လင်းဝေMay 23, 20121min90730
မြန်မာလူထုကြီးမှာ လူထု ခေါင်းဆောင် ရှိတယ်။ ( မရှိဘူး ဆိုရင် လည်း မရှိကြောင်း ပြောနိုင်ပါတယ် ) လူထုခေါင်းဆောင် ဆိုတာ လူထုကို မှန်ကန် သင့်လျော်ရာကို ဦးဆောင်လမ်းပြပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ပြုမူမှုကို ညွှန်ပြတဲ့သူဖြစ်တယ်။ လူထုအကြိုက် လူကြိုက်များတာ မဟုတ်လည်း လူထုကို မှန်တာကို ပွင့်ပွင့်လင်းလင်း ပြောတယ်။ မီးတွေပျက်တယ်။ မီးမလာဘူး။ လာတဲ့အချိန်တောင် မှန်အောင်မလားဘူး။ အိပ်ရေးကပျက်။ ညကြီးထပြီး မီးပြောင်းရတယ်။ အင်ဗာတာ အားသွင်းရတယ်၊ ရေတင်ရတယ်၊ ရေချူရတယ်၊ မီးလာတုန်း ဖုန်းအားသွင်းဖို့ သတိထားရတယ်။ ညကြီးမင်းကြီး စိတ်တိုလိုက်တာဆိုတာ စိတ်ထဲ ရှိရှိသမျှ အပြင်းအထန်ဆုံးစကားလုံးတွေနဲ့ အတင်းမာဆုံးလေသံကို သုံးပြီး လျှပ်စစ်ဌာန ကိုဖုန်းဆက်ပြီး မင်းတို့ သောက်ရှက်နည်းနည်းမှ မရှိဘူးလား။ မီးမပေးနိုင်ရင် အခုချက်ချင်း […]