စူးရဲAugust 9, 20131min41919
တတိယနှစ်ကျောင်းပိတ်လို့သူပြန်ရောက်တဲ့ အချိန်တွေမှာတော့ အေးစက်မာကြောတဲ့ သူ့ရဲ ့ပြောဆိုဆက်ဆံမှုတွေက ကျွန်တော့နှလုံသားကိုဆွံ့အစေခဲ့သလို  နှစ်ပေါင်းများစွာခိုင်ခိုင် ခံ့ခံ့နှောင်ဖွဲ့ခဲ့တဲ့ သံယောဇဉ်အရံအတားတွေကိုလည်း ပြိုလုမတတ်ယိမ်းယိုင်သွားစေခဲ့ပါတယ်….။ ငယ်စဉ်တောင်ကျေး ခလေးဘဝထဲကသန့်ရှင်းစင်ကြယ်မှုများနဲ့ချစ်ခဲ့ရသူ ငယ်ချစ်ဦးကို လွယ်ကူစွာ မေ့ပြစ်နိူင်ဖို့ ကျွန်တော့ရဲ ့ဦးနှောက်က ကျွန်တော့်ရဲ ့ စိတ်ကို အမိန့်ပေးစေခိုင်းနိူင်ခြင်းမရှိခဲ့ပါဘူး …။ နောက်ဆုံးနှစ် ရဲ ့နှစ်ဦးပိုင်းမှာသူ့ဆီကို သူ့ရဲ ့ဆန္ဒနဲ့ ဆန့်ကျင်စွာပဲကျွန်တော်ရန်ကုန်ကိုအရဲစွန့်စွာ လိုက်သွားခဲ့ပါတယ် ။   .ကြီးကျယ်ခန်းနားတဲ့ တက္ကသိုလ်ကျောင်းဝန်းကြီးတစ်ခုလုံးရဲ ့အရိပ်အမိုးအောက်မှာ ငယ်ချစ်ဆိုသောအရောင်ဖျော့ဖျော့ဂုဏ်ပုဒ်တစ်ခုကိုပဲ အဖေါ်ပြုပြီး အတန်းဆင်းမဲ့ သူ့စာသင်ခန်းရှေ ့မှာ အမိန့်ချခံရသူတရားခံတစ်ဦးလို    သက်ပြင်းပေါင်းများစွာချရင်းစောင့်စားနားထောင်ခဲ့ရပါတယ်….။ “နင့်ကြောင့်ငါ့ကိုအိမ်ကကျောင်းထုတ်ပြစ်လိမ့်မယ်”….ငါရှိတဲ့နေရာဘယ်တော့မှမလာပါနဲ့ … ငါ့ကိုလည်း  အနှောက်အရှက်မပေးပါတော့နဲ့ ဆိုတဲ့  စကားတွေနဲ့အတူ ကျွန်တော့်ဓါတ်ပုံနဲ့  စာတွေကို ပြစ်ချပေးရင်း ကျောခိုင်းထွက်ခွာသွားပါတော့တယ်…။ တုန်ရီနေတဲ့လက်တွေနဲ့သူထားရစ်ခဲ့တဲ့ ပစ္စည်းတွေကိုကောက်ယူရင်း    ဒီဝန်းကျင်နဲ့ဝေးရာအရပ်ကိုပဲ ကျွန်တော်ရောက်ချင်နေမိတယ် […]


စူးရဲAugust 3, 20131min47721
ဘဝမှာမေ့လို့မရတဲ့ အကြောင်းတွေထဲ……တခုအပါအဝင်ပေါ့…….အဲဒါငယ်ချစ်ဦးပါ….သူနဲ့စတွေ့တာက(၃)တန်း ….သူငယ်ချင်းတွေအများကြီးထဲကမှသူနဲ့ ပိုပြီးခင်မင်ရင်းနှီး ခွင့်ရခဲ့တယ်..မူလတန်း အလယ်တန်းအချိန်တော်တော်များများမှာ စားရင်လည်းအတူ ကစားရင်လည်းအတူ စာကျက်တော့လည်း တူတူ ……အရောင်တွေ မရောနှောတဲ့ အဖြူသက်သက် သံယောဇဉ်တွေနဲ့ တစ်ဦးကိုတစ်ဦးချဉ်နှောင်မိကြတယ်……..ဒီလိုနဲ့ ၈တန်းထိအောင်ပါပဲ…..စာညံ့တဲ့ကျွန်တော် အစိုးရစစ် ၈တန်းမှာစာမေးပွဲကျပါလေရော…သူနဲ့ကျွန်တော် ဝေးဖို့ဖန်လာပြီလို့တွေးမိပါတော့တယ်….ဒါကကျွန်တော့အတွေးပါ….တကယ်တော့ ကျွန်တော်တို့ နှစ်ယောက်အတွက် ခုထက်ပိုပြီး နှလုံးသွေးတွေခုန်နိူင်အောင် ….ရင်းနှီးတဲ့အချိန် ကာလများစွာက တိုက်တွန်းပေးပါတော့တယ်… အဲ့ဒီအချိန်ထိ ချစ်တယ်လို့ ပြောမှမပြောဖူးသေးတာ….တုံရီလှိုက်မောစွာ နဲ့ အဖြူရောင် အဆီးအတားကိုချိုးဖျက်ပြီး သူ ့ကိုချစ်မိတဲ့ အကြောင်း လမ်းမှာစကားလိုက်ပြောပါတော့တယ်…………။ရလာတဲ့အဖြေက မုန်းတယ်တဲ့……နေဆယ်စင်း ရဲ ့အပူကျွန်တော်မခံစားဖူးပါဘူး အဲ့ဒီ အချိန်ကျွန်တော့ရင်ထဲကအပူက နေဆယ်စင်းထက်မလျော့မှာ အမှန်……..ဇတ်ထဲက…နောက်ပိုင်းမင်းသားတွေရှုံးလောက်အောင် မျက်ရည်မိုးတွေဖြိုင်ဖြီုင် ရွာခဲ့ရတာပေါ့……. ခုချိန်ပြန်တွေးရင်ရုူးတယ်ပေါ့ဗျာ……ဒါပေမဲ့ရိုးသားတဲ့ ငယ်ဘဝလေးကိုတော့လွမ်းမိပါတယ်…….နောက်(၃)ရက်ကြာမှသူငယ်ချင်းတစ်ယောက်နဲ့စာပေးလိုက်ပါတယ် သူတကယ်မမုန်းနိူင်ပါဘူးတဲ့……..အဲ့ဒီနေ့ ကသူ့အဒေါ်မြင်မှာစိုးလို့ မွှန်ထွန်ပြီးပြောမိပြောရာ ပြောလိုက်တာတဲ့……..အဲ့ဒီနေ့ ကျွန်တော့နားဝမှာ ပျားအုံလာဖွဲ့ မှာစိုးမိသလို…… ၂ကျပ်ဖိုးနဲ့ထီတစ်သိန်းဆုပေါက်တဲ့သူ……ကျွန်တော့လောက်ပျော်နိူင်မှာမဟုတ်တော့ပါဘူး……သူဆယ်တန်းကို၂ […]