ရွှေအိမ်စည်August 10, 20111min36410
ဆေးရုံတစ်ရုံမှာ ဆေးကျောင်းသားတစ်စု လူနာကိုလက်တွေ ့စတင်ထိတွေ ့ရမယ့်နေပေါ့ ။ သူတို ့တစ်တွေ လူနာ ကုတင် တစ်ခုလုံးကို ပတ်ဝိုင်းပြီး ရပ်နေကြတယ်။ ဂျူတီကုတ် ဖြူဖြူတွေ ကိုယ်စီဝတ်ထားကြပေမယ့် နားကြပ်တော့မပါကြပါဘူး ၊သူ ့တို နားကြပ်တွေကို စစ္စတာရဲ ့အခန်းထဲ ထားခဲ့ရမယ်လို ့ဆရာက မနေ ့ကမှာထားခဲ့ပါတယ်။ မကြာခင် ဆရာရောက်လာပါတယ်။ “ကဲ.. ဒီလူနာကိုမင်းတို ့နားထောင်ရမယ့်အကြာင်း ခွင့်တောင်းထားပြီးပြီ ၊ မင်းတို ့သူ ့နှလုံးခုန်သံကို စိတ်ကြိုက် နားထောင်လို ့ရတယ်။ နှလုံးအဆို ့ရှင်ကျဉ်းတဲ့အသံဟာ ဒီလူနာမှာသိပ်ကို ထင်ထင်ရှားရှားကြီးကြားနေရတယ်။ ဒီလောက် ပီသတဲ့အသံမျိုး ရှားတယ်။’ ဆေးကျောင်းသားအားလုံးဟာ ဒီနှလုံးအဆို ့ရှင် ကျဉ်းတဲ့ နှလုံးသွေးစီးသံ နဲ့ပါတ်သတ်ပြီး စာတွေ ့အားဖြင့်လေ့လာ မှတ်သားဖူးပြီးသားပါ […]