Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ရှေ့ဆောင်”သတင်းဂျာနယ်မှာပါလာတဲ့ သီတဂူဆေးရုံ(ပန်းတနော်) ဖွင့်ပွဲ သတင်းကြောင့် မအီမသာ ဖြစ်မိတယ်

သတင်းထောက်၏ ပင်မအလုပ်သည် သတင်းများကို ရှာဖွေထောက်လှမ်းရေးသားခြင်းဖြစ်သည်။ သတင်းအချက်အလက်များကို အပိုအလိုမရှိ ပြည့်စုံတိကျနိုင်သမျှ ပြည့်စုံတိကျအောင် ရေးသားနိုင်မှ သတင်းထောက်ကောင်းဟု အသိအမှတ်ပြုခံရမည်ဖြစ်သည်။

ပြည့်စုံတိကျသော သတင်းတစ်ပုဒ်တွင်ပါရှိရမည့်’ဘ’ခြောက်လုံးကို နိုင်ငံတကာစံအဖြစ် လက်ခံထားကြသည်။

၁။ ဘာဖြစ်တာလဲ။ (What Happened?)

၂။ ဘယ်သူတွေပါသလဲ။ (Who did it involve?)

၃။ ဘယ်တုန်းကလဲ။(When did it happen?)

၄။ ဘယ်မှာလဲ။ (Where did it happen?)

၅။ ဘာကြောင့်လဲ။ (Why did it happen?)

၆။ ဘယ်လိုဖြစ်သလဲ။ (How did it happen?)

အင်္ဂလိပ်လို ဒဗလျူ(W)ငါးလုံးနှင့် အိပ်ချ်(H) တစ်လုံး။ မြန်မာလို ‘ဘ’ခြောက်လုံးနှင့် ပြည့်စုံရမည်ဟု ဆိုသည်။

(မောင်ဝံသ-သတင်းစာပညာ သဘောတရားနှင့်လက်တွေ့မှ ပြန်လည်ဖော်ပြသည်။)

အထက်ပါ “ဘ” ခြောက်လုံးက သတင်းတစ်ပုဒ်ရဲ့ အင်္ဂါတွေ.. ကျုပ်လည်း သူကြီးရဲ့ ဖတ်ပါ.မှတ်ပါ ပြီးမှ တင်ပါ… မှာ တွေ့ဖူးလို့ သိတာပါ..

ပြောချင်တာက ၂၀၁၃ ခု၊ မေလ (၃)ရက်၊ အတွဲ(၁)၊ အမှတ် (၂၂) .. ရယ်လို့ စဉ်တပ်ထားတဲ့ ရှေ့ဆောင်သတင်းဂျာနယ် ပါ သတင်း တစ်ပုဒ်အကြောင်းပါ..

ရှေ့ဆောင်သတင်းဂျာနယ်တဲ့
ရှေ့ဆောင်သတင်းဂျာနယ်တဲ့

ကျုပ်တို့ ရွာသူားတွေ  တစ်နိုင်တစ်ပိုင် စုပေါင်းပြီး တပျော်တစ်ပါး၊ တကူးတက သွားရောက် လှူတန်းခဲ့ဖူးတဲ့ ပန်းတနော်၊ အစုကြီးကျေးရွာက သီတဂူ သုမေဓာ ဇီဝိတဒါန ဆေးရုံ ဖွင့်ပွဲနဲ့ ပတ်သက်တဲ့ သတင်းပေါ့ဗျာ…

ဂျာနယ်မှာ ခေါင်းစဉ်တပ်ထားပုံ၊ အထဲမှာရေးသားဖော်ပြထားပုံတွေကြောင့် စိတ်ထဲ အီလည်လည် ခံစားနေရလို့..

ကျနော် ဂျာနယ်ကို လှန်လှောပြီး သတင်းခေါင်းစဉ်တွေ မျက်စိနဲ့စကင်လုပ် ကိုယ်ဖတ်ချင်မယ့် သတင်းမျိုး ရှာနေတုန်း စာမျက်နှာ(၆)မှာ “ ပန်းတနော်မြို့နယ်တိုက်နယ်ဆေးရုံ ဖွင့်ပွဲအခမ်းအနား” လို့တွေ့ပါရော

IMG_20130507_123327
ဟောသလို ရေးထားလေရဲ့

ပန်းတနော်မှာ တိုက်နယ်ဆေးရုံဖွင့်တယ်ဆိုတော့ (မမက ပြောဖူးတယ်လေ လမ်းတွေလည်းကောင်းသွားပြီ၊ အရင်လို မဟုတ်တော့ဘူးလို့) ခက်ခဲတဲ့ ဒေသကလူတွေအတွက် တာဝန်ရှိသူတွေ မမေ့မလျော့ ကြည့်ရှုတည်ထောင်ပံ့ပိုးပေးနေပါလားရယ်လို့ ဝမ်းပန်းတသာ ဖတ်မိတယ်။

ဒါပေမယ့် ဓာတ်ပုံကြည့်မိတော့ တို့ရွာသူရွာသားတွေ သွားလှူခဲ့တဲ့ ဇီဝိတဒါနဆေးရုံပါ။ (သတင်းခေါင်းစဉ်ဖတ်မိစဉ် တွေးမိသွားတာက အစိုးရဘတ်ဂျက်နဲ့ ဖွင့်ပေးတဲ့ ဆေးရုံလို့)

သတင်းကို အပြည့်အစုံ ဖတ်ကြည့်တော့လည်း စေတနာရှင်တွေရဲ့ သဒ္ဒါကြည်ဖြူ ထည့်ဝင်လှူဒါန်းထားတာမပါ၊ နယ်ခံရွာသူ ရွာသားတွေရဲ့ လုပ်အားအလှူအကြောင်း မဟ၊ “ဘ” ခြောက်လုံးနေနေသာသာ ဖွင့်ပွဲလုပ်တဲ့ နေ့စွဲတောင်မပါ။ နေ့စွဲတာ မပါတာ နိုင်ငံရေးပါတီကြီးတစ်ခုရဲ့ နာမည်တော့ သုံးခါတောင် ဖတ်ရသဗျ။ လုပ်ရက်ပါပေ့.. မင်းရာဇာ(ပီတနွတ်) ရယ်။ ဓာတ်ပုံတောင် သူကိုယ်တိုင် ရိုက်တဲ့ပုံ ဟုတ်ပါလေစ။

အစုကြီးကျေးရွာက သီတဂူ သုမေဓာ ဇီဝိတဒါန ဆေးရုံအကြောင်း ကျနော်သိထားတာက သွားလာရေး၊ငွေရေးကြေးရေးခက်ခဲတဲ့ နယ်သူားတွေအတွက် ခေါင်းဆောင်သူ မြတောင်ဆရာတော်နဲ့ စေတနာရှင်၊ ပညာရှင်ဆရာဝန်တွေက ဇီဝိတဒါနဆေးခန်းဖွင့် တတ်နိုင်သလောက် ကြည့်ရှုကုသပေးနေတယ်၊ ဒါကိုသိတဲ့ သီတဂူဆရာတော်ကြီးက ဒီဆေးရုံကြီး ဖြစ်တည်လာဖို့ ဦးဆောင်ကြိုးပမ်းပေးတယ်။ အဲဒီတော့ မြေနေရာ လှူတဲ့သူ၊ အနယ်နယ်အရပ်ရပ်က ငွေထည့်ဝင် လှူဒါန်းသူ၊ နယ်သူားတွေရဲ့ လုပ်အားအလှူ၊ ဆရာဝန်တွေရဲ့ ပညာအလှူတွေ စုပေါင်းပြီး ဒီဆေးရုံဖွင့်နိုင်ခဲ့တာ….။

ဒါပေမယ့်ဗျာ..။

မင်းရာဇာ(ပီတနွတ်)ရဲ့ သတင်းဖတ်တော့ အဲဒါတွေ အကုန် မသိရ၊ သူ့သတင်းမှာ အားလုံးရဲ့ စေတနာ သဒ္ဒါတရားတွေကို သေးနုတ်တဲ့အရာလို ထည့် ဖော်ပြမထားပေမယ့် ပါတီကြီးရဲ့အမည်တော့ သုံးခါတောင် ပါသတဲ့ဗျာ…။

ကျနော် ပြောချင်တာ တစ်ခုတော့ ရှိတယ်ဗျ..

အခမ်းအနားကျမှ  ရွှေကတ်ကြေးကိုင် ဖဲကြိုးဖြတ်ဖို့ရောက်လာတတ်တဲ့ (သူ့အလာကိုလည်း စောင့်နေရသေး) အရေးကြီးပုဂ္ဂိုလ်ကြီးတွေ၊ သဘာပတိကြီးတွေ၊ အရာရှိကြီး ဆိုတဲ့သူတွေကို ကျုပ် ေSာက်ရမ်းမုန်းတယ်….

ဒါပဲ….

32 comments

  • weiwei

    May 7, 2013 at 3:11 pm

    မနှစ်က မေလ ၁ ရက်နေ့က ရောက်ခဲ့တာ တစ်နှစ်တောင် ရှိသွားပြီ ..
    ရွာသားအလှူ သူကြီးကောင်းမှု ဆိုသလို ဖြစ်နေပြီပေါ့နော် …

    အဲဒီလို မရေမရာ မသေမချာ သတင်းမျိုးတွေ အများကြီးရှိသေးတယ် .. ကိုယ်သိတာနဲ့တိုက်ဆိုင်လို့ အမှန်ကို သိရပေမယ့် မသိတာတွေကျတော့ အမှားကို အမှန်ထင်ကုန်တော့တာပေါ့ .. …

    • ရွာစားကျော် မင်းနန္ဓာ

      May 7, 2013 at 3:33 pm

      မသေချာ မရေရာဆိုတာထက် စာဖတ်သူကို နားလှည့် ပါးရိုက်တာ..
      ဒါ.. ကျနော်တို့ ကိုယ်တိုင် လှူဒါန်း အရောက်သွားဖူးသူမို့ သိတာ…
      ဒေါသလည်း ထွက်မိတယ်ဗျာ

  • ဆူး

    May 7, 2013 at 3:21 pm

    ကိုရွာစားကျော် အီလည်လည် ဆိုလို့.. ဘာများလဲလို့ မျက်လုံးပြူးပြီး လာဖတ်ခဲ့တာ..
    ဆိုလိုရင်းကိုတော့ သဘောပေါက်သွားပါတယ်။

    ကိုရွာစားကျော် ရဲ့ ၅နှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ပြီးသွားပြိပေါ့နော်..
    အစုကြီး အလှူလည်း ၁နှစ်ပြည့်ပြီးသွားပြီ။
    အလှူရဲ့ ပျော်ရွင်မှုကတော့ ဘာနဲ့မှ လဲလို့ မရဘူး.. အခု ပြန်ပြောရင် အခု ပြန်တွေးပြီး ပီတိ ဖြစ်မိတယ်။
    အခု သတင်းကတော့ အီလည်လည်ပဲ။

    • ရွာစားကျော် မင်းနန္ဓာ

      May 7, 2013 at 3:55 pm

      မဆူးက အတိအကျ မှတ်မိနေသားပဲ.. မနှစ်က အလှူဟာ တကယ့်အမှတ်တရပါ
      ၅ နှစ်ပြည့်မှာတော့ လင်မယားနှစ်ယောက် ဘုရားသွား ပုဆိန်ပေါက်ဦးချပဲ လုပ်ဖြစ်တော့တယ်..
      အငယ်လေးက နှစ်လသားပဲရှိသေးလို့..
      ..
      မဆူးတို့ရော ထူးခြားဘီလား..

      • ဆူး

        May 7, 2013 at 4:16 pm

        အငယ်လေးတောင် ထပ်ရနေပြီလား.. ဝမ်းသာပါတယ်။

      • ဆူး

        May 8, 2013 at 10:50 am

        ကိုရွာစားကျော် အငယ်လေးက ၂လသား ဆိုတော့.. မင်္ဂလာဦး ဇနီးမောင်နှံတွေရဲ့ ဟန်းနီးမွမ်း ကလေးတို့ ဘာတို့ ပြောသလိုမျိုး ကိုရွာစားကျော် ရဲ့ ကလေး လည်း နှစ်ပတ်လည် အစုကြီး ကလေး နဲ့ တူပါရဲ့.. ဟိဟိ

  • MaMa

    May 7, 2013 at 3:33 pm

    မင်္ဂလာနှစ်ပတ်လည်ရယ်၊ သားမွေးနေ့ရယ်တိုက်ဆိုင်လို့ တကူးတက မိသားစုလိုက်ရောက်အောင်လာပြီး ရွာသူားတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ဆုံတွေ့ခဲ့ကြရတာ မနေ့တနေ့ကလိုပါပဲ။ :hee:

    အဲဒီဖွင့်ပွဲမှာ မြတောင်ဆရာတော် ဦးဝိမလက ရွာသူားတွေကို ဖိတ်ဖို့ဆိုပြီး ဖိတ်စာတွေ အများကြီး ပို့လိုက်လို့ ရွာထဲမှာတောင် တင်ဖြစ်လိုက်သေးတယ်။

    ရွာစားကျော်ရေ-
    နေဝင်းနီကတော့ အိမ်ပြင်နေတယ်လို့ ပြောတယ်။
    http://myanmargazette.net/175157
    အိမ်ပြင်ကြသူများစာရင်းထဲမှာ နောက်တစ်ယောက်တိုးလာတယ်လု့ိ့ မှတ်ရမှာပေ့ါ။ :eee:

  • အာဂ

    May 7, 2013 at 5:04 pm

    အမယ်မင်းရယ်နဲ့မှ ပြောရတော့မယ်……လုပ်ရက်လိုက်လေခြင်း…….အရူးသတင်းဂျာနယ် မှာရေးသားသူအား ……………….#@#$%^&^*&(*^%^^^ ပဲ…..

  • P chogyi

    May 7, 2013 at 5:11 pm

    ရွာစားရယ် ဖြည့်ဖတ်ပေးလိုက်ပါ သူခမျှာ ကြိုးစားပမ်းစား
    တောင်စဉ်ရေမရ ရေးထားရတာကို။

  • ဒီမဏ္ဍိုင်မှာ ဒီလို လူမျိုးတွေကို ခန့်အပ်ထားတာ
    အံ့အားသသင့်မိပါရဲ့ဗျာ …
    ဘာဖြစ်ဖြစ်ပါ ….
    ရွာသူားများနဲ့ ပထမဆုံး တွေ့ဆုံခွင့် ရခဲ့တဲ့
    ဒီအလှူကိုတော့ မေ့မရနိုင်ပါဘူး ဆိုတဲ့ အကြောင်း ….

  • uncle gyi

    May 7, 2013 at 10:24 pm

    ရွာစားရေနေရာတိုင်းနှမ်းဖြူးတဲ့သူကတော့ရှိတာပဲ
    ပြောတာကိုကနှမ်းဖြူးပါဆို
    နှမ်းဖြူးသူကသူ့အလုပ်ကိုသူလုပ်တာထားလိုက်
    သတင်းသမားလိုလိုအတင်းသမားလိုလု်ိနဲ့လိုနေသူတွေကရေးတဲ့သတင်းတွေဖတ်ရတာက
    အတွေးပျက်ပါတယ်ဗျာ

  • kai

    May 7, 2013 at 10:54 pm

    ရွာ့အလှူ.. ရွာသူားများကောင်းမှုအကြောင်းပို့စ်အများကြီးပါပဲ..
    အဲဒီထဲကတခု..

    ==
    http://myanmargazette.net/107492
    သီတဂူ သုမေဓာ ဆေးရုံ (အစုကြီး ကျေးရွာ)
    Posted by ဆူး on Mar 11, 2012 in Community & Society, Editor’s Choice, Events/Fundraise, Health & Fitness, Travel | 278 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    May 7, 2013 at 11:28 pm

    ဒါနပြုရာ၌ ရှိရမည့်အင်္ဂါ(၆)ပါး…
    (၁) မိမိမှာ သီလနှင့် ပြည့်စုံခြင်း။
    (၂) အလှူခံပုဂ္ဂိုလ်ကလည်း သီလနှင့် ပြည့်စုံခြင်း။
    (၃) လှူရန်ဝတ္ထုကလည်း စင်ကြယ်ခြင်း။
    (၄) လှူနေစဉ် အခါကာလ၌ မိမိစိတ်ကို ကြည်လင်သန့်ရှင်းစွာထားခြင်း။
    (၅) အကျိုးကို ဉာဏ် ၊ သဒ္ဓါတို့နှင့် သိမြင်သုံးသပ်ပြီးကာမှ လှူဒါန်းခြင်း။
    (၆) အသိဉာဏ်ေ့ရှထားပြီး စိတ်ကို အေးမြသန့်ရှင်းစွာထားခြင်း ၊
    အလှူကြောင့် အပူအပင် နောက်ဆံတင်းမှု မရှိခြင်း။
    တိပိဋကရ-ဓမ္မဘဏ္ဍာဂါရိက (ယော) ဆရာတော်
    ……………………………………
    ဘယ်လိုပတ်သက်သလဲတော့သိဘူး ဒို့ကတော့ ကိုယ့်လက်ကလွတ် ဗျွတ်ဘဲဟေ့ :mrgreen:

    • မိုက်ကယ်ဂျော်နီအောင်ပု

      May 7, 2013 at 11:29 pm

      ကံဆိုးတဲ့ဂျာနယ် ဂေဇက်နဲ့မှလာတိုးတယ်
      မွဲဘို့သာပြင်

  • S@i S@i Fin K@i

    May 8, 2013 at 9:03 am

    တခြား(စာနယ်ဇင်းကိစ္စ) မပြောလော့ဘု ဟိုဆြာတွေအကြောင်းပဲ ပြောပါတော့မယ်…
    လမ်းဝန်ဂျီး လာဒယ် လျှပ်စစ်ဝန်ဂျီးလာဒယ် အခြား အုပ်ချုပ်ရေးနဲ့ ကျမ္မာရေး က လူတွေလာဒယ်..
    ပါတီကဆြာဒွေလာတယ်.. ထားပါတော့ဗျာ … ဟုတ်ကဲ့ …။ လမ်းမပျက်စေရဘု အာမခံသလား .. မီးမပျက်စေရဘု အာမခံမှာလား
    ငွေကြေး လုံခြုံရေးနဲ့ ဆေးဝါး မပြတ်တောက်စေရဘာဘု အာမခံသလား ..။ … ခံမယ် ဟုတ်စ … အိုကေ နိုးပရော်ပလုံ။ ဖြတ်- ဖြတ်
    ဘာ …ဒါတော့ အာမဘယ်ခံနိုင်ပမလဲ ဟုတ်စ .. ကောင်းဘီ အဲ့ဆိုမလာနဲ့.. နှမ်းလာလာဝင်မဖြူးနဲ့ ..။
    မင်းက ဘာကောင်တုန်းဟုတ်စ … ။ အပေါ်က ဆြာတွေကို ခန့်ထားဖို့ အခွန်ထမ်းနေတဲ့ အကောင် (နည်းတဲ့အကောင်မဟုတ်)

    နှမ်းဖြူးတာထက် ၆၃ကျတဲ့အလုပ်တွေ လုပ်ကြ ..။ အချိန်တေ ငွေတေ အလကားဘာမှမရ ..။ ဆေးရုံဆောက်တာဆေးကုဖို့
    ဖဲကြိုးဖြတ် ဒါ့ပုံရိုက်ဖို့မဟုတ်။ ရပ်မိရပ်ဖ နဲ့ ဖြစ်မြောက်ရေး ကော်မတီ ၊ တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်သူတွေ ဖွင့်ပေးရင်ရပြီ
    (ဆောက်ပြီးပြီးချင်း စောလေကောင်းလေသာဖွင့်) ။ အပေါ်က ဆြာတို့က ကိုယ့်အလုပ်စားပွဲကိုယ်ထိုင် အလုပ်လုပ်ရင်း ဖွင့်ပွဲ အစီရင်ခံစာလောက်ဖတ်ကြ။

    ဘာ .. ဆြာလုပ်တယ် ဟုတ်စ ..။ လုပ်တယ် ဘာဖြစ်တုန်း..ကျုပ်ကအကောင်ပါဆို … ကိုယ့်ဆြာတို့ ကို အလုပ်ခန့်ထားတဲ့ သန်း၆ဝထဲက အကောင်တစ်ကောင် ..
    ညင်းညင်း …နည်းတဲ့အကောင်မဟုတ်။

    :kwi:

    ပုံ
    မိဂီ
    (အကောင်)

    • ကထူးဆန်း

      May 8, 2013 at 10:06 am

      ဂလို အဆောက် အဦးတော့ သိဝူး ။
      ပုဂ္ဂလိက အဆောက်အဦးတွေက တော့ သူတို့လာဖွင့်ပေးပါဆိုပြီး အထုတ်ကြီးကြီးနဲ့ မေတ္တာရပ်ခံကြရတာ အမော ..
      ပြီးတော့ မှ ဒါ့ပုံရိုက် ချိတ်ထားပြီး အောက်က ငတ တွေလာရင် ဟောက်စားလုပ်ဖို့လေ ..ခွိ..
      ဆိုတော့ who know , ဆြာတို့လာဖွင့်ပေးပါဆိုပြီး အမှုဆောင်တွေ သွားပြောလားဆိုတာ …
      who know, ငါတို့လာဖွင့်ပေးမယ် ။စောင့်လို့ ပြောတာ ..
      အဟိ .. ပြောလက်စနဲ့တော့ မထူးပါဘူး ..လမ်းခင်းဖို့ ခဲ ရှာလိုက်ဦးမယ် ..
      သီတဂူဆရာတော် က ကျယ်ကျယ်ကြီးကြီးမှ ကြိုက်တယ်လို့ လဲထင်ကြောင်းပါ .. (ဆရာတော်၏ ကျောင်း တက္ကသိုလ် စသည် စသည်လုပ်ရပ်များကြည့်၍ ထင်ရာမြင်ရာ မှတ်ချက်ပါ)

      • kai

        May 8, 2013 at 3:11 pm

        ပြောရရင်.. ဆရာတော်ကြီးဝဋ်လည်တာပေါ့..
        နာဂစ်ဖြစ်တော့.. ယူအက်စ်ကဘာသာပေါင်းစုံမြန်မာ-အမေရိကန်တွေလှူလိုက်ကြတာ… ဒေါ်လာသိန်းချီတယ်..

        ဟိုမှာ.. အလှူခေါင်းစဉ်လည်းတတ်ရော.. သီတဂူတဲ့..။
        တခြားသူတွေတော့မသိ.. အလှူသတင်းသတင်းစာထဲထည့်မိတဲ့ကျုပ်မှာ.. ဖုံးနဲ့ဝိုင်းအဆဲခံရသဗျ…။ :kwi:

  • မောင် ပေ

    May 8, 2013 at 11:51 am

    ဟဲဟဲ
    အခုလို ရွာ့အဖြစ်လေးတွေ ပြန်ပြောင်းအောက်မေ့ကြတာဆိုတော့
    ကျုပ် သတိရမိတာကတော့
    အဲ့အလှူပွဲ မတိုင်ခင်လေးရယ်
    အဲ့အလှူပွဲသွားတော့ရယ်
    အချင်းချင်း ကွိုင်ကြီး တွေ ကွိုင်လေး တွေ တက်ကြတာကိုပါပဲ
    ပြန်တွေးကြည့်ရင် အားရစရာ

    • MaMa

      May 8, 2013 at 8:22 pm

      မောင်ပေရေ-
      ပုထုဇဉ်လူသားတွေဆိုတော့ ပြဿနာတွေ ဖြစ်တတ်ကြတာ သဘာဝပါ။

      လူတိုင်းကိုယ်စီမှားတတ်ကြတာမို့ ကိုယ့်ကိုယ်ကိုလည်း အမှန်လို့ မပြောလိုပါဘူး။

      ပြဿနာ မဖြစ်ခဲ့ကြဘူးလို့လည်း မပြောလိုပါဘူး။

      ဒါပေမယ့်…………
      ပြဿနာကို စိတ်ထဲမှာစွဲထားပြီး မပြီးဆုံးနိုင်ကြပဲ တသက်လုံးသယ်သွားဖို့ မလိုဘူးလေ။

      ဖြစ်ပြီးရင် ပြီးတဲ့အချိန်မှာပဲ ထားခဲ့ကြပါစို့။

  • kyeemite

    May 8, 2013 at 1:51 pm

    တောက်စ်…..
    ခေတ်ဟောင်း စံနစ်ဟောင်းအတိုင်းပဲရှိပါသေးလား..
    ဘယ်မှာလဲ “ချိန်း”…. 👿 👿 👿 👿 👿 👿 👿

  • etone

    May 8, 2013 at 2:05 pm

    အိုက်ဒါ ပျော့စ်ဒါလေ ….. မသိသူကတော့ .. အဟုတ်ရီးထင်ပြီး .. ဒီတိုင်းပဲ ဖတ်သွားမှာပေါ့ .. ။
    ရုပ်တည်နဲ့ အဖြီးကြီး ဖြီးနေတဲ့ သတင်းဂျာနယ်တွေ တပုံဂျီးဘာ … ။
    အခုလို လူထု အသံအနေနဲ့ များများ အော်ပေးမှသာ … မဆင်မခြင်ချရေးပစ်လိုက်မယ်ဆိုတဲ့ လက်တွေ နည်းနည်းတွန့်သွားမှာ … ။ ဘယာကြော်ပါ ကိုရွာစားကျော်ရေ … ။

    အခုလည်း … အခမဲ့သတင်းစာ ထုတ်ဝေနေတာ ကြားလိုက်ရပါတယ် … ။ သတင်းစာတော့ အခမဲ့ ဖတ်ရပါတယ် မဟုတ်မမှန် မသေချာတဲ့သတင်းတွေကို အခမဲ့ သတင်းစာမို့လို့ ပေါ့ပေါ့တန်တန်သဘောထားပြီး ထည့်သွင်းဖော်ပြခဲ့မယ်ဆို .. ဖတ်ရတဲ့ လူတွေလည်း အသိမှာ း ၊ အမှတ်မှား ဖြစ်ပီး နလပိန်းတုန်းတွေ ဖြစ်ကုန်ရော …
    ဖောပြီးရေးတဲ့ သတင်းသမားတွေကို … အရေးယူမှုတွေ လုပ်ပြီး ထိန်းချုပ်မယ်ဆို သိပ်ကောင်းမှာပါပဲ ။

  • Novy

    May 8, 2013 at 3:31 pm

    ဒီလိုသတင်းမှားတွေကိုယ်မသိလို့နေမှာ
    ဘယ်လောက်တောင်များနေပြီလဲ
    ရွာထဲမှာ ထိပ်တိုက်တိုးတာ ၃ခါရှိပြီ
    မနိုနဲ့က ပင်မှဲ့ပင်ကို၁၅ပေ အမြင့်လို့ရေးတုံးက
    မမအိက သူရိုက်ထားတဲ့ မတ်မန်းသီးပုံကို ခွင့်ပြုချက်မရပဲ သတင်းစာမှာဖေါ်ပြတာ
    ရွာစားကျော်ကတော့ ဂေဇာတ် အစုကြီးအလှူကိုမှ
    ဪ….မှားတက်ကျပါပေ့ / တွေ့တက်ကျပါပေ့

  • နေဝန်းနီ

    May 8, 2013 at 9:37 pm

    ခုမှ အစပြန်ဖော်လိုက်ဦးမယ် နေဝန်းနီရဲ့ ” အလိမ်ဇယား” ကဗျာက အဲဒိအပေါ်ဆုံးက သတင်းကြည့်ပြီးရေးဖြစ်သွားတာ …………။

  • အောင် ထက်

    June 6, 2013 at 12:14 pm

    အစုကြီးကိုု ဘယ်လိုသွားရတာလဲ ရွာအကြောင်းလေးလဲ နည်းနည်းလောက်သိချင်လို့ ပြောပြပေးကြပါလားဗျာ ကျနော် အရမ်းသိချင်နေလို့ပါ ကျေးဇူးတင်ပါတယ်ဗျာ
    🙂

    • Ma Ma

      June 6, 2013 at 2:34 pm

      အစုကြီးရွာကို သွားချင်ရင် ရန်ကုန်-ပုသိမ်လမ်းကနေ သွားရပါတယ်။
      ဗိုလ်မြတ်ထွန်းတံတားကို ကျော်ပြီး ပန်းတနော်မြို့ကိုလွန်သွားရင် ဝါးခယ်မလမ်းခွဲ (ရန်ကုန်-ပုသိမ်လမ်းရဲ့ ဘယ်ဘက်အခြမ်း) ကိုတွေ့ပါလိမ့်မယ်။
      ဝါးခယ်မလမ်းအတိုင်း ဝင်သွားပြီး နာရီစင်ကို (လမ်းရဲ့ညာဘက်အခြမ်း) ရောက်ရင် အဲဒီလမ်းအတိုင်း ဆက်သွားရင် အစုကြီးကို ရောက်ပါတယ်။
      (ဟိုဘက်ပိုစ့်မှာ ဖြေထားပြီး ဒီပိုစ့်မှာ မေးထားတာတွေ့လို့ ထပ်ပြောတာပါ။) :hee:

  • may july

    June 6, 2013 at 12:29 pm

    ပထမ ဆုံး ရွာသူားတွေနဲ့ တွေ့ဆုံတဲ့ အမှတ်တရ အလှုတစ်ခုပါပဲ ..
    ဘယ်တော့မှ မမေ့ပါဘူး …
    အန်တီ မမ လှူတဲ့ ပန်းတနော်မုန့်ဟင်းငါး လေးလဲ မှတ်မိပါရဲ့ … :hee:

    • Ma Ma

      June 6, 2013 at 2:56 pm

      ဂျူဂျူးမရေ-
      ကိုယ်တိုင်ချက်တတ်ရင်တော့ ကျွေးချင်ပါရဲ့။
      ကိုယ်တိုင်ကလည်း စားရုံပဲ စားတတ်တာဆိုတော့ :harr:

      • ဆူး

        June 6, 2013 at 3:26 pm

        ပုဇွန် ပါးသားလေးတွေ ချက်ထားတာ ဘယ်တော့မှ မမေ့ဘူး.. မုန့်ဟင်းခါးနဲ့ မဟုတ်ပဲ.. ငှက်ပျောသီးနဲ့ စားလည်း ကောင်းမှာပဲ.. ဧရာဝတီတိုင်းသားတွေကတော့ တခေတ်တခါတုန်းက ငါးပုဇွန်ပေါ လို့ ပုဇွန် ဆိုရင် အကောင်သေးရင် မစားဘူး ဆိုလား. အကောင်ကြီးကြီးတွေ ရဲ့ ခေါင်းထဲက အဆီမှ သေချာ ချက်ပြီး စားကြသတဲ့.. စားချင်လိုက်တာ ရှလွတ်…

Leave a Reply