သုံးဆယ့်သုံး ဆိုလို့ နှစ်လုံးဂဏန်း မထင်ပါနဲ့။ ထုံးစံအတိုင်း ကြည့်မိတဲ့ ရုပ်ရှင်လေး ညွှန်းချင်တာရယ်။ ချီလီနိုင်ငံ က ကြေးနီ နဲ့ရွှေ ထွက်ပါတယ်။ အတာကမာ ကန္တာရထဲက ဆန်ဟိုဆေး မိုင်းတွင်းမှာ ရွှေ နဲ့ ကြေးနီ တူးလာတာ နှစ်တရာ့နှစ်ဆယ် ရှိခဲ့တာပေါ့။ ၂၀၁ဝ ခုနှစ် ဩဂုတ်လ ၅ ရက်နေ့မှာ အဲဒီမိုင်းတွင်း ပြိုကျပါ လေရော။ မိုင်းတွင်းက လုံခြုံမှုမရှိတာကို ကုမ္ပဏီ တာဝန်ရှိသူများကလစ်လျူရှုခဲ့ ပုံရပါတယ်။ မိုင်းပြိုတော့ အဲဒီအထဲမှာ မိုင်းတွင်းလုပ်သား သုံးဆယ့်သုံးယောက် ပိတ်မိသွားပါတော့တယ်။ မြေအောက် ပေ ၂၃၀ဝ လောက်က ဘေးလွတ်ရာ အခန်းကလေးမှာ အစာရေစာ နည်းနည်းလေးနဲ့ အဲဒီ လူ သုံးဆယ့်သုံးယောက် အတိဒုက္ခ ရောက်ကြရတာပဲ။ မြေပေါ်မှာတော့ […]


“အပစ်အခတ်၊ အညှစ်အသတ် များ ဒင်းကြမ်း၊ အချစ် အလွမ်း စွန့်စားခန်းများ မတရားကြီး ပြွတ်သိပ်ကြပ်ညပ်နေအောင် ပါဝင်သော ဟဲဗီး ဟာသ ဒရာမာ အက်ရှင် ကားသစ်ကြီး။ ကြည့်ဖြစ်အောင် ကြည့်ကြပါ။ မကြည့်မိလျှင် နောင်တ ရပြီး ရူးသွပ်သွားနိုင်ပါသည်။” ငယ်ငယ်တုန်းက ဗွီဒီယိုရုံတွေ အပြိုင်ထောင်တဲ့ အချိန်၊ ရုံရှေ့ဇာတ်ကား ကြော် ငြာသင်ပုန်းမှာ အဲဒီလိုမျိုး ဟုတ်ဟုတ် မဟုတ်ဟုတ် ပေါက်ပန်းစေး လျှောက်ရေး တာမျိုး ကြုံဖူးကောင်း ကြုံဖူးမှာပေါ့။ (နောက်များမှ ဒီအကြောင်းလေးတွေ ရေးပါဦးမယ်။) အဟုတ်မှတ်လို့ ဝင်ကြည့်ကြည့်။ ရေးထားတဲ့အတိုင်း ဘာမှကို မဟုတ်တာ။ ကျွန်တော်လည်းခု ရုပ်ရှင်အညွှန်းလေးတွေ ရေးပါတယ်။ ကိုယ့်အတွေးနဲ့ ကိုယ် ကောင်းချင်ကောင်းမှာပဲ။ ညွှန်းမိတာလေး အချိန်ကုန်ခံ ကြည့်မိလို့ မကောင်း ဘူးဆိုရင်တော့ […]


မောင်ဘလိုင်September 2, 20151min31313
၁၉၃၈ ခုနှစ် ဗြိတိသျှလက်အောက် အိန္ဒိယနိုင်ငံတွင် လူမမည်ကလေးအရွယ် မိန်းကလေးများအား အိမ်ထောင်ချပေးသော ဓလေ့ကို ကျင့်သုံးဆဲဖြစ်သည်။ မုဆိုးမ ဖြစ်သွားလျှင် အိန္ဒိယလူ့အဖွဲအစည်းတွင် အရာမဝင် နှိမ်ချခွဲခြားခံရမည်။ မုဆိုးမတစ်ယောက်သည် ဆာရီအဖြူကိုသာ တစ်သက်လုံးခြုံ၍ တောင်းရမ်းစား သောက်ကာ ဘုရားအား လုပ်ကျွေးပူဇော်မှုပြုရမည်။ မိမိဆွေမျိုးသားချင်းများနှင့် အဆက်ဖြတ်ကာ မုဆိုးမဂေဟာတစ်ခုတွင် သေသည်အထိနေထိုင်သွားရမည်။ ထိုထိုအချက်များမှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်က မနုကျယ်ဓမ္မသတ် တွင် ပြဌာန်းခဲ့ခြင်း ဖြစ်သည်။ မုဆိုးမတစ်ယောက် နောက်တစ်ဖန် အိမ်ထောင် ပြုခြင်းကို ဗြိတိသျှ အစိုးရအနေဖြင့် တရားဝင်ခွင့်ပြုထားသော်လည်း လက်တွေ့ တွင် ရိုးရာ ဘာသာ အစဉ်အလာအရ ညစ်ညမ်းသော အပြုအမူအနေဖြင့် တား မြစ်ချက်ဖြစ်သဖြင့် ဖောက်ဖျက်ဝံ့သူ နည်းပေသည်။ ခုနစ်နှစ် သမီးအရွယ်ဖြင့် မုဆိုးမဖြစ်ကာ အလွန်စုတ်ပဲ့နေသော မုဆိုးမဂေဟာသို့ […]


မောင်ဘလိုင်September 30, 20141min25214
အနာဂတ်ကာလ တစ်ခုတွင် နေဖြစ်စဉ်များ ပိုမို လှုပ်ရှားထကြွလာမှုနှင့်အတူ ကူးစက် ကပ်ရောဂါဆိုးများ ကျရောက်လာကာကမာ္ဘကြီးတစ်ခုလုံး ပျက်စီးမတတ်ဖြစ်နေသည်။ သိပ္ပံအဖွဲ့အစည်းတစ်ခုက မျိုးဆက်သစ် လူငယ်များ အနေဖြင့် ဤအခြေအနေများကို ခံနိုင်ရှိမရှိ စမ်းသပ် သုတေသနပြုကြသည်။ အစမ်းသပ်ခံလူငယ် များသည် အလွန်ကြီးမားပြီး အမြဲတမ်းပြောင်းလဲနေသည့်ဝင်္ကဘာကြီး တစ်ခု၏ အလယ်သို့ ပို့ဆောင်ခြင်းခံ ရပြီး မိမိတို့ နာမည်မှလွဲ၍ မည်သည့်အရာကိုမျှ မှတ်မိခြင်းမရှိချေ။ သောမတ်စ် တစ်ယောက် ဤဝင်္ကဘာအလယ်သို့ ပို့ဆောင် ခံရပြီးနောက် အခြေအနေ အရပ်ရပ်ကို စုံစမ်း သည်။ သူ့အရင် ရောက်နှင့်နေသော လူငယ်အတော်များများရှိသည်။ သူတို့အဖွဲ့ကို ဂလိတ်ဒ် ဟု အမည်ပေး ထား၏။ အယ်ဘီက ထိုအထဲတွင် ခေါင်းဆောင်ဖြစ်သည်။ ဝင်္ကဘာဝင်ပေါက်သည် မနက်စောစောတွင် တစ်ခါပွင့်ပြီး ညနေစောင်းတွင် ပြန်ပိတ်သည်။ ထိုအချိန်အတွင်း […]


မောင်ဘလိုင်September 25, 20141min38238
Brotherhood of blades မင် မင်းဆက် နောက်ဆုံးကာလများတွင် ဆရာတူ ညီအစ်ကိုသုံးယောက်သည် ဂျင်းရိဝေ ခေါ် ဘုရင့်လျှို့ဝှက်ရဲအဖွဲ့ တွင် ဝင်ရောက်အမှုထမ်းကြသည်။ တစ်ကယ်တော့ သူတို့က ညီအစ်ကို လေးယောက်ဖြစ်ပြီး တစ်ယောက်မှာ လေလွင့်နေ၍ ရံဖန်ရံခါ ညီအငယ်ဆုံးထံ အကြွေးလာ တောင်းလေ့ရှိသည်။ သူတို့လုပ်ခလစာမှာ တစ်နှစ်မှ ငွေစ နှစ်ဆယ်ခန့်သာရှိသည်။ အစ်ကိုကြီး ကရာထူးတိုးချင်သည်။ အထက်အရာရှိကို တောင်းပန် မျက်နှာချိုသွေးသော်လည်း အရာရှိက ငွေ သာလိုချင်၍ အခက်တွေ့ရသည်။ အစ်ကိုလတ်ကလည်း သူ့ပယောဂမကင်းဘဲ ဆောင်ကြာမြိုင် ရောက်သွားရရှာသော မိန်းကလေးကို ပြန်ရွေးချင်သည်။ အငယ်ဆုံးညီကလည်း လေလွင့်နေသော အစ်ကိုက ငွေစ တစ်ရာ လာတောင်းနေ၍ ဒုက္ခရောက်နေသည်။ တစ်နေ့တွင် ဘုရင့်နန်းတော်မှ ကုန်းကုန်းတစ်ယောက်ရောက်လာပြီး သစ္စာဖောက် ကုန်းကုန်း ဝေကျုံးရှန် […]


မောင်ဘလိုင်September 15, 20141min24714
ကမာ္ဘ့စီးပွားပျက်ကပ် ပြီးသည့်နောက် ဆယ်နှစ်အကြာတွင် ဩစတြေးလျ နိုင်ငံသို့ ကမာ္ဘ့ဒေသ အသီးသီးမှ လူများ ပြောင်းရွှေ့လာကြသည်။ ဩစတြေးလျ ဒေါ်လာထက် အမေရိကန်ဒေါ်လာ က ပို၍ အလုပ်ဖြစ်နေသည်။   အဲရစ်သည် လယ်ဆုံး၊ ယာဆုံး၊ မိသားစု ဆုံးရှုံးသွားခဲ့သော စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်ပြီး လောကကြီးကို စိတ်အချဉ်ပေါက်ကာ အလွန်ရန်လို၍ လူသတ်ရန်ဦးမလေးသူ တစ်ယောက် ဖြစ်၏။ ကားတစ်စီးဖြင့် ဩစတြေးလျ ကန္တာရအတွင်း စိတ်ကူးတည့်ရာ လေလွင့်နေစဉ်တွင် ဓားပြသွားတိုက်ပြီး ထွက်ပြေးလာသော ဟင်နရီတို့လူစုက အဲရစ်ကားကို ခိုးယူမောင်းနှင် ထွက်ပြေးသွားသည်။   အဲရစ်က ဟင်နရီတို့ထားခဲ့သော ကားဖြင့်လိုက်ရာ နောက်ဆုံး ဟင်နရီ လက်ချက်ဖြင့် သတိလစ်ကျန်ခဲ့သည်။ တွေ့ကရာလူများကို မေးမြန်းရင်း ဒဏ်ရာရနေသော ဟင်နရီ၏ ညီ ရေးနိုးလ် နှင့်တွေ့သည်။ […]