သီတာရေ သို့… Water (2005)
၁၉၃၈ ခုနှစ် ဗြိတိသျှလက်အောက် အိန္ဒိယနိုင်ငံတွင် လူမမည်ကလေးအရွယ်
မိန်းကလေးများအား အိမ်ထောင်ချပေးသော ဓလေ့ကို ကျင့်သုံးဆဲဖြစ်သည်။
မုဆိုးမ ဖြစ်သွားလျှင် အိန္ဒိယလူ့အဖွဲအစည်းတွင် အရာမဝင် နှိမ်ချခွဲခြားခံရမည်။
မုဆိုးမတစ်ယောက်သည် ဆာရီအဖြူကိုသာ တစ်သက်လုံးခြုံ၍ တောင်းရမ်းစား
သောက်ကာ ဘုရားအား လုပ်ကျွေးပူဇော်မှုပြုရမည်။ မိမိဆွေမျိုးသားချင်းများနှင့်
အဆက်ဖြတ်ကာ မုဆိုးမဂေဟာတစ်ခုတွင် သေသည်အထိနေထိုင်သွားရမည်။
ထိုထိုအချက်များမှာ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်က မနုကျယ်ဓမ္မသတ်
တွင် ပြဌာန်းခဲ့ခြင်း ဖြစ်သည်။ မုဆိုးမတစ်ယောက် နောက်တစ်ဖန် အိမ်ထောင်
ပြုခြင်းကို ဗြိတိသျှ အစိုးရအနေဖြင့် တရားဝင်ခွင့်ပြုထားသော်လည်း လက်တွေ့
တွင် ရိုးရာ ဘာသာ အစဉ်အလာအရ ညစ်ညမ်းသော အပြုအမူအနေဖြင့် တား
မြစ်ချက်ဖြစ်သဖြင့် ဖောက်ဖျက်ဝံ့သူ နည်းပေသည်။
ခုနစ်နှစ် သမီးအရွယ်ဖြင့် မုဆိုးမဖြစ်ကာ အလွန်စုတ်ပဲ့နေသော မုဆိုးမဂေဟာသို့
ရောက်လာသော ချုရီယာ၊ ဆေးခြောက်စွဲနေသော ဂေဟာအုပ်ချုပ်သူ အဘွားကြီး
မဒူမတီ။ တစ်ဦးတည်းသော သူ့မိတ်ဆွေ( ဆေးခြောက်ပါ ရှာပေးသည့်)၊ ခေါင်း လုပ်
စားသော ဂူလပ်ဘီ။ ဂေဟာတစ်ခုလုံးမှာ အရွယ်လည်းကောင်း၊ အင်မတန်လည်းချော
သည့် ကလျာဏီ။( သူကို့ ဂူလပ်ဘီက လာခေါ်ပြီး ဖောက်သည်တွေဆီ ပို့ပေးရသ
ပေါ့။) ပဟေဠိဆန်ဆန် နဲ့ နားလည်ရန်ခက်တဲ့၊ ဂေဟာမှာ တစ်ဦးတည်းသော စာတတ်သူ
ဖြစ်တဲ့ သကုဏ္ဍလ။ စိတ်သဘောခက်ထန် တင်းမာလို့ အဘွားကြီး မဒူမတီ တောင်
မျက်ကွယ်ပြုထားရတယ်။ ချုရီယာလေးကတဆင့် ကလျာနီကို တွေ့ပြီး စွဲလန်းသွားတဲ့
ဗြဟ္မဏအနွယ် ရှေ့နေကလေး နရာရမ်။ သူက ဂန္ဒီကြီးရဲ့ နောက်လိုက် တစ်ယောက်ပါ။
သူတို့တွေ အကြောင်း ယှက်ဖောက် ပုံဖော်ထားတဲ့အကြောင်း ….။
(ဆက်ပြောရင် အကုန် စပွိုင်း သွားမှာစိုးလို့ ကိုယ့်ဘာသာပဲ ဆက်ကြည့်
ကြပါ ခင်ဗျာ)
ဒီဇာတ်ကားကို ရိုက်ကူးဖန်တီးတဲ့ ဒါရိုက်တာက ဒီပမိထာ ဆိုတဲ့ အင်ဒို ကနေဒီယန်
အမျိုးသမီးပါ။ သူကိုယ်တိုင်ပဲ ဒီဇာတ်လမ်းကို ရေးပါတယ်။ ကလျာနီအဖြစ် သရုပ်ဆောင်
တဲ့ မင်းသမီး လီဆာရေးဟာလည်း ကနေဒါမှာ နေတဲ့ အင်ဒို ပိုလစ် ကပြားပါ။ ဒီဇာတ်
လမ်းဟာ ဆုအတော်များများလည်း ရထားပါတယ်။ IMDB
မှာတော့ အဆင့်သတ်မှတ်ချက် ၇.၈ တောင် ရရှိထားပါတယ်။ကုလားကား အကြည့်နည်း
တဲ့ ကျွန်တော်တောင် တော်တော်လေး သဘောကျ နှစ်သက်
မိတဲ့ ဒရာမာကားကောင်းလေးအဖြစ် ညွှန်းဆိုပါရစေ။
(ကုန်ကျစရိတ်နဲ့ နည်းပညာလည်း သိပ်မလိုဘဲ အနုပညာအားနဲ့ မက်ဆေ့ချ်
တစ်ခု လှလှပပ ပေးနိုင်တဲ့ ဒီလိုကားမျိုး ဗမာတွေလည်း ရိုက်ဖြစ်အောင် ရိုက်နိုင်
ကြပါစေ လို့ ဆုတောင်းမိပါရဲ့။)
13 comments
@QUIL@
September 2, 2015 at 7:24 pm
ကြည့်ဖူးတာကြာပြီ
အဲ့ကားလေး ကောင်းသဗျ..
ကနေဒီယန် မင်းသမီးသရုပ်ဆောင်ပုံ သဘောကျရဲ့..
ခုတလော ပြန်ကြည့်ချင်လို့
ပြန်ရှာနေတာ မတွေ့သေးကြောင်း…
ပြန်ကြည့်ဖြစ်ဦးမယ် ဆိုတဲ့အကြောင်း
မှတ်ချက်ရေးသွားပါတယ်ဗျာ..
ဇီဇီခင်ဇော်
September 2, 2015 at 7:32 pm
မြန်မာကားတွေကိုတော့ အဲဒီလောက် မမျှော်လင့်တော့ပါဘူးးး
ဒီကားလေးတော့ ကြည့်အူးမှ။
Ma Ma
September 3, 2015 at 7:02 am
ဇာတ်ညွှန်းမြည်းပြီး ရုပ်ရှင်မကြိုက်တာတောင် ကြည့်ချင်မိတယ်။
ရုပ်ရှင်မှာ ဇာတ်လမ်းဘယ်လောက်ပဲ ကောင်းကောင်း သရုပ်ဆောင်ကောင်းမှ အပိုအလိုမရှိမှ သဘာဝကျမှ စွဲဆောင်နိုင်မယ်။
ဒီကသရုပ်ဆောင်တွေကတော့ အပိုအလိုတွေများနေတယ်ထင်တယ်။
ပြောရမယ်ဆို ရုပ်ရှင်သိပ်မကြိုက်လို့ ရုပ်ရှင်ကြည့်ရတာထက် ဇာတ်လမ်းဖတ်ရတာ ပိုသဘောကျတယ်။
🙂
အောင် မိုးသူ
September 3, 2015 at 9:45 am
အဲ့ကာ ရှားကြည့်ဦးမှပဲ အခွေဆိုင်မှာလည်း တွေ့မိသလားပဲ။
Mike
September 3, 2015 at 1:17 pm
.ကုလားကားတွေကောင်းတာများပါတယ်..
aye.kk
September 3, 2015 at 4:50 pm
စကိုင်းနက်ရုပ်သံလိုင်းမှာ
မနေ့ကပြသွားတယ်၊စိတ်ဝင်စားလို့
ကြည့်ဖြစ်မိပါတယ်။ကြည့်သင့်တဲ့ကါးပါ။
CharTooLan
September 5, 2015 at 12:26 pm
အခုတလော အတွေးအခေါ်ပိုင်းတွေမှာ ကုလားကားတွေအရမ်းကောင်းလာတယ်
ဟိုတလောကကြည့်ရတဲ့ PK မင်းသားကား TALAASH (The Answer Lies Within) အဲ့ဒါလဲကောင်းတယ်
အခုကားလဲ ကြည့်ကျိမယ် ကျေးကျေး 😀
kai
September 5, 2015 at 3:58 pm
အဲလိုကားမျိုးကြည့်ဖူးပါတယ်ဆိုပြီး.. YouTube မှာ.. သွားရှာမှ.. အဲဒီကားဖြစ်နေတယ်..။
အင်မတန်ကြိုက်ခဲ့တာပေါ့..။
မြန်မာတွေမယ်.. မုဆိုးမကို သူတို့(အိနိ္ဒယ)့လောက်.. နှိမ်ချဆက်ဆံတာမရှိသမို့.. အဲလိုကားရိုက်ရခက်မယ်..
ဒါပေမယ့်… ဂေးနဲ့ပါတ်သက်ရင်.. နတ်ကတော်တွေရှိနေသမို့.. အင်မတန်စိတ်ဝင်စားစရာကား… ရိုက်နိုင်မယ် ထင်မိတယ်..။
နုနုရည်၊အင်းဝ ရဲ့.. ပြုံး၍လည်း ကန်တော့ခံတော်မူပါ ရယ်၍လည်း ကန်တော့ခံတော်မူပါ ကို ရိုက်စေချင်တာ..။
သေချာတာရိုက်ဖြစ်ရင်.. ကမ္ဘာကျော်မှာသေချာသလောက်…။
စကားအတင်းစပ်..
ဒီတခေါက် အယ်လ်အေမြန်မာဖလင်ပွဲတော်မှာ.. ဂေးကားတကားကို.. မြန်မာပြည်က activist Aung Myo Min ကိုယ်တိုင်လာပြီး.. အမေးအဖြေလုပ်.. မိတ်ဆက်ပြောရင်း.. ပြဖို့စီစဉ်ထားတယ်..။
This Kind of Love – documentary
Jeanne Hallacy | 45 mins | Myanmar w/English subtitle | 2015
USA, Myanmar
@QUIL@
September 5, 2015 at 6:16 pm
https://dana.io/this-kind-of-love
ဒါ မှတ်တယ်ဗျ…
kai
September 6, 2015 at 4:44 am
ဟုတ်ပါ့…။
အင်း..
ဂေးတို့လာချေပြီ…။ :k:
ဦးကြောင်ကြီး
September 5, 2015 at 11:15 pm
……………..မွပ်ဇက်ရွာမှ ဂေးဇက်ရွာသို့ ပြောင်ဂ ျစို့….
.သောက်သဂ ျီး
.ဖောက်မငြီး
.အခြောက်က ျီး
.လောက်ရွှီး။
pooch
September 8, 2015 at 12:43 pm
ရှာတယ် you tube မှာ trailer ပဲတွေ့တယ် full download link ရှာမတွေ့ဘူး
Wow
September 11, 2015 at 3:50 pm
သွားကျိရမဲ့ လင့်လဲမပါဝူး လူဇိုးးး