Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မိန်းမဟူသည်… ” Wife = TV –။– Girlfriend = Handphone”

မြန်မာ ပုရိသယောက်ျားတို့ ပြောကြတာရှိသည်

မိန်းမဟူသည်

မရှိမကောင်း ရှိမကောင်း။

မပေါင်းလဲခက်၊ ပေါင်းလည်းခက်၏ .. တဲ့။

အခုတော့ ခေတ်နဲ့အညီ တမျိုးပြောင်း ပြောနေကြပြန်ပြီ။

မိန်းမဟူသည် တီဗီ (သို့မဟုတ်) လက်ကိုင်ဖုန်း နှင့် တူ၏.. တဲ့

အိမ်သူဇနီးမယားသည် ဧည့်ခန်းထဲက တယ်လီဗီးရှင်းနဲ့တူပြီး မိန်းခလေးမိတ်ဆွေ (စမောလေး)က ဟန်းဖုန်းနဲ့ တူသတဲ့ဗျာ..။

ရှင်းပါမယ်..။

ကျွန်တော်တို့ ယောက်ျားတွေ အိမ်မှာ တီဗွီ ကြည့်ပြီး အပြင်သွားရင် ဟန်းဖုန်းေလး ဆောင်သွားကြတယ်လေ။

ပိုက်ဆံမရှိ ပြတ်လပ်နေချိန် အခန်းအောင်း တီဗွီကြည့်နေပြီး ငွေယားလေးအဆင်ပြေတော့ ဟန်းဖုန်းေလး အသစ်လဲကိုင်တတ်ကြပြန်ရော။

တီဗွီကို တစ်ခါတရံမှ ကြည့်ဖြစ်ပေမယ့် ဟန်းဖုန်းကိုမူ အမြဲတမ်းကလိနေကြရဲ့။..

ဟဲ ဟဲ

ခင်ဗျားတို့ အိမ်က တီဗွီဟာ တစ်သက်လုံး အလကားကြည့်ခွင့်ရှိပေမယ့်လို့ ..

ဟန်းဖုန်းမှာမူ ဝန်ဆောင်ခမပေးလို့ကတော့ လိုင်းဖြတ်ခံရပြီသာ မှတ်ပေရော့ဗျို့… :kwi:

…… …… …..

(7-days ဂျာနယ်ပါ ဟာသတစ်ခုကို ပြန်လည် ခံစား ရေးဖွဲ့မိပါသည်)

29 comments

  • surmi

    January 17, 2013 at 12:12 pm

    ကျုပ်က ဒီလို တင်စားမယ်ဗျာ………..

    အိမ်သူသက်ထားဇနီးမယားသည် …….. အိမ်တွင်ချက်သောထမင်းနှင် ့တူ၍

    အထက်ကပြောသော ဘာဘာညာညာလေးများသည်ကား………
    ငရုပ်ဆီ အရွှဲသားဖြင် ့လမ်းဘေးတွင်စားရသော ဝက်သားဒုတ်ထိုးကဲ ့သို ့လည်းကောင်း…..
    ချဉ်ချဉ်စပ်စပ် ရှောက်သီးသုပ်ကဲ ့သို ့လည်းကောင်း……….
    ဒူးရင်းသီးနှင် ့ ပဲငပိ ရောစားသကဲ ့သို ့လည်းကောင်းးးးးးးးးးး
    အစားမတော်ပါက ရောဂါဘယများ၍ အသက်ပါဆုံးနိုင်သဖြင် ့……..
    အိမ်ထမင်း အိမ်ဟင်းသာလျှင် အကောင်းတကာ ့ အကောင်းဆုံး ……ဟု

    မှတ်ချက်
    ဤစာအား အိမ်မှမဒမ် ဖတ်နေနိုင်ပါသဖြင် ့ 🙂
    :kwi:

    • ခိုင်ဇာ

      January 17, 2013 at 12:39 pm

      ထမင်းကို ဗိုက်ဆာသော အချိန်တွေသာ သတိရ၍ ဝက်သားဒုတ်ထိုး တို့ ရှောက်သီးသုတ်တို့၊ ဒူးရင်းသီးတို့ကို မြင်တိုင်း အချိန်မရွေး စားချင်ပါသည်။ :mrgreen:

    • မင်းနန္ဓာ

      January 17, 2013 at 2:12 pm

      @surmi
      ယှဉ်စားဖူးသူမှ အရသာဘယ်လိုရှိ အန္တရာယ်ဘယ်လိုထိ သိတာကို အူးဆာမိရဲ့.. ေွိခွိ
      ..
      @ခိုင်ဇာ
      ထမင်းဆိုတာ နိစ္စဓူဝ ဝတ္တရားအရ စားကြပြီး
      သရေစာ ချို ချဉ် စပ် ကလေးများကိုဖြင့် ဆာလည်းစား မဆာလည်းစား မြင်တိုင်းစားချင်ကြလေ၏
      :harr:

    • အရီးခင်လတ်

      January 17, 2013 at 5:43 pm

      သေချာပြီ။
      မဒမ်ဆာမိ လဲ ရွာကိုဝင်ဝင်နေတာ။
      ကောင်းလေ့လေ့ ကဆာမိရေ့။ (Cr- ကဆာမိ) 😆

    • TheWinner

      January 17, 2013 at 8:22 pm

      အင်းဘာပဲဖြစ်ဖြစ် ဦးစာမိကြီးကိုတော့ လေးစားသွားပြီနော်။

  • ရွာသူ jujuma .

    January 17, 2013 at 12:30 pm

    တော်တော်တော်တဲ့ တော်တို့တွေ ပဲ ..
    အိမ်က တီဗွီ ကို တစ်သက်လုံး အလကားကြည့်ခွင့်ချင်ရင် အမြဲသစ်နေအောင်တော့ထားမှ ပေါ့ ….
    ဟန်းဖုန်းကလဲ ဝန်ဆောင်မှုမပေးရတဲ့အလကားရမယ့် ဟန်းဖုန်းကိုသုံးပေါ့အေ ..
    ဒါမှ ကလိချင်သလိုကလိ လိုင်းဖြတ်မခံရမှာ … :kwi:

    • မင်းနန္ဓာ

      January 17, 2013 at 2:16 pm

      ဝန်ဆောင်ခလည်း မပေးရ
      ကလိချင်တိုင်းလည်း ကလိလို့ရပြီး
      လိုင်းဖြတ်မခံရမယ့် ဟန်းဖုန်းလေး
      ဘယ်နားမှာ ရနိုင်မရဲ ဟင်….
      လမ်းညွှန်ပေးပါရား.. :kwi:

  • ဗုံဗုံ

    January 17, 2013 at 12:56 pm

    ဟောဒီမယ်ဗျို့ ဦးလေး မင်းနံဒါ တစ်ယောက် ဟန်းဖုန်းကိုင်ချင်လို့တဲ့ အန်တီရှင်မွေးလွန်းရေ :mrgreen:

    • မင်းနန္ဓာ

      January 17, 2013 at 4:05 pm

      ဟလို ဟလို
      ဟလို ကြားလား..
      အေး.. ပြော..
      အင်း.. ငါအိမ်မှာ တီဗွီကြည့်နေတယ်..
      ဟမ် ဘာပြောတယ်
      လိုင်းမကောင်းဘူးကွ..
      ဘာရယ်.. မင်းပြောတာ မရှင်းဘူး..
      ဒါပဲဟေ့ နောက်မှပြန်ဆက်
      ဒီမှာ တီဗွီဇာတ်လမ်းက ကောင်းခန်းရောက်နေဘီ..။
      … …
      ဟူး လိုင်းကမကောင်းတာလား ဟန်းဆက်က မကောင်းတာလား
      နောက်တစ်လုံး အသစ်လဲလိုက်တာ ကောင်းမယ်
      .. :harr:

  • panpan

    January 17, 2013 at 12:59 pm

    အဟမ်း..ဟမ်းးး! :mrgreen:
    တီဗွီနဲ့ကျ ကိုယ့်ဖက်က ဘာမှပြန်ပြောခွင့်မရှိဘူး
    သူပြောတာပဲ နားထောင်နေရတယ်
    ရွေးချယ်ခွင့်လည်းမရှိဘူး
    သူပြောချင်ရာပြောတယ်
    အဲ့…ဖုန်းကျတော့ ကိုယ်ကပြောချင်တာပြောလိုက်၊ ကိုယ်ပြောတာ သူကတုန့်ပြန်လိုက်
    သူ့ကပြောလိုက်၊ သူ့အပြောကိုတုန့်ပြန်လိုက်…..
    အဆင်ကိုပြေ….လို့..ဆိုတာမျိုး…..
    :kwi:

    • မင်းနန္ဓာ

      January 18, 2013 at 9:33 am

      ရေငုံနှုတ်ပိတ် ဘာမှပြန်ပြောခွင့်မရှိတာ တီဗွီပါ
      ဝန်ဆောင်ခပေးနေသမျှ ပြောချင်တာပြော ကလိချင်သလို ကလိ အပြန်အလှန်ရှိတာ စပွန်ဆာ.. အဲ အဲ ဟန်းဖုန်း
      :harr:

  • Mon Kit

    January 17, 2013 at 1:19 pm

    တော်တို့တွေ.. တတ်လဲတတ်နိုင်ပ… တွေးလည်း တွေးတတ်ပတော်……
    :kwi:

  • အရီးခင်လတ်

    January 17, 2013 at 5:40 pm

    အောင်မယ် …
    တီဗွီ ကို အထင်သေးလား။
    ဟန်းဖုန်း ကမှ Pay as you go လုပ်လို့ရသေး။
    တီဗွီ က ကြည့်ကြည့်မကြည့်ကြည့် လစဉ် လိုင်စင်ကြေး ပေးရပါတယ်။
    လစဉ်ကြေးပေါ် မူတည်ပြီး တီဗွီ မှာလဲ ဆားဗစ် ကွာပါ့။
    3D သုံးဒီ က မင်းရို့ ဟန်းဖုန်း နဲ့ ကြည့်လို့ အရသေးဝူး။
    နောက်ပြီး တီဗွီ မှာ အင်တာနက်ချိတ်လို့ ရတဲ့ ခေတ် ဖစ်နေပါပြီလေ။
    ဂဇက်ရွာက စာတွေကို TV ပေါ်မှာ ပြူးပြူးကြီး ဖတ်လို့ ရပါတယ်ကွဲ့။
    ဟန်းဖုန်း Screen သေးသေးလေးကနေချောင်းဖတ်စရာမလိုပါ။
    ခိုးကြည့်ချင်တာတွေတော့ ကြည့်မရဘူးပေါ့။
    😆

    • မင်းနန္ဓာ

      January 18, 2013 at 11:33 am

      အိမ်က တီဗွီကြီးလည်း လစာရသမျှ လိုင်စင်ကြေးပေးနေတဲ့ကြားက
      ကားစီးချင်တယ်၊ အဲယားကွန်း အိပ်ခန်းမှာ တပ်ပေးအုန်း
      ကလေးအလုပ်တွေနဲ့မို့ အရင်လို ဆားဗစ်မပေးနိုင်တော့ဘူး ဖြစ်လာဘီ
      စခရင်သေးချင်သေးပါစေ.. ဟန်းဖုန်းလေးပဲ ချောင်းဖတ်လိုက် ခိုးကလိလိုက် လုပ်ရင်ကောင်းမလား
      :kwi:

  • San Hla Gyi

    January 17, 2013 at 5:45 pm

    ကိုမင်းနန္ဒာရေ
    အဲဒီလိုဆို တီဗီလည်းမကြည့် ဟန်းဖုန်းလည်း မကလိတဲ့ လူပြိုကြီးတွေ ကျတော့ရော။ ကိုဆာမိ ပြောသလိုဆို အဲဒီလူတွေက အိမ်ထမင်း အိမ်ဟင်းလည်းမစား ဝက်သားဒုတ်ထိုးတို့ ဘာတို့မစားတဲ့ မီးလွတ်စားသူတွေပေါ့။

    • မင်းနန္ဓာ

      January 18, 2013 at 9:37 am

      တီဗွီမကြည့် ဟန်းဖုန်း မ ကလိတဲ့ သူတွေအတွက်လည်း ရှိပါ့ဗျား
      အေးစက်စက် ဖက်စရာ
      ငှက်ပျောတုံးကြီးပါဗျာ..
      ဟိ ဟိ..

    • ဆူး

      January 18, 2013 at 12:45 pm

      အချိန်မှန် တုံးခေါက်ပေးပြီး ဆွမ်းကပ်မည့် ရိပ်သာ များစွာ ရှိပါကြောင်း
      ပုံမှန်စား ပုံမှန် တရားမှတ် ပုံမှန် အိပ်နိုင်ပါကြောင်း

  • ဘဲဥ

    January 17, 2013 at 6:21 pm

    မိန်းမဟူဘိ … ထို အိပ်ထိ ကား……… လို့ဆိုတော့
    အိပ်မှ ထိရတာပေါ့နော် :harr:

  • TV လည်း ကြည့်ချင်ဒိုင်း
    ကြည့်လို့ ရဒယ် မှတ်နေဒလား …
    သူ့ကို ဖွင့်လို့ရဒဲ့ လျှပ်စစ်ဓာတ်အား ချိမှနော် ..
    ဘာမှတ်နေလဲ … ငွင်းးး ငွင်းးး :mrgreen:

    ဂလိုဘဲ ….
    ဖုန်းလည်း အားချိမှ သုံးလို့ ရဒါ …
    အားမချိရင် ဘက်ထရီ Low ဆိုဒါလေးဘဲ ပြပြပျီး ပိတ်တွားဒတ်ဒါ …

    ဒီဒေါ့ဂါ ….
    အဓိက ဟာ “အား” ဘဲလို့ ဆိုဂျင်ဘာဒယ် ..

  • Mr. MarGa

    January 17, 2013 at 8:28 pm

    ဦးမာဃကတော့
    TV က လေးလုံး
    မိုဘိုင်းက တစ်ထောင်အထက် ကွယ့် :mrgreen

  • မောင်ပေ

    January 17, 2013 at 8:42 pm

    အခုတော့ ပြောဘီပေါ့ တီဗွီ တဲ့
    ဖလပ်တောင်ဖြစ်ပါ့မလား ရွာစားရယ်

  • kai

    January 18, 2013 at 7:20 am

    မိန်းမဟူသည်.. ၂ဝမျိုးတဲ့..။
    ရှောင်ရမှာပြောတာတဲ့..
    ကျုပ်ပြောတမဟုတ်.. သူတို့ပြောတာ.. :kwi:

    (၁) အမိစောင့်ရှောက်တဲ့မိန်းမ၊ (၂) အဘစောင့်ရှောက်တဲ့မိန်းမ၊ (၃) အမိ အဘစောင့်ရှောက်တဲ့မိန်းမ၊ (၄) မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊ (၅) အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊ (၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊ (၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊ (၈) တရားကျင့်သုံးဖက် စောင့်ရှောက်တဲ့မိန်းမ။ (ဒီမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်ပါတယ်။) (၉) စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊ (၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊ (၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊ (၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူူနေတဲ့ မိန်းမ၊ (၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊ (၁၄) အဝတ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊ (၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊ (၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊ (၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊ (၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    January 18, 2013 at 9:44 am

    အိုင်ဖုန်း(၅)လေးပြောင်းကိုင်ဦးမှ…ခိခိ

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • မင်းနန္ဓာ

    January 18, 2013 at 11:58 am

    @TheWinner
    ၄ စား၊ ၅ ပြန်၊ ၆ လျော်လိုက်ပေတော့

    @Mon Kit
    ဘဝနဲ့ရင်းပြီး သိလာခဲ့တာတွေပေါ့ မွန်ကစ်ရယ်

    @ဘဲဥ
    အိပ်မှထိ သလား၊ မအိပ်ဘဲထိ သလား မိမိ ဇ’ နဲ့ အစွမ်းအစပေါ် မူတည်ပါကြောင်း 😆

    @အံဇာတုံး
    အားမရှိလို့ တီဗွီလည်းမကြည့် ဟန်းဖုန်းလည်း မကလိတော့ဘဲ ငှက်ပျောတုံးပဲ ဖက်တော့မည့်သူ စာရင်းက အမြန်လွတ်ဖို့ “အား” “စု” လိုက်ပါအုံး.. 😛

    @Mr. MarGa
    အားစု ထားတဲ့ သူတွေကတော့ တီဗွီလေးလုံး ဟန်းဖုန်းအလုံးတစ်ထောင်တောင်ကိုင်သတဲ့
    အံဇာတို့၊ မောင်ပေတို့ကို ခွဲပေးလိုက်ပါအုံးလား.. ဟီး

    @မောင်ပေ
    ဟုတ်တယ်.. တီဗွီကြီး အခု ဗိုက်ဖောင်းနေတယ်… ပါးပါးလှပ်လှပ် ဟန်းဖုန်းလေးပဲ ပွတ်မလားလို့
    :harr:

    @kai
    သူကြီးပြောမှ ရှောင်စရာတွေ များလှ.. ကျန်မှ ကျန်ပါအုံးမလား 😆
    ၁၁။ ၁၃၊ ၂ဝ မိန်းမတွေက ခေတ်စကားနဲ့ ဘယ်လိုကွာမလဲ မသိ 🙄 ❓

    @ဇမ္ဗူ့လောကပါလကြောင်ဝတုတ်
    တီဗွီကြီး ပြေးပိတ်လိုက်အုံး.. အားကုန် နေမှာစိုးလို့

  • ဆူး

    January 18, 2013 at 12:51 pm

    မိန်းမဟူသည် ဆိုလို့.. ယောကျားယူသည် ဆိုပြီး ပိုစ်တင်ပေးရင် ကောင်းမယ် ထင်တယ်..
    မယူခင် ချစ်သူ ဘဝ တုန်းကတော့ လက်ပက်နာရီလေးလို ကိုယ်နဲ့ မကွာ ထားချင်တယ်။
    ယူပြီးခါစ မှာတော့ အိပ်ယာဘေးမှာ ထားတဲ့ စားပွဲတင် နာရီလေးပေါ့.. အိပ်ယာဝင်ခါနီးတိုင်း ကြည့်ရတယ်။ အိပ်ခန်းထဲမှာ အမြဲ ရှိသင့်တဲ့ အရာပေါ့
    ယူပြီး ၁နှစ်လောက်ကြာတဲ့ အခါ.. အိမ်ရှေ့ဧည့်ခန်းထဲမှာ ချိတ်ထားတဲ့ သံစုံနာရီကြီးပေါ့.. တခါတရံ နားငြီးပြီး အိမ်လာတဲ့ ဧည့်သည်တွေ အတွက် ဟန်ပန် အပြည့် ရှိတဲ့ နာရီကြီး.. အိမ်ရဲ့ ကျက်သရေဆောင် နာရီကြီးပေါ့..
    ယူပြီး တော်တော် တော်တော် ကြာသွားတဲ့ အခါ.. မြို့လည်ခေါင်က နာရီစင်ကြီးလိုပေါ့.. ဘယ်သူ ကြည့်ကြည့် ဂရုကို မစိုက်တော့ဘူး။ ဖြစ်ချင်ရာဖြစ် နေပူမိုးရွာ လမ်းလယ်ခေါင်မှာ ချိတ်ထားတဲ့ နာရီကြီး ဖြစ်သွားပါသတဲ့.. လမ်းလယ်ခေါင် မှာ အသံစုံ ထွက်နေလည်း ကြားချင်မှ ကြားတော့မှာပေါ့ကွယ်။

    • မင်းနန္ဓာ

      January 18, 2013 at 2:35 pm

      ယောက်ျား ဟူဘိ ထိုပူရိကား
      နာရီများနဲ့ တူသတဲ့..
      ကျုပ်လည်း ဘာလိုလိုနဲ့ ဧည့်ခန်းထဲက သံစုံနာရီဘဝ ရောက်နေပါပေါ့

      • ဆူး

        January 18, 2013 at 4:12 pm

        ယောကျားတွေက မိန်းမတွေ ကို နာရီ လို သဘောထားတယ် ပြောချင်တာ.. ကိုရွာစားရေ..
        မယူခင်က တမျိုး
        ယူပြီးတော့ တမျိုး
        ယူပြီး ကြာလာတော့ တမျိုး.. အဲ့လိုပုံစံနဲ့ ဆက်ဆံ ကြတာ ကို ပြောချင်တာပါ။

  • ရွာသူ jujuma .

    January 23, 2013 at 2:46 pm

    ဒီဇာတ်လမ်းလေး ညက ဟာသရုပ်စုံ မှာ လာသဗျ …
    ဟာသရုပ်စုံ ကတောင် အင်တာနက်က ဇာတ်လမ်းယူတယ်ဆိုပဲ …
    ဟန်းဖုန်း ကြည့်တာလဲ သေချာကြည့်နော် … ဗိုင်းရပ်စ် ကိုက်သွားမယ်တဲ့ ..
    အိမ်က တီဗွီကတော့ ဗိုင်းရပ်စ် မကိုက်နိုင်ပါဘူးတဲ့ .. :harr:

    • မင်းနန္ဓာ

      January 23, 2013 at 4:13 pm

      ဟန်းဖုန်းကို ဗိုင်းရပ်စ်ကိုက်သွားတော့လည်း
      နောက်တစ်လုံး အသစ်လဲတာပေါ့လို့ ဟိ
      :kwi:

Leave a Reply