Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကိုပေါက်လက်ဆောင် ဂီတပန်းပွင့်များ

မန်းလေးဂေဇက်ဆိုက်မှာ သီချင်းမတင်ရဆိုတဲ့အတွက် ဒီထဲကပါတဲ့ သီချင်းတွေကို ဖျက်ထားပါတယ်။

နောက်မသိတဲ့လူများ တင်မိမှာစိုးလို့ပါ။

23 comments

  • အရင်က မန်းလေးဂေဇက်ကနေ သီချင်းတွေကူးယူခဲ့ဘူးပါတယ်။
    အခုတော့ သီချင်းနဲ့ပါတ်သက်ရင် ဘာမှမရှိတော့ပါဘူး။
    အခုလောလောဆယ် ဝယ်လို့ရတဲ့သီချင်းတွေကိုတော့ တင်မပေးပါဘူး။
    ဟိုးရှေးရှေးက ရှိခဲ့တဲ့ ခင်ဝမ်း ခိုင်ထူး ခင်မောင်တိုး တို့သီချင်းတွေကို တင်ပေးပါမယ်။
    လိုချင်သူများ အတွက် မျှပေးချင်လို့ပါ။
    ကျနော်ဆိုရင် ခင်ဝမ်းရဲ့တောင်ပေါ်သူ သီချင်းကို အကြာကြီးနေမှာ ပြန်ရှာလို့ ရတာပါ။
    လိုချင်သူများလွယ်သွားအောင်လုပ်ပေးထားတာပါ

    • Foreign Resident

      January 13, 2013 at 11:41 am

      ” အခုလောလောဆယ် ဝယ်လို့ရတဲ့သီချင်းတွေကိုတော့ တင်မပေးပါဘူး ”

      ကိုပေါက်ကလည်း စေတနာ ထားမယ့်ထားတော့ ၊
      အပြည့်ထားစမ်းပါ ။
      နောက် တဖြေးဖြေးပေါ့ ၊ မလောပါဘူး ၊
      ဒါပေမယ့် ၊ ရှိသမျှ ရသမျှ တော့ အကုန် တင်ပါဗျ ။

      • ကိုဖောရေ
        စေတနာကတော့အပြည့်ထားပါ၏။
        လောလောဆယ်ဝယ်လို့ရတဲ့ခွေကတော့ လူတိုင်းမှာရှိနိုင်လို့ပါ။
        ဒေါင်းလုပ်ဆွဲဆွဲ အပ်ပ်လုပ်ဆွဲဆွဲ အချိန်ကုန်ပါ၏။
        နောက်တစ်ချက် ကသူများတင်ထားတဲ့သီချင်းကိုလင့်ပေး ခရက်ဒစ်ပေးပြီး တင်ရင်လဲလွယ်ပါတယ်။
        ကျနော်ကိုယ်တု်ိင် http://www.minus.com ဝက်ဆိုက်မှာ တင်ထားတဲ့သီချင်းတွေကို သာ ပြန်လည်မျှဝေ
        ပေးချင်လို့ပါ။
        ဆက်တိုက်တင်ပေးမှာပါ။
        ပထမဆုံးတေးသံသွင်းဆိုင်ကိုသွားပြီး သီချင်းကူးရပါတယ်။
        အဲဒီသီချင်းကို mp3 ဖိုင်အဖြစ်ပြန်ပြောင်းရပါတယ်။
        နောက်မှ minus မှာအပ်လုပ်ဆွဲရပါတယ်။
        ခက်တော့မခက် အချိန်ကုန်တာတစ်ခုပါဘဲ။

      • Foreign Resident

        January 13, 2013 at 12:21 pm

        သိတယ် ၊ ကိုပေါက် ၊ သိတယ် ။
        ကျနော်တို့များ နိုင်ဂျန်ဂါး မှာသာနေတာ ၊
        ကိုပေါက်လောက် ကွန်ပျူတာ နက်ဝါ့ကင်း မရဘူးဗျာ ။

  • MaMa

    January 13, 2013 at 10:58 am

    သီချင်းတွေ ကြိုက်တယ် ဗျို့……. :hee:

    • မမရေ
      နောက်ထပ်လာပါအုံးမည်
      ယနေ့ခိုင်ထူးတွေကူးလာပါသည်
      ကော်ကော် စိတ်မကောက်အောင်ဆုတောင်းပေးပါ

  • mamanoyar

    January 13, 2013 at 12:40 pm

    သန်းကြူပါ လေးလေးပေါက်

  • မောင်ပေ

    January 13, 2013 at 1:21 pm

    အိုခေဗျာ… ကွန်မင့်ပေးရင်း နားထောင်စရာ သီချင်းရပြီ
    ရှဲရှဲပါ

  • Mr. MarGa

    January 13, 2013 at 1:50 pm

    လေးပေါက်
    ဆက်တင်ဖို့ အားပေးပါတယ်
    ဦးမာဃ နားထောင်ချင်တာလေးတွေ ရသွားပြီ

  • ဘဲဥ

    January 13, 2013 at 1:58 pm

    ဟိုသီချင်းလေးလေ ……… လေးပေါက်
    ခင်ဝမ်းဆိုထားတဲ့ဟာ
    နှုတ်ဆက်ခဲ့ပါတယ်………… ကျတော်သွားတော့မယ်
    အလွမ်းရဲ့ သယ်ဆောင်ရာ… ဟို..အဝေး………….ကို …..အဝေး..ကို
    အဲ့ဒါလေးက သီချင်းနာမည်ဘာလဲဟင်
    လေးပေါက်ဆီမှာရှိရင် တင်ပေးအုံးနော်

  • ရှိပါတယ်
    သီချင်းနာမယ်က “နုတ်ဆက်ခဲ့ပါတယ”် တဲ့။
    ခင်ဝမ်း ဆီးရီးစ် အားလုံးကူးထားပါတယ်။

    နည်းနည်းစီတင်ပေးပါမယ်။
    လောလောဆယ်တော့ ခင်မောင်တိုး ရဲ့ပထမဆုံးဆီးရီးစ်
    ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်ကို Minus မှာအရင်တင်နေပါတယ်.။

  • Green Rose

    January 13, 2013 at 5:43 pm

    ကိုပေါက်(မန္တလေး)ရေ…

    ကျေးဇူးပါ….
    Green Rose လည်းတစ်ချို့သီချင်းအဟောင်းတွေ သိမ်းထားတာရှိတယ်။ ဒါပေမယ့် အသံတွေကျတော့ သိပ်မကောင်းဘူးဖြစ်နေတယ်။ Tape နဲ့ထွက်ထားတာတွေကို mp 3 အဖြစ် ရထားတာတွေပါ။ အဲဒါတွေက အသံ Quality ကောင်းကောင်းရအောင် လုပ်လို့ရလားဟင်…

    လေးစားလျှက်

    (Green Rose)

  • မနှင်းဆီရေ
    မူရင်းခွေမကောင်းရင်တော့ ဘာမှ လုပ်လို့မရလောက်ဘူးထင်ပါတယ်။
    ကျနော်လဲ တေးသံသွင်းဆိုင်မှာသွားကူးပြီး ပြန်တင်ပေးရတာပါ။
    တစ်ချို့သီချင်းကတော့ အင်တာနက်ကဒေါင်းလုပ်ဆွဲထားတာလဲ ရှိပါတယ်။
    တစ်ချို့သီချင်းတွေကတော့ သီချင်းဝါသနာပါသူမိတ်ဆွေအချင်းချင်းမေးလ်နဲ့ပို့ပေးရင်း ရတာပါ။
    ကျနော်မှာ ဓါတ်ပြားသီချင်း ရှေးသိချင်း ရေဒီယိုသီချင်းအတော်များများ စုဆောင်းထားပါတယ်။
    လိုချင်တဲ့သူရှိရင်မေးလ်းကနေလည်းပို့ပေးပါတယ်။
    မြန်မာသံကြိုက်ရင်တော့ဖေစ်ဘုတ်မှာ
    မြန်မာသံလေးတွေနားထောင်ကြရအောင် လို့ရိုက်ထဲ့ရင် သိချင်းတွေကျလာပါမယ်
    ဒေါင်းရုံပါဘဲ။
    ကျနော်ကအဲဒီအဖွဲ့မှာ သီချင်းတွေတတ်နိုင်သလောက်ရှာပေးနေပါတယ်။

  • uncle gyi

    January 13, 2013 at 10:44 pm

    သီချင်းကလေးတွေကအခုလူငယ်ကလေးတွေကြိုက်မကြိုက်တော့မသိ
    ကိုယ်တွေတော့အကြိုက်ချည်းပဲ
    တခုခက်တာကတပုဒ်ကိုတခါကူးနေရတော့ဖီးကြဲတယ်ကိုပေါက်ေ၇
    မွန်းအောင်ဆိုမွန်းအောင်
    စလက်လုပ်ပြီးသားဆိုလည်းစလက်လုပ်ပြီးသား
    ခင်ဝမ်းဆိုလည်းခင်ဝမ်း
    ၁ဝပုဒ်ဖြင့်၁ဝပုဒ်တခါတည်းဒေါင်းနိုင်ရင်ပိုကောင်းမယ်ကိုပေါက်ရေ

  • အန်ကယ်ဂျီးရေ
    အဲဂလောက်တော့ဘယ်လွယ်ပါမယ့်
    မဒေါင်းချင်ရင် နည်းရှိတဲ့ တစ်ခါတည်းနဲ့အကုန်လုံးရမယ်
    နည်းပေးမယ် ယူမလား??????????????????????????????????????????

  • ကြည်ဆောင်း

    January 14, 2013 at 9:49 am

    ခင်ဝမ်းရဲ့ ဘယ်သူ့ကိုအချစ်မင်းပုံမှာတုံး ….. ဆိုတဲ့သီချင်းလေးလဲ ဆက်ဆက်ထည့်ပေးပါနော်..
    ကြိုတင်ကျေးကျေးဘာ..

    • ကိုကြည်ဆောင်းရေ
      အချစ်ဘယ်သူ့ပုံမှာတုံး ဆိုတဲ့သီချင်းကို ပထမဆုံးသီဆိုသူက ခင်မောင်တိုး ပါ။
      ခင်ဝမ်းက နယူးဗားရှင်းနဲ့ပြန်ဆိုခဲ့တာပါ။
      နှစ်ဦးစလုံးတင်ပေးပါမယ်။
      လောလောဆယ် တော့ ခင်မောင်တိုးရဲ့ ပထမဆုံး ဆီးရိးစ်တင်ပေးဘို့အဆင်သင့်ဖြစ်နေပါပြီ
      ုအခွင့်ရေး ရနိင်သလောက်လုပ်ပေးပါမယ်နော်။

  • ဗုံဗုံ

    January 14, 2013 at 10:18 am

    လေးပေါက် သာအနုပညာရှင်ဆိုရင် အကယ်ဒမီ ငါးခုလောက်ရနေပြီ အရမ်းတော်တဲ့လေးပေါက် ဘယ်သူပေးပေးမပေးပေး မိဗုံက အကယ်ဒမီပေးလိုက်ပြီ ညကြရင် မိုးပေါ်တက်ပြီး ယူဖြစ်အောင် ယူလိုက်နော်လေးပေါက် ရိုးရိုးကြယ်မဟုတ်ဘူး ဓူဝံကြယ်ကြီးပေးထားတာ 🙂 (လေးပေါက် မွန်းအောင် ဆိုတာ မိဗုံအခုမှ ကြားဖူးတာ ခင်ဝမ်းတော့ကြားဖူးတယ်)

  • ဗေးကလုံ မသိဘူးဆိုတဲ့ မွန်းအောင်အကြောင်း
    လေးလေးရေးခဲ့ဘူးတဲ့ ပိုစ်လေးထဲက ကောက်နုတ်ပြီးတင်ပေးလိုက်ပါတယ်နော်.

    “နားစည်ကိုထွင်း နှလုံးသားအတွင်းဝင် သွေးကြောထဲလှည့်ပါတ် ဦးနှောက်တွင်ရပ်တန့်နေသော
    (အပိုင်း 10)(ကိုယ်ပိုင်သံစဉ်လမ်းဖောက်သူများ) “

    မြန်မာပြည်ရဲ့စတီရီယိုလောကအစမှာတုံးတော့ သီချင်းတော်တော်များများ ဟာကော်ပီနဲ့အစပြုခဲ့ပါတယ်။
    ကိုယ်ပိုင်သံစဉ်ရှိတယ်ဆိုပေမယ့်လည်းနည်းပါတယ်။
    ဒါပေမယ့် ထီးဆိုင်တို့ စိုင်းခမ်းလိပ်တို့ကစလို့ ရိုးရှင်းတဲ့စကားလုံးတွေ သာမန်လူတွေနေ့စဉ်သုံးနေတဲ့စကားတွေကိုသုံးလို့ ကိုယ်ပိုင်သံစဉ် လှပတဲ့သီချင်းလေးတွေရေးဖွဲ့တာကို နားထောင်သူတွေက လက်ခံလာကြပါတယ်။
    ဒါတောင် လားရှိုးသိန်းအောင် ဆိုတဲ့(နေပါအုံးလို့ပြောမထွက်တယ် လယ်သူမလေးချစ်သူကိုခွဲရတော့ကွယ်)ဆိုတဲ့သီချင်းနဲ့
    ထီးဆိုင်ဆိုတဲ့(ဟိုတုန်းကမတွေ့ကြရင် ကိုယ်တို့ဇာတ်လမ်းလေးဟာလေတစ်မျိုးဖြစ်ခဲ့မယ်)သီချင်းနှစ်ပုဒ်က သံစဉ်အလိုက်တူနေတာကိုတွေ့ရပါတယ်။
    ဒါကိုဘယ်သူက မှ ဘာကြောင့်လို့ဖြေရှင်းတာ စောဒကတက်တာ မတွေ့ပါ။
    တူတာကိုတူတယ်လို့သဘောထားလို်က်ကြတော့လဲအေးဆေးပါ။
    ကိုယ်ပိုင်သံစဉ်အကြောင်းပြောမယ်ဆိုရင် ကျနော်ရင်ထဲကို စူးနစ်စွာရောက်လာဘူးတဲ့ (ခင်ဝမ်း)ကစရမယ်ထင်ပါတယ်။
    (ပြင်သစ်ကတောင်ပြန်လာတယ် ပန်းချီလဲဆွဲတယ် စာလဲရေးတယ်လို့ကြားဘူးပါတယ်)
    အရင်က (နုတ်ဆက်ခဲ့ပါတယ် ကျနော်သွားတော့မယ် လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို………………….)ဆိုတဲ့စာသားလေးတွေကို
    အဆောင်ရှေ့ကဂစ်တာဝိုင်းမှာကြားနေပေမယ့် ဘယ်သူ့သီချင်းဆိုတာ မသိခဲ့တာအမှန်ပါှ
    ဒီဂီတနဲ့ပါတ်သက်တဲ့အလုပ်ကိုလုပ်မိမှ ဒါက (ခင်ဝမ်း)ဆိုတဲ့သီချင်းတွေပါလားဆိုတာသိလာပါတယ်။
    သူရဲ့နှင်းဆီဖြူရဲ့အဝေးကလူတစ်ယောက်ဆိုတဲ့ ဆီးရီးစ်မှာ(အချစ်ကိုရင်း၍)ဆိုတဲ့သီချင်းမှာနောက်ကနေဟာမိုနီလိုက်ပေးတဲ့(ရင်းကီး)ရဲ့
    (ဟာ…….ဟ…ဟာ….ဟာ)ဆိုတဲ့အသံပါးပါးလေးက အခုပြန်ပြောနေရင်းတောင် နားထဲမှာကြားနေပါတယ်။
    ဒီသီချင်းကို ရင်ဂိုပြန်ဆိုတော့ သည်လှပတဲ့ ဟာမိုနီအသံလေး မပါတာကိုတွေ့ရပါတယ်.။
    ခင်ဝမ်းရဲ့ (ကောလိပ်နေ့ရက်များ)ဆိုတဲ့သီချင်းထဲမှာ
    (အပေါ်ထပ်က အသဲကွဲသီချင်းကို တီးခတ်လိုက်တော့ နှင်းတွေဟာပိုမိုသိပ်သည်းလို့လာတယ်)ဆိုတဲ့မျက်ရည်ကျတာကို သွယ်ဝို်က်သောနည်းနဲ့ပြလိုက်တာကတော့ သိပ်လှပတဲ့စာသားလေးပါ။
    (ခင်ဝမ်း)ရဲ့နာမယ်အကြီးဆုံးသီချင်းများ ကျနော်နှစ်သက်တဲ့သီချင်းများကတော့
    (ဧရာဝတီ။ နုတ်ဆက်ခဲ့ပါတယ်။ အမေ၊ပြည်မှာဆောင်း။မမချစ်။ခုနှစ်ပြည်ထောင် ။မြားဘုရင်။နဒီမင်္ဂလာ။သောင်ကမ်းခြေ၊နှင်းထုဖွဲ့ဆင်၊ဆောင်းလည်းမဝေးတော့ပြီမို့။ ချစ်ခြင်းတည်ခဲ့တယ်။)
    (ဆယ်လမွန်ငါးတို့အပြန်။မိုးတွေရွာစွေ။မိန်းကလေးများနဲ့စကားပြောရတာ တော်တော်ဘဲခက်တယ်)တို့ဖြစ်ပါတယ်။
    (အဝါရောင်မိုးဖွဲလေးအောက်မှာ တွေ့ခဲ့သူရယ် ချည်နှောင်တဲ့ သမုဒယကြိုးက ရစ်ဖွဲ့နှောင်တွယ်…………………
    တောင်စဉ်တောင်တန်းတွေ ပြာရီအုံ့မိူင်းနေ စာသင်ကျောင်းလေးတစ်ကျောင်းရှိလို့နေ တောင်ပေါ်သူလေးရေ ဆရာမလေးရေ…)
    ဆိုတဲ့ (တောင်ပေါ်ဆရာမလေး)သီချင်းက သံစဉ်စာသားလှပပေမဲ့ ခင်မောင်တိုးပြန်ဆိုတဲ့(ခုနှစ်နှစ်တာ သီချင်းများ)ထဲမှာ
    ပါမလာပါဘူး။အတီးမပါတဲ့ သီချင်းတစ်ပုဒ်ကတော့” ယိမ်း” ဆိုတဲ့ ကဗျာရွတ်တာလိုဆိုထားခဲ့တဲ့သီချင်းလေးပါ။
    အခုချိန်မှာ အားလုံးကိုနုတ်ဆက် လူလောကကြီးကိုစွန့်ခွာလို့တမလွန်မှာ ကိုယ်ပိုင်သံစဉ်သီချင်းတွေရေးဖွဲ့သီဆိုနေအုံးမယ်ထင်ပါတယ်။
    ခင်ဝမ်းပြီးရင် ကိုယ်ပိုင်သံစဉ်တွေနဲ့အောင်မြင်သော အသံအားကောင်းကောင်း အသံလုံလုံ အသံရှည်ဘယ်လောက်ဆွဲဆွဲနစ်ဝင်မသွားသော
    သီချင်းဆိုရင်းဂစ်တာတီးတဲ့အခါမှာ ဂစ်တာကြိုးတွေကိုခတ်တဲ့လက်က ဝလုံးဝိုင်းသလိုမြင်နေရအောင်လက်ကို လှုပ်ယှားတတ်တဲ့
    အကျီအကွက်လက်တိုလေးတွေကိုနှစ်သက်လို့ရိုးရိုးလေးဝတ်ပြီးစင်ပေါ်မှာ သီချင်းတွေကိုအားရပါးရ မနားတမ်းဆိုတတ်တဲ့
    ထိမိသော လေးနက်သော စာသားတွေနဲ့ မြင့်တယ်လို့ပြောလို့ရတဲ့သီချင်းတွေကိုသာ ဆိုတဲ့သူကတော့ (ခိုင်ထူး)ပါ။
    မောင်သစ်မင်းရဲ့စာသား (အများနှယ်မပျော်ပါး ပါလားကွယ် ကမ္ဘာဒေါင့်ကြားနေရာလေးမှာ လောကကိုငေးမောကြည့်နေသလို အာခံတွင်းထဲငုံကထားတဲ့တေးတပုဒ်တော့ရှိမယ်ထင်ရဲ့………………လို့ဆိုတဲ့ (တေးမြုံငှက်)ကလေးပါ။(စိမ်းမြ သစ်ရွက်တို့ကြွေနေဆဲ ငါမျက့်ရည်စိုနေတုန်းပေါ့ တစ်ချို့တွေနေနိုင်လွန်းတယ် အိပ်မရည မှောင်လွန်းနေဆဲ )ဆိုတဲ့ နောက်ဆုံးအိပ်မက်
    (စဉ်းစားထား။ စိုးစံစားစေ။သီချင်းတပုဒ်ပန်းတစ်ဆုပ်။အဉ္ဇလီ။ရွှေလသာမှ။မိုးရဲရင်ဆောင်းရဲရမယ်။ခတ္တာ။)
    (ဆိုင်သူကိုယ်စီ၊ သို့ တစ်ရံတစ်ခါဆီ၊စစ်ကိုင်းလမ်း။ဘယ်သူမှမကောင်းဘူး။ဆို၊အချစ်သီချင်း)တွေကတော့ ပြောစရာမရှိအောင်ကောင်းတဲ့သီချင်းတွေပါ။

    ကွယ်လွန်သူ သန်းဌေးရေးလို့ စတိတ်ရှိုးပွဲတွေမှာ ခိုဖြူလေးတွေကို ပုခုံးပေါ်တင်လို့ အသံဟိန်းထွက်နေအောင်
    လည်ချောင်းကွဲမတတ်ဆိုခဲ့သော အားပါလှသောစာသားတွေနဲ့
    (ပြုံးပျော်ချင်ရင် ဝမ်းနဲတတ်ရမယ် ……….လိမ္မာတတ်အောင် မိုက်မဲ့ဘူးရမယ်…….
    ဒါဟာလောကရဲ့သစ္စာတရား……မပြေလည်တာတွေ မမျှတာတွေကြား…………
    ဘဝတစ်ခုပါ……… တိုက်တွန်းရအောင် တို့……….တို့လာတယ်)ဆိုပြီးအားပါးတရ ဆိုထဲ့လိုက်တဲ့
    လူတစ်ယောက်အမှန်တရားထဲမှာနေထိုင်ရဲအောင်ပြောရဲအောင်လိုအပ်တာတွေကိုညွှန်းဖွဲ့ထားတဲ့
    (တို့လာတယ်)သီချင်းကတော့ ခိုင်ထူးသီချင်းထဲမှာ အကြိုက်ဆုံးပါ။
    ခိုင်ထူးထက်စောလို့သည်လောက ကိုရောက်နှင့်သူဒါပေမဲ့ ခို်င်ထူးထက်နောက်မှ လူသိများလာတဲ့သူကတော့
    မန္တလေးအသိုင်းအဝိုင်းမှာဟိုအရင်ကတည်းက လူကြိုက်များခဲ့သောမန်းလေးသား ခင်မောင်တိုး (ခ) ကိုတိုးကြီးပါ။
    ကျနော်တို့ခပ်ငယ်ငယ်ကျောင်းသားဘဝထဲက
    (ချစ်ပြီးတော့မုန်းမေ့တတ်တဲ့မင်းကိုတို့ )။(ပုလဲလေးတွေဆိုတာ ကမာကောင်လေးတွေရဲ့မျက်ရည်ဘဲခင်)တို့က ကြားဘူးပြီးသား
    အော်ဆိုနေကြသီချင်းတွေပါ။
    ဒါပေမဲ့ကိုတိုးကြီးတို့ လိစ္ဆဝီ တီးဝိုင်းဖွဲ့လိုက်မှနည်းနည်းလေးလူသိလာတဲ့သီချင်းတွေကတော့
    (သဇင်ည။ဝိုင်းရဲ့ဆည်းဆာ။သံယောဇဉ်ပြာစများ၊တို့ရင်ထဲ။မင်းတို့ဘယ်တော့လဲ၊တံခါးဖွင့်ပါ)တွေက
    သံစဉ်အေးအေးလေးတွေကြိုက်သူများကြားမှာ တစိမ့်စိမ့်လေးပျံ့နှံ့နေပါတယ်။
    ဒါပေမဲ့မန်းလေး စင်ယော်တေးသံသွင်းကထုတ်လုပ်လိုက်တဲ့ ကိုတိုးကြီးရဲ့သီချင်းဟောင်းအများစုပါဝင်တဲ့(မျက်သွယ်)ဆီးရီးစ်မှာ
    တစ်ပြည်လုံးအတို်င်းအတာထိပေါက်သွားခဲ့ပြီး (မဟာဆန်သူ)မှာတော့ထိပ်ဆုံးကိုမရောက်တရောက်ကနေ (ဝေးခဲ့ပြီပန်းခရမ်းပြာ)တော့
    ထိပ်ဆုံးကိုရောက်သွားပါတယ်။
    သူ့သီချင်းတွေထဲမှာ(ရောင်စဉ်ခုနှစ်သွယ်။မဟာဆန်သူ။ဝိုင်းရဲ့ဆည်းဆာ။ဆည်းလည်းလှို်က်သံ.စောင်းကြိုးရှိုက်သံ။
    ဒဏ္ဍာရီ။ကြိုးကြာသံ။လေပြေညင်း။အချစ်စစ်ဆိုတာ။မငြိမ်းသောမီး။ပန်းတို့ပွင့်တယ်လို့။ဝေးခဲ့ပြီပန်းခရမ်းပြာ။အမုန်းနောက်ကွယ်။အို……
    နက္ခတ်ပွဲသဘင်။ဒီတစ်ကြိမ်ဒီနွေ။) တော်တော်လေးကိုကောင်းတာတွေများပါတယ်။
    သည်ဘက် 2000ပြည့်လွန်နှစ်တွေမှာ သင်္ကြန်သီချင်းတစ်ခွေဆိုတဲ့အပြင် မန္တလေးသီချင်းများဆိုတဲ့မြန်မာသံတစ်ခွေရယ်
    ခင်ဝမ်းအမှတ်တရတစ်ခွေရယ် ပြန်ဆိုတေးအဖြစ်တွေ့ရပါတယ်။
    ထူးခြားတဲ့သီချင်းလေးကတော့ အရင် မန်းလေးသားကိုအောင်( ထွန်းအိန္ဒြာဘိုရဲ့ခင်ပွန်းဟောင်းပေါ့)ဆိုခဲ့ဘူးတဲ့
    (စိတြအတွေး)ပါ။
    ခင်မောင်တိုးတို့နဲ့အတူတူလောက် ပေါ်ထွက်လာတဲ့ ဆိုတာထက်ရေးတာကပိုများတဲ့ မောင့်လပြည့်ဝန်း ပိုင်ရှင်
    ကိုနေဝင်းပါ။
    အဆိပ်ရည်အပြည့်နဲ့ပုံး(သူအရင်ဆို နောက် ဘိုဘိုဟန်ဆိုပါတယ်)
    တစ်နေ့တစ်ယောက် တစ်ရက် တစ်မျက်နှာဆိုတဲ့သင်္ကြန်သီချင်း(သူလဲဆိုတယ် ဟန်တင်လဲဆိုတယ်)
    ဒါတွေကတော့နာမယ်ကြီးသီချင်းပါ။
    (ယာဉ်အမီရီရီပြုံးလို့ပြန်ပါ)ဆိုတဲ့ဆီးရီးစ်ကိုထုတ်တဲ့အခါ (ရေးနေတာပဲကောင်းပါတယ်)လို့အားပေးကြပါတယ်။
    နောက်တစ်ယောက်ကတော့မွန်းအောင်(ခ) ဒင်းနစ်ပါ၊
    သူလဲစင်ယော်တေးသံသွင်းက တေးရေးဆရာအဉ္စလီမောင်မောင်နဲ့ နိုင်မင်း တို့နဲ့အတူ တွဲလို့ ထင်ပေါ်လာသူပါ။
    လူငယ်ကျောင်းသားတွေကြားမှာ (8/82အင်းလျား။ဝတ်မူံ)ဟာတားမရဆီးမရနိုင်အောင်လူကြိုက်များခဲ့
    မမောနိုင်မပန်းနိုင်အဆောင်ရှေ့မှာ ဂစ်တာနဲ့ သံစဉ်တေးဖွဲ့ခဲ့ကြတဲ့သီချင်းတွေပါ။
    (မိုးလုံးမိူင်း။ယူပါမေရေယူ။ရိုးရိုးလေး။ရင်ခတ်အလွမ်း။ယု။လွမ်းရတဲ့ညတွေလွန်ပါစေ။ကုန်လွယ်လွန်းလိုက်တာ၊)
    (ကြွေးဟောင်းဆပ်ခွင့်ပြုပါအမေ။ပန်းစိုက်သူတို့ဝေဒနာ၊နှင်းစက်နဲ့လမ်း၊သဇင်ကြွေတဲ့ဆောင်း)စတာတွေကနာမယ်ကြီးပါ။
    သူ့သီချင်းတွေထဲက (ငြိမ်သက်ခြင်း)ဆိုတဲ့သီချင်းလေးကိုတော့ ကိုတိုးကြီးပြန်ဆိုစေချင်ပါတယ်။
    (ဝါဆိုရက်မစုံ်အခါတွင်း မို့လူခြေတိတ်တဲ့ စစ်ကိုင်းဘက်က တောရကျောင်းငယ်လေးတစ်ခုမှာ
    ယာယီနားခိုလှုံနေစဉ် နေရီညိုညိုညနေခင်း…………………..)ဆိုတဲ့စာသားတွေပါတဲ့သီချင်းလေးပါ။
    သံစဉ်စာသား အရမ်းကိုကောင်းပါတယ်။
    နားမထောင်ဖူးသူများ ရှာနားထောင်စေချင်ပါတယ် ဒီသီချင်းပိုင်ရှင်လေးကတော့ ဘယ်မှာနားခိုနေတယ်ဆိုတာ့မသိတော့ပါ။
    ကိုယ်ပိုင်သံစဉ်သီချင်းတွေပြောရင်ချင်းတိုင်းရင်းသားလေးတွေ ဆလိုင်းသွှအောင်တို့ ဂျွန်သင်ဇမ်းတို့ကို အရမ်းလွမ်းပါတယ်၊
    ကဗျာဆံဆံပြောရရင် အချိန်မတိုင်ခင်စောပွင့်လို့ ပန်သူမရှိဖြစ်ခဲ့ပေမယ့်
    နောက်ဆက်ခံသူကတော့အဆင်ပြေသွားပါတယ်။
    သူတို့နာမယ်ကြီးသီချင်းတွေကတော့(တောင်ဇလပ်ပင်အောက်ကချစ်သူ။အချစ်ဖော်ကောင်။အချစ်အားမာန်။ဖူးစာရှင်ဘယ်မှာလဲ။
    မြိူင်နန်းစံပန်းတပွင့်။ဝေးလွင့်ခြင်းရဲ့နောက်ဆုံးခြေရာ)တွေဟာသူတို့စခဲ့ တက္ကသိုလ်အဆောင်များရှေ့မှာ တန်းဝင်တေးတွေ
    ဖြစ်ခဲ့ပေမဲ့ ဖိုးချိုလက်ထက်မှာမှ လူတွေကြားမှာအောင်မြင်သွားပါတယ်။
    လောကကိုစောစွာစွန့်ခွာသွားတဲ့……………….ဖိုးချိုဆိုတဲ့ ကိုယ်ပိုင်သံစဉ်သမားလေးအကြောင်းပြောရမယ်ဆိုရင်………………………..

    ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
    2010

    • ဗုံဗုံ

      January 14, 2013 at 12:42 pm

      မသိသေးတာတွေ အများကြီးသိလိုက်ရတဲ့အတွက် လေးပေါက်ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်
      လေးပေါက်လည်း သီချင်းဆိုတာ ဝါသနာပါခဲ့မယ်ထင်တယ် ကြုံလို့ရင် လေးပေါက်ဆိုပြတာ နားထောင်ချင်ပါတယ် 🙂

  • (လေးပေါက်လည်း သီချင်းဆိုတာ ဝါသနာပါခဲ့မယ်ထင်တယ် ကြုံလို့ရင် လေးပေါက်ဆိုပြတာ နားထောင်ချင်ပါတယ် 🙂

    အင်းနော် ကိုယ့်ဒွတ်ခ ကိုယ်ရှာတဲ့သူဆိုတာ ဒီလိုလူမျိုးထင်ပါရဲ့နော်

Comments are closed.