အခုတစ်လော ကိုရီးယား အလုပ်အကိုင်တွေ အတွက် ကိုရီးယား ဘာသာစကား အရည်အချင်းစစ် စာမေးပွဲ ကျင်းပမယ်လို ့ ၃ လပိုင်း ၁၉ ရက်နေ ့အစိုးရ သတင်းစာတွေမှာ ကျေညာပြီးတဲ့ နောက်ပိုင်း လူငယ်တွေ အားလုံးနီးပါး လှုပ်လှုပ်ရှားရှားဖြစ်နေပါတယ်။ ကိုရီးယားကို သွားရောက် အလုပ်လုပ်ကိုင်ချင်တဲ့ အထဲမှာ တခါမှ မသွားဖူး သေးတဲ့ လူသစ်တွေပါသလို အကြောင်းအမျိုးမျိုးနဲ ့ ပြန်ရောက်လာတဲ့ လူတွေလည်း ပြန်ထွက်ဖို ့ကြိုးစားနေကြပါတယ်။ ဟိုမှာ တရားမဝင် အလုပ်လုပ်ကိုင်နေရင်း ဖမ်းခံရလို ့ပြန်ရောက်လာသူတွေဟာ Immigration မှာ ဓါတ်ပုံ အရိုက်ခံခဲ့ရသလို လက်ဗွေ ကိုလည်း မှတ်တမ်းထားခဲ့ရပါတယ်။ သိသလောက်ဆိုရင် အဲဒီလူတွေ ဟာ ကိုရီးယားနိုင်ငံကို ပြည်ဝင်ခွင့် ၅ နှစ် အပိတ်ခံထားရပါတယ်။ […]