စာပေဟောပြောပွဲတစ်ခုမှာ စာရေးဆရာတစ်ဦး(အမည်မမှတ်မိပါ)ပြောသွားတာလေး သတိရလို့ ပြောချင်တာတွေ အမှန်အတိုင်းပြောပါတော့မယ် (မရိုက်ကြပါနဲ့နော် 😀 ) ဂျပန်ကလေးတစ်ယောက်က အင်္ဂလိပ်တစ်ယောက်ကို ပါးရိုက်လိုက်လို့ တရားရုံးမှာဖြေရှင်းရပါသတဲ့ တရားရုံးမှာ အကြောင်းအရင်းမေးတော့ ကလေးကဘာပြန်ပြောလဲ….“ကျွန်တော့ကိုကြည့်ပြီး ဟောဒီအင်္ဂလိပ်ကြီးက မင်းရုပ်က ငါတို့အင်္ဂလိပ်လူမျိုးနဲ့ တူတယ်ကွ လို့ပြောပါတယ်၊ ဒါနဲ့ ကျွန်တော်လည်း ဒါကျွန်တော့်မိဘတွေကို စော်ကားတာပဲဆိုပြီး ပါးရိုက်ခဲ့တာပါတဲ့”။ အဲလို နားထောင်လိုက်ရပါတယ်…။ စာရေးဆရာကလည်းထပ်ပြောပါတယ်..။ ကျွန်တော်တို့မှာရော…အဲလိုမဟုတ်ဘူးတဲ့။ အဲဒီမှာ ကျွန်မထပ်တွေးမိပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံကလူတွေဟာ(လူတိုင်းနီးပါးဖြစ်ကုန်ကြပြီ) တော်တော်ကို မျိုးချစ်စိတ်နည်းပါးကြတာပဲ ဟိုနိုင်ငံကြည့်ဟိုနိုင်ငံကိုအားကျ အတုခိုး၊ ဒီနိုင်ငံကိုကြည့်ဒီနိုင်ငံကိုသဘောကျ။ ကောင်းတာတွေအတုခိုးပါလား၊ စည်းကမ်းရှိတာတွေ အားကျပါလား ခုတော့ ဘယ့်နှယ်…လောလောဆယ် ခေတ်အထဆုံးဖြစ်နေတဲ့ ကိုရီးယားအားကျတယ်။ ဇာတ်ကားတွေကြည့်ပြီးတော့။ မင်းသားလေးကချောလိုက်တာဟဲ့။ မင်းသမီးလေးဆံပင်ပုံကလှလိုက်တာ၊ ဒီတိုင်းငါလည်း လိုက်ညှပ်ဦးမယ်။ ဇာတ်ကားတစ်ကားပြီးသွားရင် မင်းသားမင်းသမီး ဖက်ရှင်တွေကျန်နေခဲ့တယ်။ ဆိုင်တွေမှာလည်း အဲဒီဖက်ရှင်ပစ္စည်းတွေ ရောက်ကုန်တယ်၊ […]