‘သား ထတော့လေ..6နာရီခွဲနေပြီ။ ကျောင်းသွားရမယ်လေ။’ ‘ဟာ..အမေကလည်း ဒီမှာအိပ်လို့ကောင်းလို့နေတာ။’ ‘နောက်ထပ် ဆယ်မိနစ်လောက်ပဲ။’ ‘ထတော့လို့ပြောနေတယ်လေ။’ ‘ဒီကလေးနဲ့ ခက်ပါတယ်. ကျောင်းကားမမှီဘဲနေမယ်ထ’ အမေက အတင်းနိုးနေတယ်။ ဒီမှာ မျက်လုံးက ဖွင့်မရဘူးဖြစ်နေတယ်။ မျက်လုံးမှိတ်လျက်သား ကုတင်ပေါ်မှ ဒယိုင်းဒယိုင်ဆင်းပြီး အဝတ်ဆွဲချွတ်၊ ကုတင်ပေါ်ပစ်တင်၊ အမေအသင့်ထည့်ထားတဲ့ သွားတိုက်တံယူပြီး ရေချိုးခန်းထဲ ဆင်းလာမိတယ်။ အမေကလည်း အစောကြီးဘာလို့ နိုးတာလဲ အိပ်ရေးပျက်လိုက်တာ စိတ်ထဲကပြောနေမိတယ်။ ရေချိုးပြီး အပေါ်ရောက်တော့ နာရီကြည့်လိုက်တော့ ဟာ.သွားပြီ (7)နာရီထိုးတော့မယ်။ မြန်မြန်လုပ်မှ။ အမေအဆင်သင့်လုပ်ပေးထားတဲ့ မုန့်နဲ့ ကော်ဖီသောက်ပြီး အိမ်က အမြန်ထွက်လာခဲ့တယ်။ ကျောင်းကားက 7း15 ထွက်မှာ အမြန်သွားမှ။ မှီမှ ဖြစ်မယ်။ အခုမှ သတိရတယ် လွယ်အိတ်ထဲမှာ ဒီနေ့သင်မယ့် ဘာသာပါရဲ့လားမသိဘူး။ ထားလိုက်ပါတော့ အရေးမကြီးပါဘူးလေ။ တော်သေးတယ် […]