mother-and-child-sketch1.jpg

TTNUNovember 4, 20111min32213
အမေနှင့် မိလ္လာလုပ်သားကြီး ဦးကျော်တင့် ဟိုတုန်းက ရေအိမ်သာ စံနစ် အတော် ဆိုးတယ်။ တွင်း အိမ်သာလည်းမဟုတ်ဘူး။ ပုံးသွန်အိမ်သာပေါ့။ ကျမတို့ မီးရထား အိမ်သာတွေကို မိလ္လာ လုပ်သားကြီးက တစ်ဘူတာ ပြီး တစ်ဘူတာ လိုက်သွန်ပေးရတာ။ သူ့နာမည် ဦးကျော်တင့် တဲ့။ မိလ္လာလုပ်သားပေမဲ့ သန့်ပြန့်အောင်နေတယ်။ အိမ်သာ ကိစ္စ ဝိစ္စ ပြီးရင် သူလက်ဆေးဖို့ စီစဉ်ပေးထားတဲ့နေရာမှာ ကျကျနန သန့်ရှင်းရေးလုပ်လေ့ရှိတယ်။ ရုံပိုင်ကြီးအိမ်၊ ရုံပိုင်လေးအိမ်၊ စသဖြင့် မီးရထားဝန်ထမ်းတွေ အိမ်တွေ မိလ္လာပုံးတွေ သွန်ပြီးရင် သူ နောက်ရထားတစ်စီးနဲ့ နောက်ဘူတာ ဆက်သွားရပြန်တယ်။ တစ်ရက်မှာတော့ သူ အလုပ်ပြီးလို့ လက်တွေခြေတွေဆေးမလို့ လုပ်မဲ့ အချိန်မှာ အမေလေ ရေဝင်ချိုးနေတာ။ တံခါး ချက်တော့ချတယ်။ မမိတမိ […]