မြန်မာ-ယူအက်စ် ဆက်ဆံရေး ခြေလှမ်းသစ်
Background Information
အဏုမြူမပြန့်ပွားရေး
ပြည်ထောင်စု အစိုးရအနေနှင့် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏ နောက်တိုးလိုက်နာရန် အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ အနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅ရခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက် မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေးစာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကို လည်းကောင်း၊ ၁၉၉၆ခုနှစ်တွင် နျူကလီးယားစမ်းသပ်မှုတားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။
ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။Credit: http://www.first-11.com/myanmar/myanmar/16452-2012-11-18-14-27-16
…
နျူကလီးယားဆိုင်ရာ စာချုပ်နှစ်စောင်ဖြစ်သော “’ပိုမိုတိကျသော သတင်းအချက်အလက်များကို အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ(IAEA)သို့ ပေးပို့ရန် နောက်ဆက်တွဲစာချုပ်နှင့် ပြုပြင်ပြောင်းလဲထား သော ပမာဏနည်းသည့် နျူကလီးယား သတ္တိကြွပစ္စည်းများဆိုင်ရာ စာချုပ်တို့တွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာချုပ်နှစ်စောင်တွင် လက်မှတ်ရေးထိုးရန် ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံ အနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်ခြင်းမရှိကြောင်း၊ အနာဂတ်တွင်လည်း ထုတ်လုပ်ရန် မရှိကြောင်း ပြသရန်အတွက်ဖြစ်ကြောင်း သိရသည်။
… … မြန်မာနိုင်ငံသည် ၁၉၉၂ ခုနှစ်တွင် နျူကလီးယားလက်နက် မပြန့်ပွားရေးစာချုပ်တွင် ပါဝင်လက်မှတ် ရေးထိုးကာ စာချုပ်ဝင်နိုင်ငံ ဖြစ်ခဲ့ကြောင်း၊ သို့သော် စာချုပ်ဝင်နိုင်ငံများက စာချုပ်ပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိသဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်အသုံးပြုမည့် ဘေးအန္တရာယ်ကို ကာကွယ်တားဆီးရန်အတွက် နျူ ကလီးယားလုံခြုံမှု စောင့်ကြပ်ရေးသဘောတူညီချက်များ ဆက်လက်ရေးဆွဲခဲ့ပြီး စာချုပ်ဝင်နိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ထိုသို့ နျူကလီးယားလုံခြုံမှု ကာကွယ်စောင့်ကြပ်ရေး သဘောတူညီချက်နှင့် ပမာဏနည်းသည့် နျူကလီးယား သတိ္တကြွပစ္စည်းများဆိုင်ရာ စာချုပ်တို့တွင် ၁၉၉၅ ခုနှစ်၌ မြန်မာနိုင်ငံအနေဖြင့် ပါဝင်လက်မှတ်ရေးထိုးထားကြောင်း သိရသည်။
… … ယခင်ရေးဆွဲထားသော ပမာဏနည်းသည့် နျူကလီးယား သတိ္တကြွပစ္စည်းများဆိုင်ရာ စာချုပ်သည်လည်း ပြည်စုံမှုမရှိသည့်အတွက် ၂၄ နာရီအတွင်း နျူကလီးယားလက်နက် ထုတ်လုပ်သည်ဟု သံသယရှိသည့် နေရာများသို့ ဝင်ရောက် စစ်ဆေးနိုင်သည့် ပြုပြင်ပြောင်းလဲထားသော ပမာဏနည်းသည့် နျူကလီးယား သတိ္တကြွပစ္စည်းများဆိုင်ရာ စာချုပ်အား ၂၀၀၅ ခုနှစ်တွင် ထပ်မံရေးဆွဲပြီး စာချုပ်ဝင်နိုင်ငံများ ပါဝင် လက်မှတ်ရေးထိုးထားသော်လည်း မြန်မာနိုင်ငံအနေဖြင့် ယင်းပြန်လည် ရေးဆွဲထားသည့် စာချုပ်နှစ်စောင်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အတွက် နိုင်ငံတစ်ကာ၏ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်ဖြေရှင်းနေရသဖြင့် လက်မှတ်ရေးထိုးနိုင်ရေး ကြိုတင်ပြင်ဆင်မှုများကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
http://www.first-11.com/myanmar/myanmar/16792-2012-12-13-07-32-04
မြန်မာနိုင်ငံ အနေနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ နိုင်ငံတကာ နျူကလီးယားစိတ်ချလုံခြုံမှုသဘောတူညီချက်များ (International Safeguards) နှင့် နောက်တိုးလိုက်နာရန် ဖြည့်စွက်စာချုပ် (Additional Protocol) တို့ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက် နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်ပါပြီ။
၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်မှ ၁၁ ရက်နေ့အထိ International Safeguards and the Additional Protocol အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်ရှိ Aureum Palace Hotel မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို U.S. Department of Energy ၏ National Nuclear Security Administration (NNSA) မှ ပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ အဏုမြူစွမ်းအင်ဦးစီးဌာန (Department of Atomic Energy) တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်၏ ၁၈-၁၁-၂၀၁၂ ရက်နေ့ ကြေငြာချက်ပါအချက်များအတိုင်း IAEA ၏ ဖြည့်စွက်စာချုပ်(AP) နှင့် ပမာဏနည်းသည့် နျူကလီးယားသတ္တိကြွပစ္စည်းများဆိုင်ရာ မွမ်းမံစာချုပ်(Modified Small Quantities Protocol)များနှင့်အညီ ဆောင်ရွက် အကောင်အထည်ဖော်ရန်အတွက် အခြေခံအချက်များနှင့် လိုအပ်ချက်များအပါအဝင် နိုင်ငံတကာ နျူကလီးယားလုံခြုံမှုစနစ်အကြောင်း သိရှိနားလည်မှု တိုးမြှင့်ရန်ရည်ရွယ်၍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲသို့ DOE/NNSA နှင့် IAEA မှ ကိုယ်စားလှယ်များ၊ MOST/DAE နှင့် ဖိတ်ကြားထားသည့် ဝန်ကြီးဌာနများမှ မြန်မာ ကိုယ်စားလှယ်များ တက်ရောက်ပြီး ၎င်းစာချုပ်များနှင့်ပတ်သက်၍ သဘောထားအမြင်များ ဆွေးနွေးခဲ့ကြပါတယ်။ ထို့အပြင် DOE နှင့် MOST/DAE တို့သည် အထက်ပါစာချုပ်များ အကောင်အထည်ဖော်ရန် မရှိမဖြစ်လိုအပ်သော အခြေခံ အဆောက်အဦများတည်ထောင်ရာတွင် DAE သို့ အထောက်အပံ့များပေးရန်နှင့် နျူကလီးယားလုံခြုံမှုနယ်ပယ်တွင် ဆက်လက်ပူးပေါင်းဆောက်ရွက်နိုင်မည့် အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးပွဲ ဒုတိယနေ့တွင် နေပြည်တော်သို့ ရောက်ရှိနေတဲ့ အမေရိကန်သံအမတ်ကြီးမှ ဆွေးနွေးပွဲသို့လာရောက်ကာ အသိအမှတ်ပြု အမှာစကားတို ပြောကြားသွားခဲ့ပါသေးတယ်။
8 comments
မောင်ပေ
January 13, 2013 at 12:45 pm
ဆက်ဆံရေး
နှပ်ရန်တွေး
လက်လန်ဈေး
ရှက်ပြန်ပြေး
တက်ကြံပေး
မင်းနန္ဓာ
January 13, 2013 at 1:02 pm
ရက်မှန်ကြေး
ကပ်ကျန်ရေး
တွက်ပြန်သေး
ဘတ်ချန်ပြေး
လက်လံကွေး
kai
January 13, 2013 at 2:59 pm
ကူညီလက်စနဲ့..ကူညီပါဆိုပြီး.. ညူကလီးယားလျှပ်စစ်စက်ရုံဆောက်ပေးဖို့.. တောင်းလိုက်ဖို့ကောင်းတယ်..
မြန်မာပြည်က.. ယူရေနီယံထွက်နေတာပဲ..
ညူလျှပ်စစ်. လုပ်သင့်..လုပ်နိုင်.. လူထုကလည်း.. လိုအပ်တာ..အသေအချာ..။ :kwi:
မင်းနန္ဓာ
January 13, 2013 at 7:36 pm
ခုနေ ယူအက်စ်က လာဆောက်ပေးမယ်ဆိုရင်ကို မြန်မာလူထု လက်မခံလောက်သေးဘူး ထင်ပ
ကျောက်မီးသွေးလောင်စာသုံးစက်ရုံတောင် ကန့်ကွက်မယ်တကဲကဲ လုပ်နေကြတာ
တကယ်တမ်း နျူစက်ရုံတစ်လုံး လည်ပတ်ဖို့ဆို ပြည်တွင်း ပညာရှင်တွေမှာ အတွေ့အကြုံတွေ ကျွမ်းကျင်မှုတွေ အများကြီး လိုပါသေးတယ်
ဦးဦးပါလေရာ
January 13, 2013 at 6:17 pm
အင်မတန် ကြိုဆိုထိုက်တဲ့ ကိစ္စပဲ…
မြန်မာနိုင်ငံဟာ ပထဝီအနေအထားအရ အနာဂတ်တစ်ချိန်မှာ နျူကလီးယားစွမ်းအင်ကို အသုံးပြုရမယ့် နိုင်ငံမျိုးဖြစ်ပါတယ်။
အဲဒါကြောင့် စည်းနဲ့ကမ်းနဲ့နေပြီး နိုင်ငံတကာစည်းမျဉ်းတွေလိုက်နာပြီး
ပေါ်ပေါ်တင်တင် စိတ်လုံလုံနဲ့ ဗြောင်လေ့လာ၊ ဗြောင်ပညာယူပြီး ဗြောင် ပြင်ဆင်သင့်ပါတယ်။
လက်နက်လုပ်ဖို့တော့ (ဘယ်တော့မှသုံးရဲမှာမဟုတ်လို့) စိတ်လုံးလုံးမကူးတာ အကောင်းဆုံးပဲ..။
ဦးဦးပါလေရာ
January 13, 2013 at 6:29 pm
အပေါ်ကကွန်မင့်ရဲ့အဆက်ပေါ့…..
မြန်မာနိုင်ငံဟာ ဘာကြောင့် နျူကလီးယားစွမ်းအင်သုံးရမှာလဲဆိုတော့
၁- မဝေးတဲ့အနာဂတ်မှာ လက်ရှိအမှန်တကယ်လျှပ်စစ်ထုတ်လုပ်နိုင်မှု့(၁၆၀ဝ မီဂါဝပ်) ရဲ့ အနည်းဆုံး အဆနှစ်ဆယ် လိုအပ်မှာဖြစ်တယ်။ အဲသလိုလျှပ်စစ်မသုံးနိုင်သရွေ့ လူတန်းမစေ့နိုင်ဘူးလို့မှတ်ယူရမယ်။
၂- မြန်မာနိုင်ငံရဲ့ မြစ်ချောင်းတွေဟာ အခုတောင် တော်တော်ဆိုးနေပြီ။ နောက်ထပ် ရေအားလျှပ်စစ် အမြောက်အများထုတ်လုပ်ဖို့ (ရေရှည်သုံးရဖို့) မဖြစ်နိုင်တော့ပါ။
၃- နောက်ထပ်ဖြစ်နိုင်တဲ့စွမ်းအင်က သဘာဝဓါတ်ငွေ့ပါ။ အဲဒီပစ္စည်းဟာ မြန်မာနိုင်ငံအတွက်တော့ လောင်စာပစ္စည်းသက်သက်ဆိုတာထက် အများကြီးပိုပါတယ်။
ဥပမာ အချို့အကျိုးစီးပွားတွေအတွက်ထောက်တိုင်အဖြစ်
အချို့ သံတမန်ရေးတွေအတွက် လက်ဆောင်ပါဆယ်အဖြစ်
အချို့ အဖွဲ့အစည်းတွေအတွက် ချည်ဖို့ကြိုးအဖြစ်
+++ နည်းများစွာနဲ့အသုံးကျ အဘိုးတန်ပါတယ်။
ထွက်သမျှမီးရှို့ပြီးလျှပ်စစ်ထုတ်- သုံးမကုန်မှရောင်း ဆိုတဲ့
အတွေးတိမ်တိမ်မျိုးနဲ့ လုပ်လို့မဖြစ်ပါဘူး..။
၄- ရာသီဥတု ရေမြေသဘာဝအရ + လူမျိုးသဘာဝအရ နေစွမ်းအင် ၊ လေစွမ်းအင်၊ ရေလှိုင်းစွမ်းအင်တွေ ထိထိရောက်ရောက်မထုတ်နိုင်ပါဘူး….။
ဒါကြောင့် အရပ်ကတို့ရေ-
တကယ်လက်တွေ့ရွေးစရာက နျူစွမ်းအင်သာရှိပါကြောင်း……….
သို့သော်-
ဒီမိုကရေစီရပြီး+ ကချင်တွေနဲ့ ငြိမ်းချမ်းရေးရပြီး
+ နိုင်ငံရဲ့ လုံခြုံရေးစွမ်းရည်နဲ့အင်အား အခုထက် အနည်းဆုံးဆယ်ဆ တိုးမြှင့်ပြီးမှ
နျူကလီးယားဓါတ်ပေါင်းဖို လုပ်သင့်ပါကြောင်း…။
မင်းနန္ဓာ
January 13, 2013 at 7:50 pm
စည်းနဲ့ကမ်းနဲ့နေပြီး ပေါ်ပေါ်တင်တင် စိတ်လုံလုံနဲ့ ဗြောင် ပြင်ဆင်ကာ ဗြောင်လေ့လာ၊ ဗြောင်ပညာယူပြီး ဆက်သွားတော့မယ့်လမ်းကို ဦးတည်နေပါကြောင်း
မှန်းရတာ နျူစွမ်းအင်က အင်း.. ငွေရေးကြေးရေး၊ နည်းပညာ၊ လောလောဆယ် မတော်တဆမှုတွေကြောင့် အများပြည်သူ အမြင်တွေပါ ထည့်တွက်ရင် လာမယ် သို့သော် ကြာမယ်.. ဟုထင်ပါကြောင်း
မင်းနန္ဓာ
January 14, 2013 at 11:05 am
မနေ့ညက MRTV ၈ နာရီ သတင်းမှာ
ဆွေးနွေးပွဲလာတဲ့ ယူအက်စ်ကိုယ်စားလှယ်တွေနဲ့
သ.ပ.န ဝန်ကြီး တွေ့ဆုံတဲ့ သတင်း ကြေငြာသွားတယ်တဲ့
ကျနော်တော့ မကြည့်လိုက်ရဘူး၊ ရုံးရောက်မှ သူများပြောလို့ သိတာ 🙂