ကျွန်တော့နာမည် ကျော်ကျော်။ အသက်က ၂၀။ အဖ ဦးရွှေ။ အမိ ဒေါ်ချစ်။ ပညာအရည်အချင်းက ၁ဝ တန်း ၂ခါကျ။ အနူတောက လူချောလို့ပဲ ပြောပြော… ရွာမှာတော့ ၁ဝတန်းတက်ဖူးတဲ့ကျွန်တော့ကို ပညာတတ်လို့ပဲ သတ်မှတ်ကြတယ်။ ရွာမှာ အဖေနဲ့အမေက အင်းလုပ်ငန်းလုပ်တယ်။ လုပ်ငန်းကိုင်ငန်းကောင်းသလို ငွေရွှင်တယ်။ ကျွန်တော်က တစ်ဦးတည်းသောသား။ ဆိုတော့…. သဘောပေါက်။ :harr: သူဌေးသားဆိုတော့ သိကြတဲ့အတိုင်း… အဖေတို့ အမေတို့လို ပင်ပင်ပန်းပန်း မလုပ်နိုင်ဘူး။ အဲဒီတော့ မိဘလုပ်ငန်းကရတဲ့ ထွက်ကုန်တွေကို မြို့တက်ရောင်းတဲ့အလုပ်လုပ်တယ်။ မိဘတွေက သူတို့ရတဲ့ကုန်ကို ဈေးသက်သက်ညှာညှာနဲ့ ဖြတ်ပေးပြီး မြို့တက်ရောင်းခိုင်းတယ်။ ရတဲ့အမြတ်ကို ပေးတယ်။ အဲဒီတော့ ကိုယ်ပိုင်ဝင်ငွေနဲ့ မဆိုးတဲ့ ဘဝ ပေ့ါ။ :hee: ဘဝပေးကုသိုလ်ကြောင့်…. […]