ကျွန်တော် မန်းလေးရောက်တော့၁၉၇၅ ဘယ်သွားသွားစက်ဘီးလေးနဲ့လျှောက်သွားရတာ အလုပ်သွားလည်းစက်ဘီး အလုပ်ပြန်လည်းစက်ဘီး ဥပုဒ်ပိတ်ရက်လျှောက်လည်းချင်လည်းစက်ဘီး မန်းလေးတောင် နန်းတွင်းရေကူးကန် ဘီအီးရေကူးကန် ဘယ်သွားချင်လည်းစက်ဘီး ကားကလည်းနည်း ဆိုင်ကယ်ကလည်းပေါ်ကာစ ဘီအက်စ်အေ ဂျာဝါးဆိုင်ကယ်တွေပြောတာမဟုတ်ဖူးနော် ဂျပန်ဆိုင်ကယ်တွေပြောတာ ဆို်င်ကယ်စီးသူကလည်းနည်း ယာဉ်ထိန်းကလည်းနည်း နည်းဆို၂ဝ ၃ဝလောက်ရှိမှတ်ပါတယ် ဘယ်သွားသွားစက်ဘီးဆိုတော့ယာဉ်ထိန်းနဲ့ကလည်းပတ်သက်စရာမရှိ ၁၉၉ဝလောက်ရောက်တော့ဆိုင်ကယ်ကတော်တော်များလာပြီ များလာပြီဆိုသော်လည်းယခုခေတ်များသလိုတော့များဖူးပေါ့လေ ကိုယ်လည်းဆိုင်ကယ်စီးနေပြီ လိုင်စင်မေ့ကျန်ခဲ့ရင်ယာဉ်ထိန်းနဲ့စကား ပြောနေရပြီ မပြေလည်ရင်ဒါဏ်ငွေဆောင်နေရပြိ တမှု ၅၀ဝ မှတ်ပါတယ် ဟောသားတို့ခေတ်ရောက်ပါပြီ ၂၀၁၀ ဝင်လာလိုက်တဲ့တရုပ်ဆိုင်ကယ်တွေ လိုင်စင်မဲ့တွေ တောလမ်းကဆင်းလာ ကုန်ကားကြီးတွေထဲစောင်ခြုံပြီးဝင်လာ တောကောမြို့ကောစီးလိုက်ကြတဲ့ ဆိုင်ကယ် ဟိုးအရင်ကျွန်တော်မန်းလေးရောက်စ စက်ဘီးအားကိုး နေရတဲ့မန်းလေး အခုတော့လည်းစက်ဘီးတောင်စီးသူနဲပြီး အိမ်တိုင်းလိုလိုဆိုင်ကယ်နဲ့ဖြစ်ကုန်ပါလေရော တိုးတက်ခြင်းလို့ပြောမလား ဆို်င်ကယ်တွေပေါ ကားတွေပေါနဲ့မန်းလေးမြို့ကြီးစည်ကားလာလိုက်တာ နေ့ချင်းညချင်း ယာဉ်ထိန်းတွေလည်းထိန်းလို့မနိုင် အင်အားတွေတိုးလိုက်တာ ရာကျော်တွေဖြစ် စည်းမဲ့ဆိုင်ကယ်တွေယာဉ်တွေစီမံချက်နဲ့အဖွဲ့လိုက် ရှောင်တခင်စစ်ဆေးမှုတွေလုပ် ဒါဏ်ငွေတွေရိုက်နဲ့စည်းကမ်းထမ်းသိမ်း ရေးတွေလုပ်ရတာအမော ရလိုက်တဲ့ဒါဏ်ငွေတွေလည်းအများကြီး တယကစီမံချက်ဆိုပြီး […]