အောက်ဆီဂျင်ပိုက်ကို ဆွဲဖြုတ်ပြီး ကျွန်တော့်ပုခုံးနီးပါးလောက်ရှိတဲ့အောက်ဆီဂျင်အိုးကို ကျွန်တော်ဆွဲကိုင်ပြီးလွှင့်ပစ်မိတယ် ပြီးတော့ကျွန်တော်မှတ်မိသလောက်က ကျွန်တော့်အခန်းထဲပြေးဝင်ပြီး အခန်းတံခါးကိုထိုးနေမိတဲ့နေ့ အဲဒီနေ့က………………………။ ကျွန်တော်မမျှော်လင့်ခဲ့တဲ့ နောက်ပြီးကျွန်တော် မနိုင်ဘူးထင်ခဲ့တဲ့ မိသားစုတာဝန်တွေ တစ်နည်းအားဖြင့်ပြောရရင် အမေရယ် ညီမရယ် နောက်ပြီး ကျွန်တော့်မိန်းမနဲ့ ၃နှစ်သမီးလေးရယ်ကို ကျွန်တော်ပုခုံးပြောင်းတာဝန်ယူလိုက်ရတဲ့နေ့တစ်နေ့ သင်္ကြန်အတက်နေ့ မနက်အစောဆုံးမှာလေ…။ တစ်ခါတစ်လေကျတော့ တာဝန်နဲ့ ဝတ္တရား ဆိုတာတွေက မလိုချင်ပဲနဲ့ သူ့အလိုလိုပေါ်လာတတ်တယ်။ နောက်ပြီးအဲဒီနေ့က သူများတွေအတွက်တော့ အဖေဆုံးတယ်ဆိုတာရွှေတောင်ကြီးပြိုလဲသွားတယ် ဘာညာပေါ့ ကျွန်တော့ အတွက်တော့ အဲဒီနေ့က ရွှေတောင်ကြီး ပင်လယ်သမုဒ္ဓရာအောက်ထဲနစ်မြုပ်သွားခဲ့တာပါ။ ရွှေတောင်ကြီးပြိုလဲတယ်လို့ဆိုတာပိုက်ဆံရှိသားသမီးတွေအတွက်တော့ ရွှေတောင်ကြီးပြိုလဲခဲ့ရင် ရွှေတုံးတွေကျန်ခဲ့မှာပါ ကျွန်တော့်အတွက်တော့ တစ်စမကျန်နစ်မြုပ်သွားခဲ့ရတာပါ..အဖေရယ်….။………… သား…..အဖေ့ကိုအောက်ဆီဂျင်ပိုက်လာတပ်ပေးပါအုံး…….တဲ့ အဖေက ..ကျွန်တော့်ကိုနောက်ဆုံးအကြိမ်သားဆိုပြီးခေါ်သွားခဲ့တာလေ……….။။။ ၂နှစ်လောက်ရှိခဲ့ပြီအဖေ …..အိမ်မှာ ယောက်ျားသားဆိုလို့ကျွန်တော်တစ်ယောက်ပဲရှိခဲ့တာလေ။ နောက်ပြီးတော့ ဘယ်လောက်မူးမူး အိမ်မှာအားကိုးစရာကျွန်တော်ပဲရှိတယ်ဆိုပဲအသိနဲ့ …ကိုယ့်ကိုယ်ကိုထိန်းခဲ့ရတာတွေ….။ နောက်ပြီး မလိုချင်ပဲရခဲ့တဲ့ အိမ်ထောင်တစ်ခုကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်ရမယ့် အိမ်ထောင့်တာဝန်တွေရယ်လေ […]