ရွာအပြန် မှာ ရွာသူ/သား တွေနဲ့ မိတ်ဆက်ပေးဖို့”မယ်မုတ်ဆိတ်” လေး ကို လက်ဆွဲခေါ်တော့လာတာဘဲ။ သို့ပေသည့် ရွာမဝင်ဖြစ်တာကြာပြီ မို့ ခဏလေး ဝင်ချောင်းလိုက်ရင်း အလွမ်းသယ်နေ လိုက်တာ နဲ့ မိတ်ဆက်ပေးဖို့ အချိန်ကို မရလိုက်ခဲ့ဘူး။ ပျောက်သွားလို့ အခုမှ မနဲ ဒရွတ်ဆွဲပြန်ခေါ်လာရတာ။   “မယ်မုတ်ဆိတ်” ကို မိတ်ဆက်ပေးရရင်ဖြင့် သူ့နာမည်ရင်းက “Tom” (Thomas)။ ပြိုင်ပွဲမှာ “Conchita” လို့ မိန်းကလေးနာမည်ယူထားပါတယ်။ သူ က ဒီနှစ် ဥရောပသီချင်းပြိုင်ပွဲ (Eurovision) မှာ “Rise Like a Phoenix” ဆိုတဲ့သီချင်း နဲ့ သရဖူဆောင်း ပထမဆုရသူပါ။   Eurovision အတွက် မတ်လ၊ ဧပြီလတွေကစလို့ စပြီး ပြင်ဆင်ကြပါတယ်။ […]