လိပ်ပြာသစ်ခွ ဘယ်လိုပြုစုမလဲ – Phalaenopsis

SawAungSeptember 2, 20152min8594

လွန်ခဲ့တဲ့ သုံးလေးရက်က ဒန်ဒရိုဘီယမ်သစ်ခွအကြောင်း ရေးပြီးတဲ့အခါမှာတော့

ဒီတစ်ခေါက် လိပ်ပြာသစ်ခွအကြောင်းကို ဆက်ရေးပါဦးမယ်။

 

လိပ်ပြာသစ်ခွလို့ ဆိုလိုက်တာနဲ့ သိတဲ့သူတွေလည်း သိကြမှာပါ။ နာမည်ကြီးတယ်။

အပင်က ပုသလောက် အပွင်းကလှတယ်။ အပွင့်ရဲ့ ပွင့်ဖတ်တွေက လိပ်ပြာတောင်ပံလို

ခပ်ဝိုင်းဝိုင်းနဲ့ အရောင်အသွေးအစုံရှိတယ်။ ပွင့်ဖတ်ထူထဲတယ် တော်ရုံမညှိးဘူး။

လိပ်ပြာသစ်ခွကို Phalaenopsis လို့လည်းခေါ်တယ်။ တလောက ကိုဂီရဲ့ လိပ်ပြာသစ်ခွ

ဓာတ်ပုံတွေ တွေ့လိုက်သေးတယ်။

 

စိုက်ပျိုးမှု ၊ ပျိုးခံ

 

သစ်ခွတွေရဲ့ ထုံးစံအတိုင်း အုန်းခွံ ၊ မီးသွေးနဲ့ ရေညှိတို့ကို ပျိုးခံထားပါတယ်။

အိုးနဲ့စိုက်ကြသလို အပင်ပေါ်တွင်လည်း ကပ်ကာ စိုက်နိုင်ပါတယ်။

 

ရေပေးဝေမှု

 

ရေစီးရေလာကောင်းတဲ့ပျိုးခံဖြစ်ရပါမယ်။ ကြပ်သိပ်နေတာမျိုးဆို မကောင်းပါဘူး။

ရေလောင်းလိုက်တာနဲ့ အောက်ကို ဝေါကနဲကျတာ အကောင်းဆုံးပါ။

လိပ်ပြာသစ်ခွဟာ ရေငတ်ခံတာမျိုး မကြိုက်ပါဘူး။ သူ့ ပျိုးခံခြောက်သွေ့နေတာမျိုး

မဖြစ်ပါစေနဲ့။

ရေလောင်းရာမှာ အပင်ရဲ့ ခေါင်ကို ရေမတင်ဖို့အရေးကြီးပါတယ်။ သူ့အပင်ကပုပုနဲ့

အရွက်ဝိုင်းပြားကြီးကြီးနဲ့မို့ ရေတင်ရင် ခေါင်ပုပ်တတ်ပါတယ်။

 

လေဝင်လေထွက်

 

သစ်ခွမျိုးတိုင်းကတော့ လေဝင်လေထွက်ကောင်းတာကြိုက်တတ်ပါတယ်။

လိပ်ပြာသစ်ခွကတော့ လေဝင်လေထွက်အနည်းငယ်ရရုံနဲ့ အဆင်ပြေပါတယ်။

 

အလင်းရောင်

 

ဘယ်သစ်ခွမှ နေရောင်တိုက်ရိုက်ခံတာမကြိုက်ပါဘူး။ လိပ်ပြာလည်း ဒီလိုပါပဲ။

နေရောင်ကို ၇၅ ရာခိုင်နှုန်းလောက် လိုအပ်ပေမယ့်။ တိုက်ရိုက်မခံခိုင်းတာ အကောင်းဆုံးပါ။

 

အပူချိန်

 

အပူချိန် 15 C to 25 C အကောင်းဆုံးပါပဲ။ လိပ်ပြာသစ်ခွတွေဟာ ပူလွန်း အေးလွန်း

တာကို မနှစ်သက်ပါဘူး။ လိပ်ပြာသစ်ခွများဟာ ပူသောရာသီဥတုကနေ အေးသော

ရာသီဥတု အကူးအပြောင်းမှာ ဖူတံအသစ်ထွက်တတ်ပါတယ်။

 

မျိုးပွားခြင်း

 

လိပ်ပြာသစ်ခွဟာ တစ်ပင်တည်း အမျိုးအစားဖြစ်ပါတယ်။ တစ်ဦးတည်းသော အပင်

အမျိုးပါ။ ဒမ်ဒရိုဘီယမ်လို့ အများကြီးမထွက်ပါဘူး။ အပင်ဘေးအတက် ထွက်ဖို့ခဲယဉ်း

ပါတယ်။ မျိုးပွားချင်ရင်တော့ ပွင့်ပြီးသား ရိုးသံအဟောင်းကနေ KeiKie လို့ခေါ်တဲ့

အပင်အတက်လေးတွေ ထွက်လာမှသာ အတက်အောက်ကနေဖြတ်ပြီး ပျိုးမှသာ

မျိုးပွားနိုင်မှာပါ။ ဖြတ်ပြီး ကျန်ခဲ့တဲ့ ရိုးတံကိုတော့ ထုံးလေးတို့ပေးပါ။

 

အိုးလဲခြင်း

 

ဒမ်ဒရိုဘီယမ်လိုပါပဲ ဆွေးနေတဲ့ အမြစ်တွေ ပျိုးခံတွေကို ဖယ်ရှားပြီး ပျိုးခံအသစ်ကို

လဲပေးခြင်းဖြင့် အိုးလဲနိုင်ပါတယ်။

 

မြေဩဇာ

 

၂၁ ၂၁ ၂၁ အချိုးသာအကောင်းဆုံးဖြစ်ပြီး။ B1 လိုမျိုး အမြစ်အားဆေးကိုတော့

တစ်လတစ်ခါ ကျွေးနိုင်ပါတယ်။ အချို့သော သစ်ခွပညာရှင်များကတော့ လိပ်ပြာသစ်ခွ

ကို ညနေပိုင်း အားဆေးကျွေးခြင်းဟာ ပိုမိုထိရောက်တယ်လို့ဆိုကြပါတယ်။

 

ပိုးသတ်ဆေး

 

မှိ ုနဲ့ ဘက်တီးရီးယား ရောဂါ များ – captan သည်အသုံးများသော မှိ ုဆေးဖြစ်ပြီး copper

oxide ကဲ့သို ့သော ဘက်တီးရီယားသတ်ဆေးတို ့ ဖြင့် တွဲသုံးသင့်လို့ရပါတယ်။

သို့မဟုတ် ညနေ ဖြန်းနိုင်ပြီး ရွက်ဖြန်းမြေဩဇာ နှင့် တွဲသုံးနိုင်ပါတယ်။

 

DSC_5718_800
efefef Keikie ဆိုတာ ဒီလိုအတက်လေးတွေပေါ ဒီကနေပဲ အပင်ပွားရတာပါ

111  eeee  Phalaenopsis-Little-Ladies-photo-newPlantsandFlowers sefef t6yt thth

 

ဒမ်ဒရိုအေြ ကာင်းကတော့ ဒီမှာပါ

ဒမ်ဒရိုဗီယမ် သစ်ခွအကြောင်း – Dendrobium အပိုင်း(၁)

ဒမ်ဒရိုဘီယမ် သစ်ခွအကြောင်း – Dendrobium အပိုင်း(၂)

 

လေးစားစွာဖြင့်

အောင်မိုးသူ

 

Ref : သန့်စင်အေး  admin / founder ( မြန်မာသစ်ခွချစ်သူများ )(MOL)
admin ( Myanmar Ornamental Plant Lovers )

အကိုးအကား – Orchid basic
လိပ်ပြာသစ်ခွ ( ဘုရင်မသစ်ခွ )(မင်းဝင်းထိန် )

မိမိကိုယ်တွေ့ အတွေ့အကြုံများ

 

 

 

 

4 comments

  • Ma Ma

    September 3, 2015 at 8:40 am

    နာမည်ကြီးတဲ့ လိပ်ပြာသစ်ခွ။
    ကြိုက်တယ်။
    မစိုက်ရဲဘူး။ 🙁

  • CharTooLan

    September 4, 2015 at 4:00 pm

    ကျုပ်က အမြင်ကပ်တယ်
    ထိုင်းဘက်မှာကျတော့ ဒီတိုင်းအုံးတုံးပေါ်မှာချထားလဲ
    အုပ်စုလိုက်ကြီး ပွင့်နေလိုက်တာအပြွတ်လိုက် အခဲလိုက် ထောင်ကားနေတာပဲ
    ရန်ကုန်ယူလာပြီးစိုက်တော့ တော်ရုံနဲ့မပွင့်ဘူး တအားလဲဂရုစိုက်ရတယ် 🙁

  • may july

    September 5, 2015 at 12:15 pm

    သစ်ခွပန်းဆို ဘာဖြစ်ဖြစ် အကုန်ကြိုက်တယ် ..

Leave a Reply