Khaing KhaingApril 24, 20121min24244
ကျွန်မ ရွာထဲကလူတွေနဲ့ မကြာခဏဆုံဖြစ်ပါတယ် ………. ဆုံတိုင်းလည်း ကျွန်မစိတ်ထဲ အတွေးတွေ ခံစားချက်တွေ အမြဲကိန်းအောင်းနေတတ်တယ် …… အခုဘာတွေတွေးနေမိ လဲဆိုတော့ (23.05.2012) ညဘက် ရွှေလီ စားသောက်ဆိုင်မှာ ကိုဂီမြန်မာပြည်ကို ခဏအလည်လာလို့ တွေ့ဆုံပွဲလေးတစ်ခုလုပ်ဖြစ်ပါတယ် …….. အဲဒီအချိန်ကစပြီး ကျွန်မပြန်တဲ့အချိန် ညအိပ်တဲ့အချိန်ထိကိုအတွေးတွေကဝင်နေတာလေးရှိတယ်…….. ကိုဂီကို ရွာထဲကလူတွေ တော်တော်များက ခင်ကြတယ် အဲဒါဘာကြောင့်လဲ ကျွန်မအကြိမ်ကြိမ်စဉ်းစားမိတယ် ……. ကိုဂီက ထက်မြက်လို့လား သဘောကောင်းလို့လား ကိုဂီလိုတော်တဲ့လူတွေ ရွာထဲမှာအများကြီးရှိပါတယ်……… ဒါပေမယ့်ကိုဂီကို အားလုံးကခင်ကြတယ် လူတိုင်းပါးစပ်ဖျားမှာလဲ ကိုဂီဆိုတာရှိတယ် ………. အဲဒါ ရွာသူရွာသားတွေကိုမေးချင်လို့ပါ ဖြေချင်ရင်လည်းဖြေပါ မဖြေချင်လည်းရပါတယ်………… ဒီလို လူတကာရဲ့ ချစ်ခင်မှုကိုခံနေရတဲ့ ကိုဂီကရော စိတ်ထဲဘယ်လိုဖြစ်နေမလဲ ကျွန်မမြင်တာကတော့ ကိုဂီက တစ်ကယ့်ကိုရိုးစင်းတဲ့လူတစ်ယောက်လို့မြင်တယ် ………..     […]