Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒမ်ဒရိုဘီယမ် သစ်ခွအကြောင်း – Dendrobium အပိုင်း(၂)

သစ်ခွကို တစ်ပင်နှစ်ပင် ဒါမှမဟုတ် အပင် (၄၀) (၅၀)ခန့် စစစိုက်တဲ့ အချိန်မှာ

ဆုံးရှုံးမှုဖြစ်တတ်ပါတယ်။ အဲ့ဒါဟာ လူဆယ်ယောက်မှာ ကိုးယောက်လောက် ကြုံကြပါ

တယ်။ အဲ့ဒါကို သင်ခန်းစာယူပြီး ဆက်လက်စိုက်ပျိုးရင် အောင်မြင်နိုင်ပါတယ်။

 

အိုးလဲခြင်း

 

ကိုယ့်ရဲ့ သစ်ခွပင်ဟာ ပျိုးစာတွေ ဆွေးလာမယ် ၊ အပင်တွေဟာ အရမ်းများလာပြီး

အိုးအပြင်ကိုထိုးထွက်နေပြီဆိုရင်တော့ အိုးလဲဖို့အချိန်ရောက်ပါပြီ။ အိုးလဲတော့မယ်

ဆိုရင်တော့ အောက်က ပျိုးခံအဟောင်းတွေကို တတ်နိုင်သလောက် ကုန်အောင် ဖယ်ပါ။

ဆွေးနေတဲ့အမြစ်တွေကို ခပ်ကြမ်းကြမ်းလေး ဖယ်ရှားပေးပါ။ အားလုံးသန့်ရှင်းပြီးရင်တော့

မှိုဆေးကျဲကျဲဖျော်ထားတဲ့ ဇလုံထဲမှာ (၁၅)မိနစ်လောက်စိမ်ပါ။ စိမ်ပြီးရင်တော့ မစိုက်ခင်

အပင်ကိုခြောက်သွေ့အောင်ထားပြီး စိုက်ပါ။ အိုးအသစ် ပျိုးခံအသစ်နဲ့မို့ အပင်ကို ငြိမ်အောင်

ဥယောင်ပင်စည်ကို ချိတ်ထားတဲ့ သံကြိုးနဲ့ဖြစ်ဖြစ် ဝါးတုတ်ချောင်းနဲ့ဖြင့်ဖြင့် ချည့်ပြီး

ထားသင့်ပါတယ်။ ပင်စည်ဟာ ပျိုးခံထဲ မြုပ်မနေရပါဘူး ထိရုံသာထိနေရာမှာပါ။

မျက်စိများ မမြုပ်အောင် သတိထားပါ။

 

မြေဩဇာကျွေးခြင်း

 

မနက်ပိုင်းကျွေးရပါမယ်။ မျက်စိမှ အတက်သစ်ထွက်တဲ့အချိန် ကြီးထွားစဉ်ကာလမှာ

၃ဝ း ၂ဝ း ၁ဝ ကဲ့သို့ Nitrogen များသော အပင်ဆေးကို ကျွေးပြီး အတက်သစ်ရင့်မာပြီး

ကြီးထွားလာရင်တော့  ၂၁ း ၂၁ း ၂၁ လိုမျိုး အချိုးညီဆေးကို (၃)ပတ်ဖြင့်

(၄)ပတ်မြောက်မှာ ၁ဝ း ၅၂ း ၁ရ ကဲ့သို့ Phosphorus များသော မြေဩဇာ ကျွေးပေးခြင်း

ဖြင့် လှပသောပန်းခိုင်ကို ရရှိမှာပါ။ ပန်းပွင့်ပြီးဆုံးသွားပါက အပင်အနားယူချိန်မှာ

၁ဝ း ၂ဝ း ၃ဝ ကဲ့သို့ Potassium (K) များသော ဆေးကိုတစ်ပတ်တစ်ကြိမ် ကျွေးပေးခြင်း

ဖြင့် အပင်အား ကောင်းစွာ အနားယူစေသင့်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ

အဲသည် ဆေး (၃)မျိုးထည့်တဲ့အခါမှာ အခက်အခဲရှိရင်တော့ ၂၁ း ၂၁ း ၂၁ ကို

တစ်ပတ်တစ်ကြိမ် ဖြန်းပေးခြင်းဟာ အပင်အတွက် ဘေးဥပါဒ်ကင်းပြီး ပုံမှန်ဖူးပွင့်

ကြီးထွားခြင်းကို ရရှိနိုင်ပါတယ်။ ဆေးဖြန်းတဲ့အခါတိုင်းမှာ Vitamin B1 ကဲ့သို့

အမြစ်ဆေးအနည်းငယ် ထည့်ပေးခြင်းဖြင့် သန်စွမ်းသောအမြစ်များက မိမိကျွေးတဲ့

မြေဩဇာကို အပြည့်အဝစုပ်ယူပေးမှာပါ။ ပိုမိုထိရောက်ပါတယ်။

 

ညအပူချိန်

 

၈)  – အထိ လက်ခံနိုင်သည် ။ သို့သော နိမ့်ကျသော ညအပူချိန်များ တွင် ပန်းပွင့်နှုန်းလျှော့ကျ

နိုင်သည် ။အမြင့်ဆုံး ၂၆ ံ C ( ၈ဝ ံ F) အထိ လက်ခံနိုင်ပြီး ထို အပူချိန် တွင် ပန်းပွင့်မည်

တာဆူနေသော အဖူးများ မှအပင်ငယ်လေး ( keikie ) အဖြစ်သို ့ ပြောင်းလဲသွာနိုင်ပါတယ်။

တကယ်စိုက်တဲ့ နေရာတွေမှာ အပူချိန်ကို တိကျစွာပေးနိုင်ပါတယ်။ တစ်နိုင်တစ်ပိုင် စိုက်မယ့်

သူတွေအတွက်ကတော့။ အပူချိန်ကို အနီးကပ်ဆုံးသာ ပေးစွမ်းနိုင်မှာပါ။ ကျွန်တော်

အကောင်းဆုံး အကြံပေးချင်တာက လေဝင်လေထွက်ကောင်းပြီး ပူနွေးစိုစွတ်အောင်သာ

ပတ်ဝန်းကျင်ကို ထားပေးပါ။ အပင်ပိုမို ဖြစ်ထွန်းပါလိမ့်မယ်။

 

ပိုးမွှားအန္တရာယ်ကာကွယ်ခြင်း

 

melathion ( မာလာသီယွန် ) သည် အသုံးအများဆုံးဖြစ်ပြီး သစ်ခွ အား မထိခိုက်နိုင်သော

မည်သည့် ပိုးသတ်ဆေးမဆို အသုံးပြုနိုင်သည် ။ တစ်ပတ်တစ်ကြိမ် ညနေပိုင်းဖြန်းသင့်ပြီး

မည်သည့်ဆေးနှင့် မှမရောသင့်ပါ ။

 

မှို နှင့်ဘက်တီရီးယားရောဂါကာကွယ်ခြင်း

 

Captan ၊ dithan M 45 ၊ Physan 20 အစရှိသည့်ဆေး များမှ တစ်မျိုးမျိုးကို သုံးသင့်သည် ။

၂ မျိုးခန့် အားအလှည့် ကျ သုံးလျှင်ပိုကောင်းပါသည်

။တစ်ပင်လုံးဖြန်းရမည်။တစ်ပတ်တစ်ကြိမ် မနက်သို ့ မဟုတ်ညနေ ဖြန်းနိုင်ပြီး မနက်ပိုင်းတွင်

ရွက်ဖြန်းမြေဩဇာနှင့် တွဲ၍ ဖြန်းနိုင်သည် ။

 

လေဝင်လေထွက်

 

ကောင်းမွန်ရန်အရေးကြီးလှသည် ။ လေဝင်လေထွက် မကောင်းပါ က စိုထို်င်းဆ များလာပြီး

ပျိုးစာများအလွယ်တကူ ဆွေးမြေ့ကာ အမြစ်ပုပ်ရာမှတဆင့် မှို နှင့် ဘက်တီယားရောဂါ

ဝင်ရောက် နိုင်ပါသည် ။

 

မျိုးပွားခြင်း

 

ဓာတ်ခွဲခန်းတွင် အစေ့ဖောက်မျိုးပွားခြင်း ၊ တစ်သျူ းမှ မျိုးပွားခြင်း ကို လုပ်ဆောင်နိုင်ပြီး

အပင်ခွဲမျိုးပွားခြင်း အတွက် အောက် တွင်ဖော်ပြထားသောပုံ အတိုင်း

ခွဲကာ ဖြတ်သောနေရာအား ထုံးသို ့မဟုတ် မှိုဆေးပျစ်ပျစ် သုတ်လိမ်းပေးပြီး ပုံထဲ

တွင်ဖော်ပြထားသော နည်းအတိုင်း စိုက်ပျိုးနိုင်သည် ။

burana jade keiki 8-6-12
ဒီလိုအတက်အသစ်ကို ဖြတ်ပြီး စိုက်ပျိုးနိုင်သလို
dendrobium_2
အပင်အဟောင်းရဲ့ အရင်းဘက်ကနေဖြတ်ပြီးလည်း
IMG00129
ဒီလို စိုက်ပျိုးနိုင်ပါတယ်။

 

 

စာကြွင်း။ မိမိစိုက်ပျိုးမှုတွင် မျက်စိ အား ပိတ်မိခြင်း၊ မြုပ်အောင်စိုက်မိခြင်းတို

့ ကြောင့်လည်းဖြစ်နိုင်သည် ။ ထိုကြောင့် မျက်စိမပိတ်မိ စေရန် အထူးသတိပြုသင့် သည်

။သစ်ပင်သစ်တုံးတွင် ကပ်စိုက်ပါ ကလည်းထို အချက်အား သတိထားသင့်သည် ။

 

အကိုးအကား-www. Tohgarden.com
– www. thaiorchidnursery.com

– ဦးမင်းဝင်းထိန် (ဘုရင်မသစ်ခွ )
ဒမ်ဒရိုဘီယမ်သစ်ခွ စာအုပ်
– မိမိကိုယ်ပိုင်အတွေ့အကြုံများ

-သန့်စင်အေး admin / founder ( Myanmar Orchid Lovers )

 

လေးစားစွာဖြင့်

အောင်မိုးသူ

8 comments

  • ဇီဇီခင်ဇော်

    August 27, 2015 at 1:07 pm

    သစ်ခွ ချစ်သူတွေ အတွက် အဖိုးတန်ပို့(စ)

  • Alinsett @ Maung Thura

    August 27, 2015 at 2:50 pm

    စိုက်ကြည့်ပါအုန်းမယ်…
    စခွင်ကို မျက်တောင်မခတ်…
    :k:

  • Ma Ma

    August 27, 2015 at 9:06 pm

    အပင်ဟောင်းကို ပင်စည်ရဲ့တစ်ဝက်က ဖြတ်ပြီး စိုက်လို့ရောရလား။

      • Ma Ma

        August 28, 2015 at 1:45 pm

        မျက်စေ့ဆိုတာ အရွက်ထွက်တဲ့အဆစ်နေရာကို ပြောတာ မဟုတ်ဘူးလား။
        ပင်စည်အောက်ခြေနားက ဘုကလေးလို ထွက်နေတာကို ပြောတာလား။

        ပန်းပုံတွေကြည့်ပြီး ပြက္ခဒိန်ကို ပန်းပုံတွေနဲ့ လုပ်ရင်လည်း လှမယ်လို့ တွေးမိတယ်။ 🙂

        • အောင် မိုးသူ

          August 28, 2015 at 2:04 pm

          မမ ပြောတာမှန်ပါတယ် အဲ့သည် အဖုကလေးကိုပြောတာပါ။ ပန်းပုံ ပြက္ခဒိန်က ရိုးနေပြီမို့ပါ။

Leave a Reply