အလုပ်မှပြန်ရောက်ရောက်ချင်းပင်… အိပ်ရာထဲသို့ ပစ်လှဲချလိုက်သည်။ နံရံပေါ်တွင်ချိတ်ထားသည့် ပြက္ခဒိန်ကိုတစ်ချက်ကြည့်မိသည်။ ဒီကိုရောက်တာ သုံးလပင်မပြည့်သေး။ အိမ်မှာအမေအဆင်ပြေရဲ့လားမသိ။ သမီးလေးရော နေကောင်းရဲ့လား….။ လှဲနေရင်းနှင့်ပင် ဖုန်းလေးကို ကျွန်မကောက်ကိုင်လိုက်မိသည်။ ဖုန်းထဲတွင်ကျန်သော ပိုက်ဆံမှာတစ်မိနစ်စာလောက်ပင် ရှိတော့၏။ မြန်မာပြည်တွင် ကျန်ခဲ့သည့် သမီးလေးနှင့်စကားပြောချင်တာတောင် တစ်လတစ်ခါမျှသာ ကံတရားက ကျွန်မကိုကန့်သတ်ခဲ့သလား ထင်မိသည်။ ဖုန်းကိုသာ ကျွန်မငေးကြည့်နေရင်း မျက်ရည်များအလိုလိုကျလာမိသည်။ လွန်ခဲ့သည့်လတုန်းက ကျွန်မအားပါဆယ်နှင့်ပို့လိုက်သော ကျွန်မသမီး၊တူမလေး၊မောင်လေးနှင့်အမေ့ပုံကိုသာ ပွတ်သပ်ကြည့်ရင်း ကျွန်မပါးပြင်ပေါ်သို့ မျက်ရည်များ အတားအဆီးမရှိ စီးဆင်းနေတော့သည်။ “ မဂျူး ငိုနေပြန်ပြီလား…. မငိုပါနဲ့.. မဂျူးငိုရင် သမီးလည်းငိုချင်တယ်…”           ကျွန်မနှင့်အတူ ကျွန်မညီမလေးဝမ်းကွဲပါ သူတစ်ပါးနိုင်ငံတွင် အလုပ်လုပ်ဖို့ရွေးချယ်ခဲ့သည် မဟုတ် လား။ ကျွန်မအတန်းပညာ (၅)တန်းသာတက်ခဲ့သည်။ ညီမလေးမှာ တက္ကသိုလ်တွင် Chemistry နှင့် ဘွဲ့ရ ပြီးသား….။ ယခင်က […]


minmaharSeptember 21, 20111min36513
မောင် .. သိပ်ချစ်တယ် မောင် မောင် နဲ့ ဝေး .. ခုလို ဝေးကြရလိမ့်မယ်လို့ တခါမှ မထင်ထားခဲ့ဖူး မောင် ။ မောင့်ကို အရမ်းချစ်ပါတယ် မောင် ။ ခုလဲ ချစ်နေတုံးပါဆိုရင် မောင် ယုံမှာလား ဟင် ။ ဒီဘဝ အဝေးကြီး ဝေးခဲ့ရပြီဆိုတာတော့ ဝေးသိလိုက်ပါပြီ ။ ဝေးအနားမှာ မောင်မှ ရှိမနေတော့တာကိုး ။ ဝေးတို့ စတွေ့တဲ့ အချိန်လေးကို အမှတ်ရမိသေးတယ် မောင် ။ မောင်ကော မှတ်မိသေးရဲ့လား ။ ခုလို မိုးတွေ စွေနေတဲ့ နေ့တနေ့မှာပေါ့ ။မောင်က ဝေးတို့လမ်းထိပ်က လမ်းဘေးတခုမှာ လဲကျနေတာလေ ။ ဝေး မြို့ထဲက အပြန်တွေ့ခဲ့ရတာ ။ […]