black chawNovember 2, 20111min25419
တန်ဆောင်မုန်း လပြည့်နေ့ နီးလာပြီ ဖြစ်သည့်အလျောက် ရပ်ကွက်ထဲမှ ကထိန် အလှူတစ်ခုမှ ဖွင့်သည့် သီချင်းသံကို ကြားမိရာမှ ဒီပို့စ်လေးကို ရေးဖြစ် ပါသည်။ မြန်မာတွေ အလှူအတန်းမှာ ဝါသနာ ထုံကြပါသည်။ နိုင်ငံ့ မျက်နှာဖုံး သူဌေးကြီးတွေကလည်း ဘွဲ့တံဆိပ်တွေ ချီးမြှင့်ခြင်းခံရလောက်အောင် တိုင်းသိပြည်သိ လှူကြတန်းကြပါသည်။ လူလတ်တန်းစား ကလည်း လူလတ်တန်းစား အထွာနှင့် လှူကြတန်းကြသလို ရပ်ကွက်ထဲမှ ဆိုက်ကားနင်းသည့် လူတွေကလည်း ဆိုက်ကားသမားများ ကထိန် ဆိုပြီး အလှူအတန်းကို နိုင်သလောက်လုပ်ကြသော လူမျိုးဖြစ်ပါသည်။ နာဂစ် မုန်တိုင်းကြီး မွှေသွားလို့ စိစိညက်ညက် ဖြစ်သွားသော ဒေသများကိုလည်း တတ်နိုင်သလောက် မည်သူ့တိုက်တွန်း ချက်မှ မပါပဲ ကားကိုယ်စီဖြင့် အခက်အခဲများကြားမှ လိုအပ်နေသော အရာများကို လှူနေတန်းနေကြသည်ကို ကြည့်ပြီး ပီတိဖြစ်မိပါသည်။ […]