ဗုဒ္ဓ နှင့် ကျန်းမာရေး ရောဂါဝေဒနာ ပျောက်ကင်းလာစေရန် အတွက် လူနာအနေနှင့်လည်း သမားနှင့်လည်းကောင်း သူနာပြု နှင့် လည်းကောင်း ပူးပေါင်းဆောင်ရွက်သင့်၏ ဟု ဗုဒ္ဓက ညွှန်ကြား ဟောပြ ထားတော်မူသည်။ မည်ကဲ့ သို့ ပူးပေါင်း ဆောင်ရွက် ရမည်နည်း။ လူနာသည် ရောဂါ နှင့် မတည့်သောအစာကို ရှောင်ကျဉ်ပြီး တည့်သော အစာကိုသာ အတိုင်းအတာ နှင့် စားရမည်။ မည်မျှ စားသင့်သည် ကိုသိထားရမည်။ သမားပေးသော ဆေးကို မညည်းမညူဘဲ စားရမည်။ မိမိ၏ သမား သို့မဟုတ် သူနာပြုအား မိမိရောဂါဝေဒနာ အကြောင်းကို ရိုးသားစွာ တင်ပြရမည်။ မချိမဆန့် ရောဂါဝေဒနာ နာကျင်ခံခက် ဖြစ်နေသည့် အချိန်၌ ပင်ဖြစ်စေ၊ ဝေဒနာကို ခံနိုင်ရည်ရှိအောင် […]