Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


Diamond KeyDecember 16, 20111min3473
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၇)           အရှေ့မှာ ပြောခဲ့သလို ရောက်ခါစဆိုတော့ ရဲဖမ်းမှာလည်းကြောက် (ကိုယ့်မှာက စာအုပ်မရှိတော့ဘူး ဆိုတော့ တရားမဝင်နေသူ ဖြစ်သွားပြီလေ)၊ ရှိစုရှိမဲ့ ပိုက်ဆံလေးလဲ ရဲကို ဘလန်ချာ မပေးချင်၊ ကိုယ်လည်း ဟိုနားသွားရရင် ရဲနဲ့တွေမှာလည်း ပူရဆိုတော့ ရှိစူရှိမဲ့ ပါလာတဲ့ ပိုက်ဆံလေးနဲ့ ကဒ်လေးတော့ လုပ်ထား လိုက်မယ်လို့ ဆုံးဖြတ် လိုက်တာပါ။ ကဒ်လုပ်ဖို့ကိုတော့ လူရင်းမိတ်ဆွေက စီစဉ်ပေးပါတယ်။ ကဒ်လုပ်ခိုင်းလိုက်ပြီး ၂ရက်လောက်နေတော့ လုပ်ခိုင်းတဲ့ ကဒ်ရလာပါတယ်။ ကဒ်ကိုပေးတဲ့အခါ အထက်မှာ ကျွန်တော်ပြောခဲ့သလို ကွေးလို့ရတာ၊ UV Light နဲ့ ထိုးပြတာတွေ လုပ်ပြပါတယ်။ ကဒ်ရတဲ့ အခါ ကျွန်တော်က ကဒ်ပေါ်က Data တွေကို အလွတ်ရအောင် ကျက်ထားရပါတယ်။ အမည်စာလုံးပေါင်းတွေက […]


Diamond KeyDecember 15, 20111min2433
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၆)           အလုပ်ဝင်စ ပထမလမှာပဲ မလေးငွေ ၂၀ဝ ကျော် လျော်လိုက်ရလို့ ဂိမ်းအလုပ်ကို တော်တော်တော့ လန့်သွားပါတယ်။ ဒီအတိုင်းဆို ဆက်လုပ်လို့ ဖြစ်ပါ့မလားပေါ့။ ကျွန်တော်တို့ ဂိမ်းဆိုင်တဝိုက်က စည်ကားတဲ့နေရာဖြစ်လေတော့ တစ်ခြားဂိမ်းဆိုင်တွေလည်း မလှမ်းမကမ်းတွေမှာ အများကြီးရှိနေပြီး မြန်မာအလုပ်သမားတွေ တော်တော်များများ ဒီပတ်ဝန်းကျင်မှာ ရှိပါတယ်။ ကျွန်တော့်အရင် နောင်တော်တွေနဲ့ သူတို့တွေက ရင်းနှီးနေကြတော့ ကျွန်တော်ရောက်ပြီး မကြာတဲ့ ကာလတွေမှာ မိတ်ဆွေတွေ ဖြစ်သွား ကြပါတယ်။ ကျွန်တော် ခံလိုက်ရတဲ့ သတင်းကြားကြတဲ့ အခါလာပြီး အားပေးကြရှာပါတယ်။ သူတို့တွေရဲ့ အရင့်အရင်က ဖြစ်ဖူးတဲ့ ဒီလို အလားတူ ဖြစ်ရပ်တွေ ပြောပြကြတာနဲ့ ကျွန်တော်အတွက်တော့ ဒီကိစ္စဖြစ်သွားတဲ့ အမြတ်က ဂိမ်းလောကရဲ့ နောက်ထပ် သိစရာတွေ အများကြီး […]


Diamond KeyDecember 14, 20111min3408
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၅)           ဂိမ်းဆိုင်က Cashier  တစ်ယောက် နေစဉ် ဂျူတီစဝင်တယ် ဆိုတာနဲ့ သတိဝိရိယ ကြီးကြီးထားကာ အလုပ်လုပ်ရပါတယ်။ တာဝန်လွဲပြောင်းရတာကိုက အချိန်တစ်နာရီ နီးပါးကြာပါတယ်။ ဆိုင်မှာ လာရောက် ကစားနေကြတဲ့  ဧည့်သည်တွေ ကစားနေတုန်းမှာပဲ စက်တွေထဲက ငွေ (အကြွေစေ့ ကျပ်စေ့တွေ)၊ ကစားနေတဲ့ စက်တွေမှာ ပေါ်နေတဲ့ Credit တွေ (သူကလည်း ငွေပါပဲ၊ 1 Credit က မလေးငွေ တစ်ကျပ်)၊ ကောင်တာထဲမှာ ကြိူတင်ပေးထားတဲ့ လည်ပတ်ငွေ နဲ့ ဂိမ်းလာကစား သူတွေ ဝယ်ယူသွားတဲ့ ငွေတွေကို အသေးစိတ် စာရင်းစစ်ပြီး လွဲပေး၊ လွဲယူ လုပ်ရပါတယ်။ စာရင်းမှာ တစ်ချက်မှားရင် ငွေက စိုက်လျော် ရမယ်လေ။ […]


Diamond KeyDecember 10, 20111min58414
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၄)           ဒီလိုနဲ့ မလေးရောက်ပြီး အပျော်ခရီး ထွက်လာသူ တစ်ယောက်လို လျှောက်လည်နေတဲ့ ရက်တွေ တစ်ပတ်ပြည့်ခါနီးမှာတော့ အလုပ်စဝင်နိုင်ဖို့ ပြင်ရပါတော့တယ်။ ကိုယ့်ကို အလုပ်ဝိုင်းရှာပေးနေသူများက အလုပ်မျိုးစုံ ညွှန်းနေကြတဲ့ အထဲမှာ မဲအများဆုံးက ပိုက်ဆံရလွယ်၊ လစာကောင်း၊ လူသက်သာတယ်ဆိုတဲ့ Game ဆိုင်အလုပ်ကို ဝိုင်းညွှန်းကြပါတယ်။ ကိုယ်ကတော့ ပိုက်ဆံ (လစာ) အမြန်ဆုံး ရလိုသူဆိုတော့ ဘယ်အလုပ် ရရဖြစ်တယ်လို့ ပြောထားတာပါ။ ဒါနဲ့ သူတို့ပြောတဲ့ Game ဆိုင်လောကမှာ နှစ်ကာလအတော်ကြာ အလုပ်လုပ်နေတဲ့ မိတ်ဆွေတစ်ယောက်က အာမခံပေးလို့ သူဌေးရဲ့ လူယူံ Supervisor ဆိုသူနဲ့ ဒီနေ့ တွေ့ရမယ်လို့ ဆိုလာပါတယ်။ ဒီမှာ တစ်ခုပြောစရာ ရှိတာက ကျွန်တော်က မလေးမလာခင်မှာ မလေးစကားကို […]


Diamond KeyDecember 1, 20111min2515
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၃)           ဒီနေ့က ကိုယ့်ကို KL အနှံ့ လိုက်ပို့မယ်၊ နောင်မှာ ကိုယ်ဘာသာကိုယ် သွားတတ်လာတတ်အောင် ဘတ်စ်ကားစီးတာတွေ၊ LRT ရထားစီးတာတွေ လိုက်ပြမယ်လို့ ကျွန်တော်နဲ့ အတူလာခဲ့သူက ဆိုလာပါတယ်။ ဒါမျိုးဆိုတာက အလုပ်မဝင်ခင်မှာမှ လွတ်လပ်တာ၊ အလုပ်စလုပ်ပြီ ဆိုတာနဲ့ မလွယ်တော့ဘူးလေလို့ အရင်ရောက် မိတ်ဆွေများကလည်း ပြောကြပါတယ်။ နောက်တစ်ခုက မြန်မာပြည်ကနေ လူကြုံ ထည့်ပေးလိုက်တာတွေ ကိုလည်း လိုက်ပေးရမှာတွေလည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။ ပထမဆုံး KL က မြန်မာဆိုင်တွေ ရှိတဲ့ Kota Raya (ကိုတာရာယာ) တစ်ဝိုက်ဆီကို ဘတ်စ်ကားစီးပြီး လာခဲ့ကြပါတယ်။ (ကို) တင်မောင်ဆွေ ဆိုင်လို့နာမယ်ကြီးတဲ့ ဆိုင်မှာ မြန်မာအစားအစာတွေ စားကြတယ်။ (တင်မောင်ဆွေ ဆိုင်က […]


Diamond KeyNovember 26, 20111min35619
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၂) မြန်မာမြေပေါ်က လေယာဉ်ပျံတက်လာပြီးတာနဲ့ မလေးမြေရောက်ဖို့ထိက နှစ်နာရီခွဲတောင်ပျံရမယ်လို့ လေယာဉ်မှုးကြီးက ကြေငြာပါတယ်။ မင်္ဂလာဒုံ လေယာဉ်ကွင်းက စထွက်လာတုန်းက မြန်မာစံတော်ချိန်က မွန်းလွဲ နှစ်နာရီခွဲပါ။ ဒါဆိုရင်တော့ မလေးမြေကို ညနေ ၅နာရီမှ ရောက်မယ်ပေါ့။ ပြတင်းပေါက်က အပြင်ကြည့်လိုက်တော့လည်း ပြာလဲ့လဲ့ကောင်းကင်ကြီးရယ်၊ တိမ်ဖြူဖြူတွေရယ်၊ ပင်လယ်ပြာကြီးရယ်ပဲ မြင်နေရတာ ဆိုတော့ ဟိုတွေးဒီတွေးနဲ့ အချိန်တွေကို ကုန်စေခဲ့ပါတယ်။ ဖြတ်ကနဲ အိပ်ကပ်ထဲက တစ်သက်တစ်ကိုယ် တစ်ခါမှ မပိုင် မကိုင်ခဲ့ ဖူးလေတဲ့ အစိမ်းထပ်ကလေးကိုလည်း ဖိကြည့်လိုက်မိတယ်။ မလေးမြေနင်းချိန်မှာ အင်မီဂရေးရှင်းဆိုတာ တိုးဗီဇာနဲ့ လာတာမို့ ရှိုးဆိုတဲ့ မန်းနီးပြဆိုရင် ပြလို့ရအောင် အမတစ်ယောက်ရဲ့ယောကျင်္ား သင်္ဘောသားဆီကနေ မလေးရောက်ရောက်ခြင်း ပြန်ပို့ပေးပါ့မယ်လို့ ပြောတောင်းလာတဲ့ ငွေလေး၃၀ဝ ရယ်၊ ကိုယ်ပိုင်လေးတွေကို ရန်ကုန်က […]


Diamond KeyNovember 26, 20111min46613
မလေးရှားသို့ တစ်ခေါက်တစ်ခါ (၁) မလေးရှား……………..မလေးရှား၊ ဪ…………အတိတ်က အကြောင်းများကို  သတိရ နေမိတော့တယ်။ အမိမြေမှာ ကိုယ်အတွက် ငွေကရှားနေတော့ ရှာရလွယ်မလားလေ ဆိုပြီး ပတ်ဝန်းကျင်က လူငယ်တွေ သွားနေကြတယ်ဆိုတဲ့ မလေးမြေကို ထွက်ချင်လာခဲ့မိတယ်။ အများလူငယ်တွေက နိုင်ငံခြားထွက် ငွေရှာကြပြီး မြန်မာပြည်ပြန်ပို့ကြ ဆိုတဲ့ သတင်းတွေက ပတ်ဝန်းကျင်မှာတွေ့နေရ၊ ဘယ်လမ်းက ဘယ်သူ့သားလေးက သွားပြီး နှစ်နှစ်လောက်မှာ သူ့မိဘတွေက အိမ်ဝယ်တယ်၊ ကားဝယ်တယ် ဘာညာကြားရတော့လည်း အားတွေကျနဲ့ပေါ့ (မကောင်းသတင်းကြားရင် နားမထောင်ဘူး အဲဒီတုန်းကတော့)။ နောက်ပြီး လူငယ်ဆိုတော့ နိုင်ငံခြား တစ်ခေါက်လောက်တော့ စွန့်စား ရောက်ဖူးရမယ်ရယ်ပေါ့။ မလေးမြေ ရွေးတာကတော့ ကိုယ့်မှာ (မိဘမှာ) က ပေးစရာ ပိုက်ဆံမရှိတော့ ငွေနဲနဲနဲ့ ထွက်လို့ရတဲ့ နိုင်ငံ၊ ဗမာတွေ အတွက်လည်း […]