ့်ဖာသာ ကြိုးစားတိုင်း အဆင်မပြေ၊ ပို့စ်တင်တိုင်း သူကြီးပြေး အပူကပ်ရတာ အားနာလာလို့ ကိုယ်နားလည်ထားတာများလွဲနေသလား၊ လွဲနေရင်လည်း သိတဲ့တတ်တဲ့ ရွာသူားများ အမှန်ပြင်ပေးနိုင်ဖို့နဲ့ မသိသေးတဲ့ ရွာသူားတွေလည်း သိသွားအောင် မောင်းတီးလိုက်ပါရဲ့ ရွာသူားတို့ရေ ပို့စ်ထဲမှာ […]


သမ္မတကြီး ၂၆.၁၂.၂၀၁၂ ရက်နေ့က ပြောသွားတဲ့ မိန့်ခွန်းထဲက ဟောဒီ အချက်ကလေးက ကျနော် ရေးမယ်ရေးမယ်နဲ့ အကောင်အထည်မပေါ်ခဲ့တဲ့ အကြောင်းအရာတစ်ခုကို တွန်းအားပေးလာတယ်..။ အဘစိန်က ဒီလိုပြောလာတယ်.. နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ အကောင်အထည်ဖော်စဉ် တစ်ချိန်တည်းမှာပဲ၊ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ပြည်သူ့ဘဝလုံခြုံမှုနဲ့ လူမှုစီးပွားရေး တိုးတက်မှုတို့အတွက် ပြည်သူဗဟိုပြု လူမှုစီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ပြုပြင်ပြောင်းလဲရေး ဒုတိယအဆင့်အဖြစ် ဆောင်ရွက်ရန် မူဝါဒ ချမှတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ဟုတ်ပေ၏။ သမ္မတကြီးက နိုင်ငံအများအံ့ဩရတဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကြီးကို ဦးဆောင်ပြီး လုပ်ပြနေပါတယ်။ လိုအပ်တဲ့ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေကို ခေတ်နဲ့ဆီလျှော်ပြီး၊ ပြည်သူများ လက်တွေ့လုပ်ကိုင်နိုင်မယ့် အခြေအနေတွေနဲ့ ကိုက်ညီအောင် လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ၊  ပြည်သူများအပါအဝင်  သဘောထား […]


ကဲ… ဟိုတယ် အခန်းထဲထိအောင် ချောချောချူချူ ရောက်ခဲ့ပါပြီဗျာ။ အမေရိကကို ကောင်းကောင်းမွန်မွန်ရောက်ကြောင်း ဌာနချုပ်ကို သတင်းပို့ရဦးမယ်။ ကျနော့် ပဲ့ကိုင်ရှင် ရှင်မွေးလွန်းက စိတ်ပူတတ်ပါဘိသနဲ့။ ဖုန်းလှမ်းခေါ်ပြီး အကျိုးအကြောင်းပြောအုံးမှ။ .. နေအုံးဗျ။ အမေရိက to မြန်မာကို ဘယ်လိုဖုန်းခေါ်ရမလဲ မသိဝူး။ ဟိုတယ်ကိုပဲ မေးကြည့်တော့မယ်ဗျာ။ ဖုန်းခေါ်ဆိုတဲ့ မူဗီလေး *** XXX *** +++*** ဖုန်းခေါ်ဆိုမေးမြန်းပုံ .. Operator:    How may I help you? ဘာများ ကူညီပေးရမလဲရှင်။ Alex:      I’d like to make an international call, please. နိုင်ငံတကာ ဖုန်းခေါ်ချင်လို့ပါ ခင်ဗျာ။ Operator:    You can […]


အပြောင်းအလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်ကာတွန်းပုံလေး ဆွဲပြီး ဂေဇက်မှာ ပို့စ်တင်လိုက်တော့ ရွာသူားအများက အားပေးကြတယ်.. ကိုယ်မဆွဲတတ် ဆွဲတတ် ရေးတင်တဲ့ ပထမဆုံးလက်ရာလေးကို အားလုံးက (အားနာပါးနာ) ချီးကျူးကြတော့ အတော်လည်း ပျော်သွားပါတယ်ခင်ဗျား အဲဒီမှာ ကျနော်တို့ သူကြီးက ခုလို တောင်းဆိုထားပါသေးတယ်.. kai says: ကာတွန်းရေးပေးပါခင်ည.. အပြောင်းအလဲဆိုပြီး …ပြောင်းလဲအောင်.. ပြောင်းပြပြီး.. ပြောင်းရုံနဲ့မရ.. လူတွေပါလဲရမယ်.. မလဲချင်ရင်.. လှဲချလိုက်… လှဲမချရင်.. လဲကျအောင်…. ကန်ချရလိမ့်မယ်..။ :kwi: သူကြီးရေးထားတဲ့ စာသားလေးဖတ်ပြီး ကျနော် သဘောပေါက်သလို ကာတွန်းထပ်ဆွဲကြည့်ပြီး ပို့စ်ထပ်တင်ပေးလိုက်ပါတယ် သူကြီးအတွက်လက်ဆောင်ပေါ့.. သူကြီးစကားလုံးတွေနဲ့လည်းကိုက်အောင်၊ ခေတ်ကာလ အဖြစ်အပျက်လေးတွေနဲ့လည်း ကိုက်အောင် ဉာဏ်စွမ်းရှိသမျှ ကြိုးစား သရုပ်ဖော်ထားပါတယ်။ ဒီနေရာမှ လူလဲချင်လည်း မလဲချင် လှဲချလိုက် […]


အပြောင်းအလဲ.. အပြောင်းအလဲ….. အဲဒီ စကားလုံးလေး စိတ်ထဲရောက်နေတာ ကြာပြီ.. နှစ်ဟောင်းက နှစ်သစ်သို့ အပြောင်းအလဲ ခံယူချက်အပြောင်းအလဲ အစိုးရ အပြောင်းအလဲ အုပ်ချုပ်မှုစနစ် အပြောင်းအလဲ.. လူမှုစီးပွားရေးအပြောင်းအလဲ.. မြန်မာပြည်ကြီး အပြောင်းအလဲရေစီးကြောင်းထဲ မျောတဲ့ ၂၀၁ဝ ကတည်းကပေါ့.. ၂၀၁၂ နှစ်ဟောင်းမှ ၂၀၁၃ နှစ်သစ်တစ်ခု မကူးခင်လေး.. ဟော ခုလည်း ပြောနေကြပြန်ပြီ ပြောင်းရုံတင်မကဘူး.. ပျက်ကို ပျက်တော့မှာတဲ့ မြန်မာပြည်နဲ့တင် ဆိုင်တဲ့ကိစ္စမဟုတ်.. ကမာ္ဘကြီးပျက်စီးမှာ…. ကမာ္ဘကြီး မနက်ဖြန် ပျက်တော့မှာဆိုရင် ဘာလုပ်မလဲတဲ့ တို့ သူကြီးကလည်း မေးနေတယ်.. အဲဒီတော့ ကျုပ်လည်း ကမာ္ဘမပျက်ခင် ဘာလုပ်ချင်လည်း တွေးကြည့်တော့ မန်းဂေဇက်မှာ တင်မယ်ဆိုပြီး ကာတွန်းလေးတွေ လျှောက်ဆွဲထားတာ တကယ်လို့များ မနက်ဖြန် ၂၁-၁၂-၂၀၁၂ ရက်နေ့ တကယ်များ […]