ကြီးလေ ကြိုက်လေ အလွန်ချမ်းသာသော အသက် ၆၅ နှစ်ခန့်အရွယ်ရှိ သူဌေးကြီးတစ်ဦးသည် အသက် ၂ဝ နှစ်ခန့် ရှိသော မိန်းကလေး တစ်ဦးကို ချစ်ရေးဆိုရန်အတွက် သူငယ်ချင်းဖြစ်သူနှင့် တိုင်ပင်လေသည်။ သူဌေးကြီး – ငါ ဒီမိန်းကလေးကို လိုချင်တယ်ကွာ … ဘယ်လိုပြောရရင် ကောင်းမလဲ … ငါ့အသက်ကို ၄၅ နှစ်လို့ လျှော့ပြောရင် အဆင်ပြေ နိုင်ပါ့မလား။ သူငယ်ချင်း – မင့်အသက်ကို ၉ဝ လိုပြောရင် ပိုပြီး အဆင်ပြေမယ်ကွ …….။ (စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများအား ဖော်ပြပါသည်) နောက်ဆုံးဆန္ဒ အသည်းအသန် ဖြစ်နေသော လူမမာ တစ်ဦးအား ဆရာဝန်တစ်ဦး ကုသနေစဉ် လူနာ၏ အခြေအနေသည် သိပ်မကောင်း၍ ဆရာဝန်သည် လူနာအား […]