ကျနော်တို့လူမျိုးအများစုဟာငွေကြေးရလိုမှုတစ်ခုထဲနဲ့ နိူင်ငံအပြင်ထွက်ပြီးရေကြည်ရာမျက်နုရာရှာဖွေနေကြရတာ ကမာ္ဘ့ မြေပုံကိုဖြန့်ခင်းကြည့်ရင်လက်ညိုးထိုးလို့လွေတ်နိူင်လောက်အောင်ပါပဲ ဟိုး…ဘိုးဘေးခေတ်ကနိူင်ငံခြားမှာအတတ်ပညာသွားရောက်သင်ယူခြင်း၊အစိုးရကစေလွတ်ခြင်း၊ မိမိပညာနှင့်သွားရောက်လုပ်ကိုင်ခြင်း….. စသဖြင့်ဒါတွေကအနည်းစုပါ.. ခုတော့မိရိုးဖလာတစ်ခုလို နိူင်ငံခြားကိုထွက် အလုပ်လုပ်ကြတာအဆန်းမဟုတ်တော့…. ရိုးအီနေတဲ့စကားလိုကျနော်တို့နားထဲမှာ…. ဘာကြောင့်၊ညာကြောင့်၊ဟိုဟာကြောင့်၊ဒီဟာကြောင့်ဆိုတဲ့ လက်ညှိုးထိုးအပြစ်တင်ရမဲ့ကိစ္စလည်း ကျနော်မပြောချင်တော့ပါ… ကျနော်တို့တစ်တွေမိဘတွေနဲ့ဝေး၊ ညီအကိုမောင်နှမတွေနဲ့ဝေး၊ ဇနီးနဲ့ဝေး၊ခင်ပွန်းနဲ့ဝေး၊ဆွေမျိုးသားခြင်းတွေနဲ့ဝေးပြီးရေခြားမြေခြား သက်စွန့်ဆံဖျားအလုပ်၊လုပ်နေကြတာ ၊အမေသေ၊အဖေသေ၊အကိုအမသေ၊ ဘယ်သူသေသေ ကျနော်တို့လက်တွေနဲ့၊ကျနော်တို့မျက်စိတွေနဲ့… ..မြင်ခွင့်ထိခွင့်ကိုင်တွယ်ပို့ဆောင်ခွင့်မရနိူင်တဲ့ ကျနော်တို့ဘဝတွေ၊ခေါင်းငုံ့ဒူးထောက်မျက်လွှာချပြီးရတဲ့ဒီပိုက်ဆံတွေနဲ့မှ လူဖြစ်ခွင့်ရတော့မှာလား… ကျနော်တို့ရတဲ့ ငွေကြေးနဲ့နိူင်းယှဉ်ရင်တန်ဖိုးခြင်းညီမျှပါရဲ့လား……။ ခပ်ကြောင်ကြောင်အတွေးဆိုရင်ဝိုင်းပြီး(မေတ္တာ)ပို့လိုက်ကြပါအုံး။