““သမိုင်းစဉ်တလျှောက်လုံး၌ မြန်မာတိုင်းရင်းသားမှန်လျှင် (ကိုရှုူံးနိမ့်မှုများနှင့်လူေြ ပာသော တိုင်းရင်းသားမဟုတ်) ဘာသာအယူဝါဒ မည်မျှပင်ခြားနားစေကာမူ တိုင်းရင်းသားအချင်းချင်း ဟူသော မျိုးချစ်စိတ်ဓာတ်ဖြင့် ညီညွတ်သင့်မြတ်စွာ ဆက်ဆံပေါင်းသင်းနေထိုင် ကြသည့် သာဓကကို ဝေးဝေးရှာရန်မလိုပါ။ရန်ကုန်မြို ့ သိမ်ကြီးဈေးနှင့်လသာ မြို ့နယ် တစ်ဝိုက်ကိုကြည့်ပါ။ သိမ်တော်ကြီးနှင့် ဆူးလေစေတီတော်ပတ်ဝန်းကျင်တွင်အစ္စလာမ်ဗလီ ဝတ်ကျောင်းများ၊ဟိန္ဒူဘုရားရှိခိုးကျောင်းများ၊ခရစ်ယန် ဘုရားရှိခိုးကျောင်းများ၊တရုတ်ဘုံကျောင်းအမျိုးမျိုး တို ့လည်းရှိကြသည်။ထိုဒေသ ပတ်ဝန်းကျင်တွင် နေထိုင်ကြသူတို ့သည် မိမိတို ့ကိုးကွယ်ရာ ဘာသာအလိုက် ဆူးလေဘုရားကုန်းပေါ်တက်သူတက်၊ဗလီတက်သူတက်၊ဟိန္ဒူဘုရားကျောင်းသွားသူသွား၊ဘုံကျောင်းတက်သူတက် အသီးသီးသွားလာ နေထိုင် ကြရာ ကွဲပြားသော၊ခြားနားသော ဘာသာယဉ်ကျေးမှုများသဟဇာတဖြစ်နေကြပုံကိုပေါ်လွင်စေအောင် သရုပ်ဖော်ပေးနေပါသည်။ ဤကဲ့သို ့မြင်ကွင်းမျိုးကို အခြားသော တိုင်းတစ်ပါးတို ့တွင်မည်သူမျှမြင်တွေ ့ဖူးကြလိမ့်မည် မထင်ပါ။မြန်မာနိုင်ငံ၌ သာလျှင် ဘာသာရေးအားဖြင့် သဘောထားကြီးသော သရုပ်သကန်ကို တွေ ့နိုင်ပါသည်။ကျွန်ုပ်တို ့မြန်မာနိုင်ငံသည် ဘာသာအယူဝါဒ တို ့အပေါ်လေးစားသောသဘောထား ရှိမြဲဖြစ်လေသည်။””[မောင်ထင်(၁၉၈၀)၊လုပ်သားပြည်သူ ့နေ ့စဉ်။၂၂-၁-၈၀(စာ-၄)]ဟူ၍ဖော်ပြထားရာလေးစားဖွယ်ဖြစ်လေသည်။ ထို ့အပြင် ဆရာတက်တိုး(၁၉၁၃-၂၀၀၃)ကလည်း“အနေတတ်ဖို ့လိုသည်”ဟူသော ဆောင်းပါး၌ လူ၏တန်ဖိုးတွင် မြတ်သောစရဏ အကျင့်ရှိရန်လိုအပ်ပုံကိုဖော်ပြပြီး- ““တကယ်တော့ ကျွန်တော်တို ့မြန်မာနိုင်ငံသည် ပထဝီအနေအထား […]